တောလည် 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1တဖန် မောရှေ အား ထာဝရဘုရား က၊
1耶和华对 摩西 说:
2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့နေရာ ဖြစ်သော ငါ ပေး သော ပြည် သို့ ရောက် ၍ နေကြသောအခါ၊
2「你晓谕 以色列 人说:你们到了我所赐给你们居住的地,
3သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
3若愿意从牛群羊群中取牛羊作火祭,献给耶和华,无论是燔祭是 平安 祭,为要还特许的愿,或是作甘心祭,或是逢你们节期献的,都要奉给耶和华为馨香 之祭 。
4ထာဝရဘုရား အား ပူဇော်သက္ကာ ကိုပြု သောသူသည်၊ သိုးသငယ် ကိုပူဇော်လျှင်၊ မီးရှို့ရာယဇ် ဖြစ်စေ ၊ အခြားသောယဇ် ဖြစ်စေ၊
4那献供物的就要将细面 伊法 十分之一,并油一欣四分之一,调和作素祭,献给耶和华。
5ယဇ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာကို ဆီ သုံး လောဃရော သောမုန့်ညက် တဩမဲ ကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် သုံး လောဃကို၎င်း၊ ပြင်ဆင် ၍ဆောင် ခဲ့ရမည်။
5无论是燔祭是 平安 祭,你要为每只绵羊羔,一同预备奠祭的酒一欣四分之一。
6သိုး ကိုပူဇော်လျှင်၊ ထာဝရဘုရား အဘို့မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊
6为公绵羊预备细面 伊法 十分之二,并油一欣三分之一,调和作素祭,
7ဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ လေး လောဃရော သောမုန့်ညက် နှစ် ဩမဲကိုပြင်ဆင် ၍ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် လေး လောဃကိုပူဇော် ရမည်။
7又用酒一欣三分之一作奠祭,献给耶和华为馨香 之祭 。
8ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ သစ္စာ ဂတိရှိ၍ ပူဇော်သောယဇ် ၊ မိဿဟာယ ယဇ်ဘို့ နွား ကို ပြင်ဆင် လျှင်၊
8你预备公牛作燔祭,或是作平安祭,为要还特许的愿,或是作平安祭,献给耶和华,
9မီး ဖြင့်ပူဇော်၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊
9就要把细面 伊法 十分之三,并油半欣,调和作素祭,和公牛一同献上,
10နွား နှင့်တကွဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ ခြောက် လောဃရော သောမုန့်ညက် သုံး ဩမဲကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက် လောဃကို၎င်းဆောင် ခဲ့ရမည်။
10又用酒半欣作奠祭,献给耶和华为馨香的火祭。
11နွား တ ကောင်၊ သိုး တ ကောင်၊ သိုးသငယ် တကောင်၊ ဆိတ်သငယ် တကောင်ကို ယဇ်ပူဇော်သောအခါထိုသို့ ပြု ရမည်။
11「献公牛、公绵羊、绵羊羔、山羊羔,每只都要这样办理。
12ပြင်ဆင် သော သိုး နွားအရေအတွက် သို့ လိုက်၍၊ တကောင်တကောင် ကို ထိုသို့ ပြု ရမည်။
12照你们所预备的数目,按着只数都要这样办理。
13ပြည်သား အပေါင်း တို့သည် မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊ ထိုသို့ နှင့်အညီပြု ရကြမည်။
13凡本地人将馨香的火祭献给耶和华,都要这样办理。
14သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ ၊ အခြား တပါးသောသူဖြစ်စေ၊ မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါအလိုရှိ လျှင်၊ သင်တို့ပြု သည်နည်းတူ သူသည်လည်း ပြု ရမည်။
14若有外人和你们同居,或有人世世代代住在你们中间,愿意将馨香的火祭献给耶和华,你们怎样办理,他也要照样办理。
15ပရိသတ် အဝင်ဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောတပါးတည်းသော ထုံးစံ ရှိ၍၊ ထာဝရဘုရား ရှေ့ တော်၌ သင် တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ် ရမည်။
