ရှင်လုကာ 24
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။
1Una autem sabbati valde diluculo venerunt ad monumentum, portantes quæ paraverant aromata:
2ရောက်သောအခါတွင်းဝ ၌ ပိတ်သောကျောက် သည် လိမ့် လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်း သို့ ဝင် သော် ၊
2et invenerunt lapidem revolutum a monumento.
3သခင် ယေရှု ၏အလောင်း တော်ကို မ တွေ့ ကြ။
3Et ingressæ non invenerunt corpus Domini Jesu.
4ထို အကြောင်း ကြောင့် သူ တို့သည် တွေးတော သောစိတ်ရှိ စဉ်တွင် ၊ လူ နှစ် ယောက်တို့သည် ပြိုးပြိုးပြက်ပြက် သော အဝတ်ကို ဝတ်ဆင် လျက် ပေါ်လာ၏။
4Et factum est, dum mente consternatæ essent de isto, ecce duo viri steterunt secus illas in veste fulgenti.
5ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ ၍ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။
5Cum timerent autem, et declinarent vultum in terram, dixerunt ad illas: Quid quæritis viventem cum mortuis?
6ဤ အရပ်၌မ ရှိ ၊ ထမြောက် တော်မူပြီ။
6non est hic, sed surrexit: recordamini qualiter locutus est vobis, cum adhuc in Galilæa esset,
7လူ သား သည် ဆိုး သောသူ တို့လက် သို့ အပ်နှံ ခြင်း၊ လက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကိုခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟု ဂါလိလဲ ပြည်၌ ရှိ တော်မူစဉ် သင် တို့အား မိန့် တော်မူသောစကားကို အောက်မေ့ ကြဦးဟု ဆို ကြသည်ရှိသော် ၊
7dicens: Quia oportet Filium hominis tradi in manus hominum peccatorum, et crucifigi, et die tertia resurgere.
8ထိုမိန်းမတို့သည် စကား တော်ကို သတိရ ၍ ၊
8Et recordatæ sunt verborum ejus.
9သင်္ချိုင်း တော်က ပြန် လျှင် ထို အကြောင်းအရာအလုံးစုံ တို့ကို တစ်ကျိပ် တစ်ပါးသောသူ မှစ၍ ကြွင်း သော တပည့်တော်ဓါးအပေါင်း တို့အား ပြန်ကြား ကြ၏။
9Et regressæ a monumento nuntiaverunt hæc omnia illis undecim, et ceteris omnibus.
10ထိုအကြောင်းအရာကို တမန်တော် တို့အား ပြော သောသူကား၊ မာဂဒလ မာရိ ၊ ယောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိ မှစ၍ အခြား သောမိန်းမများဖြစ် သတည်း။
10Erat autem Maria Magdalene, et Joanna, et Maria Jacobi, et ceteræ quæ cum eis erant, quæ dicebant ad apostolos hæc.
11သူ တို့၏စကား ကို ဒဏ္ဍာရီ စကားကဲ့သို့ ထင်မှတ် ၍ တမန်တော် တို့သည် မ ယုံကြ။
11Et visa sunt ante illos sicut deliramentum verba ista, et non crediderunt illis.
12သို့သော်လည်း ပေတရု သည်ထ ၍ သင်္ချိုင်း တော်သို့ ပြေး လေ၏။ ရောက်သောအခါ ငုံ့ ကြည့်၍ ပိတ် ပုဆိုးသာ ရှိရစ်သည်ကို မြင် လျှင်၊ ထို အကြောင်းအရာကို အံ့ဩ ၍ မိမိ အိမ်သို့ ပြန်သွား ၏။
12Petrus autem surgens cucurrit ad monumentum: et procumbens vidit linteamina sola posita, et abiit secum mirans quod factum fuerat.
13ထိုမှတစ်ပါး ၊ တပည့် တော်နှစ် ယောက်တို့သည် ယေရုရှလင် မြို့နှင့် ခရီး လေးတိုင် ကွာ သောဧမောက် အမည် ရှိသောရွာ သို့ ထို နေ့ ၌ သွားကြစဉ်တွင်၊
13Et ecce duo ex illis ibant ipsa die in castellum, quod erat in spatio stadiorum sexaginta ab Jerusalem, nomine Emmaus.
14ဖြစ်ခဲ့ ပြီးသော အကြောင်း အရာအလုံးစုံ တို့ကို အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
14Et ipsi loquebantur ad invicem de his omnibus quæ acciderant.
15ထိုသို့ ဆွေးနွေး ပြောဆို ကြစဉ် တွင်၊ ယေရှု သည် ချဉ်းကပ် ၍ သူ တို့နှင့်အတူကြွ တော်မူ၏။
15Et factum est, dum fabularentur, et secum quærerent: et ipse Jesus appropinquans ibat cum illis:
16ထိုသူ တို့သည် မျက်စိ ချုပ် လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မ သိ ကြ။
16oculi autem illorum tenebantur ne eum agnoscerent.
17ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွား လျက် အချင်းချင်း ဆွေးနွေး သောစကား ကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့်မျက်နှာ ညှိုးငယ်ကြသနည်း ဟု မေး တော်မူလျှင် ၊
17Et ait ad illos: Qui sunt hi sermones, quos confertis ad invicem ambulantes, et estis tristes?
18သူ တို့တွင် ကလောဖ အမည် ရှိသောသူက၊ သင် သည် ယေရုရှလင် မြို့၌ ဧည့်သည် ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာတို့ကို မ သိ သလောဟု ပြောဆို ၏။
18Et respondens unus, cui nomen Cleophas, dixit ei: Tu solus peregrinus es in Jerusalem, et non cognovisti quæ facta sunt in illa his diebus?
19ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။
19Quibus ille dixit: Quæ? Et dixerunt: De Jesu Nazareno, qui fuit vir propheta, potens in opere et sermone coram Deo et omni populo:
20ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ ၍ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။
20et quomodo eum tradiderunt summi sacerdotes et principes nostri in damnationem mortis, et crucifixerunt eum:
21ထိုသူ သည် ဣသရေလ အမျိုးကို ရွေးနှုတ် အံ့သောသူ ဖြစ် သည်ဟု ငါ တို့သည် အထက်ကမြော်လင့် ကြ ပြီ။ ထိုမျှမက ဤ အကြောင်း အရာ ဖြစ်၍ယခု သုံး ရက် ရှိ ပြီ။
21nos autem sperabamus quia ipse esset redempturus Israël: et nunc super hæc omnia, tertia dies est hodie quod hæc facta sunt.
22ငါ တို့၏ အပေါင်း အဘော် မိန်းမ အချို့ တို့ သည်လည်း သင်္ချိုင်း တော်သို့ စောစော သွား ၍ ၊
22Sed et mulieres quædam ex nostris terruerunt nos, quæ ante lucem fuerunt ad monumentum,
23အလောင်း တော်ကို မ တွေ့ လျှင် ၊ သခင် ယေရှုသည် အသက် ရှင်တော်မူ သည်ဟု ပြော သော ကောင်း ကင်တမန် ထင်ရှားရာ ရူပါရုံ ကို မိမိတို့ မြင် ကြောင်းကို ပြန်လာ ၍ ပြောဆို သဖြင့် ၊ ငါ တို့သည် မိန်းမော တွေဝေခြင်း ရှိကြ၏။
23et non invento corpore ejus, venerunt, dicentes se etiam visionem angelorum vidisse, qui dicunt eum vivere.
24ထိုအခါ ငါ တို့တွင် အချို့ သောသူ တို့သည် သင်္ချိုင်း တော်သို့ သွား ၍ မိန်းမ တို့ပြောဆို သည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော် ကို မ မြင် ရဟု ပြောဆိုကြ၏။
24Et abierunt quidam ex nostris ad monumentum: et ita invenerunt sicut mulieres dixerunt, ipsum vero non invenerunt.
25ကိုယ်တော် ကလည်း ၊ ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊
25Et ipse dixit ad eos: O stulti, et tardi corde ad credendum in omnibus quæ locuti sunt prophetæ !