15至于会众,你们和同居的外人都归一例,作为你们世世代代永远的定例,在耶和华面前,你们怎样,寄居的也要怎样。
16သင် တို့ကိုယ်တိုင်မှစ၍ သင် တို့တွင် တည်းခို သော တပါး အမျိုးသားတို့သည် တပါးတည်း သော တရား ၊ တပါးတည်း သော ထုံးစံ ရှိ ရကြမည်ဟု မိန့်တော်မူ၏။
16你们并与你们同居的外人当有一样的条例,一样的典章。」
17တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
17耶和华对 摩西 说:
18ငါ ပို့ဆောင် သော ပြည် သို့ သင် တို့သည် ရောက် ၍ ၊
18「你晓谕 以色列 人说:你们到了我所领你们进去的那地,
19ထိုပြည် ၌ဖြစ်သော မုန့် ကို စား ကြသောအခါ ၊ ထာဝရဘုရား အား ချီမြှောက် ရာ ပူဇော်သက္ကာကို ဆက် ရမည်။
19吃那地的粮食,就要把举祭献给耶和华。
20အဦး နယ်သော မုန့်စိမ်း ဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက် ရာ ပူဇော်သက္ကာပြု၍၊ ကောက်နယ် တလင်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
20你们要用初熟的麦子磨面,做饼当举祭奉献;你们举上,好像举禾场的举祭一样。
21သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ အဦး နယ် သော မုန့်စိမ်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကိုထာဝရ ဘုရား အား ဆက် ရကြမည်။
21你们世世代代要用初熟的麦子磨面,当举祭献给耶和华。
22ထာဝရဘုရား သည် မောရှေ ကို မှာထား သော နေ့ မှစ၍ ၊ မောရှေ အားဖြင့် သင် တို့၌ ထား တော်မူသောပညတ်၊
22「你们有错误的时候,不守耶和华所晓谕 摩西 的这一切命令,
23သင် တို့အမျိုး အစဉ်အဆက်၌ ထားတော်မူလတံ့သောပညတ် အလုံးစုံ တို့ကို သင်တို့သည် မ စောင့် မှားယွင်း ခြင်းသို့ရောက်ကြသည်အမှုမှာ၊
23就是耶和华借 摩西 一切所吩咐你们的,自那日以至你们的世世代代,
24ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်း ခြင်းသို့ရောက် လျှင် ၊ ပရိသတ် အပေါင်း တို့သည် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊ ထုံးဖွဲ့ သော ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျို သော နွားထီး ဖြင့် မီးရှို့ ရာယဇ်ကို၎င်း ၊ ဆိတ် ဖြင့် အပြစ် ဖြေရာ ယဇ်ကို၎င်းပူဇော် ရကြမည်။
24若有误行,是会众所不知道的,后来全会众就要将一只公牛犊作燔祭,并照典章把素祭和奠祭一同献给耶和华为馨香 之祭 ,又献一只公山羊作赎罪祭。
25ယဇ်ပုရောဟိတ် သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အဘို့ အပြစ် ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူ တို့သည်လည်း သတိလစ် သော အပြစ်ကြောင့် ၊ အပြစ် ဖြေရာယဇ်နှင့်တကွ၊ မီး ဖြင့်ပြုသောပူဇော်သက္ကာ ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရကြမည်။
25祭司要为 以色列 全会众赎罪,他们就必蒙赦免,因为这是错误。他们又因自己的错误,把供物,就是向耶和华献的火祭和赎罪祭,一并奉到耶和华面前。
26ထိုသို့ပြုလျှင် ၊ လူ အပေါင်း တို့သည် ပြစ်မှားသော်လည်း၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း ကို၎င်း ၊ သူ တို့ထံမှာ တည်းခို သော တပါး အမျိုးသားကို၎င်းထိုအပြစ် မှ လွှတ်ရ လိမ့်မည်။
26以色列 全会众和寄居在他们中间的外人就必蒙赦免,因为这罪是百姓误犯的。
27လူတစုံတယောက် သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ် ဖြေရာ ယဇ်ဘို့ အခါမလည် သော ဆိတ်မ တကောင်ကိုဆောင် ခဲ့ရမည်။
27「若有一个人误犯了罪,他就要献一岁的母山羊作赎罪祭。
28ထာဝရဘုရား ရှေ့ တော်၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ် ကို လွှတ်ရလိမ့်မည်။
28那误行的人犯罪的时候,祭司要在耶和华面前为他赎罪,他就必蒙赦免。
29ဣသရေလ အမျိုးသား ဖြစ်သောသူ၊ တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှား သောအခါ၊ တပါးတည်း သော တရား ကို စောင့် ရကြမည်။
29以色列 中的本地人和寄居在他们中间的外人,若误行了什么事,必归一样的条例。
30ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
30但那擅敢行事的,无论是本地人是寄居的,他亵渎了耶和华,必从民中剪除。
31ထာဝရဘုရား ၏စကား တော်ကို မထီမဲ့မြင်ပြု ၍ ပညတ် တော်ကို လွန်ကျူး သောကြောင့် ၊ ထိုသူကို ရှင်းရှင်းပယ်ရှား ရမည်။ မိမိ အပြစ် ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
31因他藐视耶和华的言语,违背耶和华的命令,那人总要剪除;他的罪孽要归到他身上。」
32ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။
32以色列 人在旷野的时候,遇见一个人在安息日捡柴。
33တွေ့ သောသူတို့သည်၊ ထိုသူ ကို မောရှေ ၊ အာရုန် ၊ ပရိသတ် အပေါင်း တို့ ရှေ့သို့ ခေါ် ခဲ့ကြ၏။
33遇见他捡柴的人,就把他带到 摩西 、 亚伦 并全会众那里,
34သူ ၏အမှုကို စီရင် ရာလမ်းမ ထင်ရှား သေးသောကြောင့် ချုပ် ထားကြ၏။
34将他收在监内;因为当怎样办他,还没有指明。
35ထာဝရဘုရား ကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည် တပ် ပြင် မှာ သူ့ ကို ကျောက်ခဲ နှင့် ပစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၍ ၊
35耶和华吩咐 摩西 说:「总要把那人治死;全会众要在营外用石头把他打死。」
36ထိုအမိန့် တော်အတိုင်း ပရိသတ် အပေါင်း တို့ သည် ထိုသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ် ကြသဖြင့် သူသည် အသေ ခံရ၏။
36于是全会众将他带到营外,用石头打死他,是照耶和华所吩咐 摩西 的。
37တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
37耶和华晓谕 摩西 说:
38သူ တို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ် စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွား တို့ကို လုပ် ၍ ၊ ပြာ သော ကြိုး နှင့် ချည် တွဲရကြမည်။
38「你吩咐 以色列 人,叫他们世世代代在衣服边上做 子,又在底边的 子上钉一根蓝细带子。
39ထိုပန်းပွား တို့ကို သင်တို့သည် ကြည့် မြင်သောအခါ ၊ ထာဝရဘုရား ပညတ် တော်မူသမျှ တို့ကို အောက်မေ့ ၍ ကျင့် ကြမည်အကြောင်း၊ အထက်က ကိုယ် အလို သို့ လိုက်လျက်၊ ကိုယ် ဉာဏ် ကို မှီဝဲလျက် မှားယွင်း သကဲ့သို့မ လိုက် မမှီဝဲ၊
39你们佩带这 子,好叫你们看见就记念遵行耶和华一切的命令,不随从自己的心意、眼目行邪淫,像你们素常一样;
40ငါ ပညတ် သမျှ တို့ကို အောက်မေ့ ၍ ကျင့် သဖြင့် ၊ သင် တို့ဘုရားသခင် အဘို့ သန့်ရှင်း မည်အကြောင်းထိုသို့ ပြု ရမည်။
40使你们记念遵行我一切的命令,成为圣洁,归与你们的 神。
41ငါသည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သော သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
41「我是耶和华—你们的 神,曾把你们从 埃及 地领出来,要作你们的 神。我是耶和华—你们的 神。」
Tip: use the ← and → keys to turn chapters.