26ခရစ်တော် သည် ဤသို့ပင်အသေခံ ၍ မိမိ ဘုန်း စည်းစိမ်တော် ကို ဝင်စား ရမည်မ ဟုတ်လော ဟု မိန့် တော်မူ၏။
26Nonne hæc oportuit pati Christum, et ita intrare in gloriam suam?
27ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။
27Et incipiens a Moyse, et omnibus prophetis, interpretabatur illis in omnibus scripturis quæ de ipso erant.
28ထို တပည့်တော် တို့သည် သွား သောရွာ အနီး သို့ ရောက်သောအခါ ၊ ကိုယ်တော် သည် ထိုရွာ ကိုလွန်၍ သွား အံ့သော အခြင်းအရာကို ပြ တော်မူလျှင် ၊
28Et appropinquaverunt castello quo ibant: et ipse se finxit longius ire.
29ထိုသူတို့က အကျွန်ုပ် တို့နှင့်အတူ ဝင်၍ နေ ပါ။ ညဦးယံ အချိန်ရှိ ပြီ။ မိုး လည်းချုပ် ပါသည်ဟူ၍ ကိုယ်တော် ကို ကျပ်ကျပ်သွေးဆောင် ကြ၏။ ထိုကြောင့် သူ တို့နှင့်အတူ နေ ခြင်းငှာဝင် တော်မူ၏။
29Et coëgerunt illum, dicentes: Mane nobiscum, quoniam advesperascit, et inclinata est jam dies. Et intravit cum illis.
30စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊
30Et factum est, dum recumberet cum eis, accepit panem, et benedixit, ac fregit, et porrigebat illis.
31သူ တို့သည် မျက်စိ ပွင့်လင်း ၍ ကိုယ်တော် ဖြစ်သည်ကို သိ ကြ၏။ ထိုအခါ ကိုယ်တော် သည် ကွယ် တော်မူ၏။
31Et aperti sunt oculi eorum, et cognoverunt eum: et ipse evanuit ex oculis eorum.
32တပည့်တော်တို့ကလည်း ၊ လမ်း ခရီး၌ ငါ တို့နှင့်ဟောပြော ၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူသောအခါ ၊ ငါ တို့ စိတ် နှလုံးသည် ယိုဖိတ် မ တတ်ဖြစ် သည်မဟုတ်လော ဟု အချင်းချင်း ပြောဆို ကြ၏။
32Et dixerunt ad invicem: Nonne cor nostrum ardens erat in nobis dum loqueretur in via, et aperiret nobis Scripturas?
33ထို တပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်း ထ ၍ ယေရုရှလင် မြို့သို့ ပြန် ပြီးမှ၊ တစ်ကျိပ် တစ်ပါးသော သူတို့သည် အပေါင်းအဘော် တို့နှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ ကြ၏။
33Et surgentes eadem hora regressi sunt in Jerusalem: et invenerunt congregatos undecim, et eos qui cum illis erant,
34စုဝေးသောသူတို့ကလည်း၊ သခင် ဘုရားသည် အမှန် ထမြောက် တော်မူပြီ။ ရှိမုန် အား ကိုယ်ကိုပြ တော်မူပြီဟုပြောဆို လျှင် ၊
34dicentes: Quod surrexit Dominus vere, et apparuit Simoni.
35ထိုတပည့် တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့် ကိုဖဲ့ စဉ် တွင်ထင်ရှား တော်မူကြောင်းကို၎င်း၊ ပြန်ကြား ကြ၏။
35Et ipsi narrabant quæ gesta erant in via, et quomodo cognoverunt eum in fractione panis.
36ထိုသို့ အချင်းချင်း ပြောဆို သောအခါ ၊ ယေရှု သည်သူ တို့အလယ် ၌ ရပ် တော်မူလျက်၊ သင် တို့အား ငြိမ်သက် ခြင်းဖြစ်စေသတည်း ဟု မိန့် တော်မူ၏။
36Dum autem hæc loquuntur, stetit Jesus in medio eorum, et dicit eis: Pax vobis: ego sum, nolite timere.
37တပည့်တော်တို့သည် တစ္ဆေ ကိုမြင် သည်ဟု စိတ်ထင် နှင့် ထိတ်လန့် ကြောက်ရွံ့ ခြင်းသို့ ရောက် ကြ၏။
37Conturbati vero et conterriti, existimabant se spiritum videre.
38ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူး အထွေထွ ေသော စိတ် ရှိ ကြသနည်း။
38Et dixit eis: Quid turbati estis, et cogitationes ascendunt in corda vestra?
39ငါ့ လက် ကို ကြည့် ကြလော့။ ငါ့ ခြေ ကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ် ပင်ဖြစ် ၏။ ငါ့ ကို ကြည့်ရှု စမ်းသပ် ကြလော့။ ငါ သည် သင်တို့မြင် သည်အတိုင်း အရိုး အသား နှင့် ပြည့်စုံ ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့မ ပြည့်စုံ ဟု မိန့် တော်မူလျက်၊
39videte manus meas, et pedes, quia ego ipse sum; palpate et videte, quia spiritus carnem et ossa non habet, sicut me videtis habere.
40လက် တော်ခြေ တော်တို့ကို တပည့် တော်တို့အား ပြ တော်မူ၏။
40Et cum hoc dixisset, ostendit eis manus et pedes.
41ထိုသူ တို့သည် အံ့ဩ ၍ ဝမ်းမြောက် သောအားဖြင့် မ ယုံနိုင်ဘဲ နေသေး သောအခါ ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊
41Adhuc autem illis non credentibus, et mirantibus præ gaudio, dixit: Habetis hic aliquid quod manducetur?
42ငါး ကင် တ ပိုင်းနှင့် ပျားလပို့ကို ကပ်ပေး ကြ၏။
42At illi obtulerunt ei partem piscis assi et favum mellis.
43ကိုယ်တော်သည် ယူ ၍ သူ တို့ရှေ့ မှာစား တော်မူ၏။
43Et cum manducasset coram eis, sumens reliquias dedit eis.
44တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
44Et dixit ad eos: Hæc sunt verba quæ locutus sum ad vos cum adhuc essem vobiscum, quoniam necesse est impleri omnia quæ scripta sunt in lege Moysi, et prophetis, et Psalmis de me.
45ထိုအခါ ကျမ်းစာ ကို နားလည် စေခြင်းငှာတပည့် တော်တို့၏ ဉာဏ် ကို ဖွင့် တော်မူလျှင်၊
45Tunc aperuit illis sensum ut intelligerent Scripturas,
46ဤသို့ ကျမ်းစာ လာ၏။ ဤသို့ ခရစ်တော် သည် အသေခံ ၍ သုံး ရက်မြောက်သောနေ့ ၌ သေ ခြင်းမှ ထမြောက် ရမည်။
46et dixit eis: Quoniam sic scriptum est, et sic oportebat Christum pati, et resurgere a mortuis tertia die:
47ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။
47et prædicari in nomine ejus pœnitentiam, et remissionem peccatorum in omnes gentes, incipientibus ab Jerosolyma.
48သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။
48Vos autem testes estis horum.
49ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ ၌ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။
49Et ego mitto promissum Patris mei in vos; vos autem sedete in civitate, quoadusque induamini virtute ex alto.
50ထိုနောက် တပည့် တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိ ရွာတိုင်အောင် ဆောင်သွား တော်မူပြီးမှ၊ လက် တော်ကို ချီ ၍ ကောင်းကြီး ပေးတော်မူ၏။
50Eduxit autem eos foras in Bethaniam, et elevatis manibus suis benedixit eis.
51ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ၍ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။
51Et factum est, dum benediceret illis, recessit ab eis, et ferebatur in cælum.
52တပည့် တော်တို့သည် ကိုယ်တော် ကို ပြပ်ဝပ် ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့် ယေရုရှလင် မြို့သို့ ပြန်သွား ကြ၏။
52Et ipsi adorantes regressi sunt in Jerusalem cum gaudio magno:
53ဘုရားသခင် ကို အံ့ဩချီးမွမ်း လျက် ဗိမာန် တော်သို့ ရောက်မြဲ ရောက်ကြ ၏။
53et erant semper in templo, laudantes et benedicentes Deum. Amen.
Tip: use the ← and → keys to turn chapters.