ရှင်လုကာ

Old Testament

Chapter 24
Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်လုကာ 24

1ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။

2ရောက်သောအခါတွင်းဝ ၌ ပိတ်သောကျောက် သည် လိမ့် လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်း သို့ ဝင် သော် ၊

3သခင် ယေရှု ၏အလောင်း တော်ကို မ တွေ့ ကြ။

4ထို အကြောင်း ကြောင့် သူ တို့သည် တွေးတော သောစိတ်ရှိ စဉ်တွင် ၊ လူ နှစ် ယောက်တို့သည် ပြိုးပြိုးပြက်ပြက် သော အဝတ်ကို ဝတ်ဆင် လျက် ပေါ်လာ၏။

5ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ ၍ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။

6ဤ အရပ်၌မ ရှိ ၊ ထမြောက် တော်မူပြီ။

7လူ သား သည် ဆိုး သောသူ တို့လက် သို့ အပ်နှံ ခြင်း၊ လက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကိုခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟု ဂါလိလဲ ပြည်၌ ရှိ တော်မူစဉ် သင် တို့အား မိန့် တော်မူသောစကားကို အောက်မေ့ ကြဦးဟု ဆို ကြသည်ရှိသော် ၊

8ထိုမိန်းမတို့သည် စကား တော်ကို သတိရ ၍ ၊

9သင်္ချိုင်း တော်က ပြန် လျှင် ထို အကြောင်းအရာအလုံးစုံ တို့ကို တစ်ကျိပ် တစ်ပါးသောသူ မှစ၍ ကြွင်း သော တပည့်တော်ဓါးအပေါင်း တို့အား ပြန်ကြား ကြ၏။

10ထိုအကြောင်းအရာကို တမန်တော် တို့အား ပြော သောသူကား၊ မာဂဒလ မာရိ ၊ ယောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိ မှစ၍ အခြား သောမိန်းမများဖြစ် သတည်း။

11သူ တို့၏စကား ကို ဒဏ္ဍာရီ စကားကဲ့သို့ ထင်မှတ် ၍ တမန်တော် တို့သည် မ ယုံကြ။

12သို့သော်လည်း ပေတရု သည်ထ ၍ သင်္ချိုင်း တော်သို့ ပြေး လေ၏။ ရောက်သောအခါ ငုံ့ ကြည့်၍ ပိတ် ပုဆိုးသာ ရှိရစ်သည်ကို မြင် လျှင်၊ ထို အကြောင်းအရာကို အံ့ဩ ၍ မိမိ အိမ်သို့ ပြန်သွား ၏။

13ထိုမှတစ်ပါး ၊ တပည့် တော်နှစ် ယောက်တို့သည် ယေရုရှလင် မြို့နှင့် ခရီး လေးတိုင် ကွာ သောဧမောက် အမည် ရှိသောရွာ သို့ ထို နေ့ ၌ သွားကြစဉ်တွင်၊

14ဖြစ်ခဲ့ ပြီးသော အကြောင်း အရာအလုံးစုံ တို့ကို အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။

15ထိုသို့ ဆွေးနွေး ပြောဆို ကြစဉ် တွင်၊ ယေရှု သည် ချဉ်းကပ် ၍ သူ တို့နှင့်အတူကြွ တော်မူ၏။

16ထိုသူ တို့သည် မျက်စိ ချုပ် လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မ သိ ကြ။

17ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွား လျက် အချင်းချင်း ဆွေးနွေး သောစကား ကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့်မျက်နှာ ညှိုးငယ်ကြသနည်း ဟု မေး တော်မူလျှင် ၊

18သူ တို့တွင် ကလောဖ အမည် ရှိသောသူက၊ သင် သည် ယေရုရှလင် မြို့၌ ဧည့်သည် ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာတို့ကို မ သိ သလောဟု ပြောဆို ၏။

19ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။

20ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ ၍ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။

21ထိုသူ သည် ဣသရေလ အမျိုးကို ရွေးနှုတ် အံ့သောသူ ဖြစ် သည်ဟု ငါ တို့သည် အထက်ကမြော်လင့် ကြ ပြီ။ ထိုမျှမက ဤ အကြောင်း အရာ ဖြစ်၍ယခု သုံး ရက် ရှိ ပြီ။

22ငါ တို့၏ အပေါင်း အဘော် မိန်းမ အချို့ တို့ သည်လည်း သင်္ချိုင်း တော်သို့ စောစော သွား ၍ ၊

23အလောင်း တော်ကို မ တွေ့ လျှင် ၊ သခင် ယေရှုသည် အသက် ရှင်တော်မူ သည်ဟု ပြော သော ကောင်း ကင်တမန် ထင်ရှားရာ ရူပါရုံ ကို မိမိတို့ မြင် ကြောင်းကို ပြန်လာ ၍ ပြောဆို သဖြင့် ၊ ငါ တို့သည် မိန်းမော တွေဝေခြင်း ရှိကြ၏။

24ထိုအခါ ငါ တို့တွင် အချို့ သောသူ တို့သည် သင်္ချိုင်း တော်သို့ သွား ၍ မိန်းမ တို့ပြောဆို သည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော် ကို မ မြင် ရဟု ပြောဆိုကြ၏။

25ကိုယ်တော် ကလည်း ၊ ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊

26ခရစ်တော် သည် ဤသို့ပင်အသေခံ ၍ မိမိ ဘုန်း စည်းစိမ်တော် ကို ဝင်စား ရမည်မ ဟုတ်လော ဟု မိန့် တော်မူ၏။

27ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။

28ထို တပည့်တော် တို့သည် သွား သောရွာ အနီး သို့ ရောက်သောအခါ ၊ ကိုယ်တော် သည် ထိုရွာ ကိုလွန်၍ သွား အံ့သော အခြင်းအရာကို ပြ တော်မူလျှင် ၊

29ထိုသူတို့က အကျွန်ုပ် တို့နှင့်အတူ ဝင်၍ နေ ပါ။ ညဦးယံ အချိန်ရှိ ပြီ။ မိုး လည်းချုပ် ပါသည်ဟူ၍ ကိုယ်တော် ကို ကျပ်ကျပ်သွေးဆောင် ကြ၏။ ထိုကြောင့် သူ တို့နှင့်အတူ နေ ခြင်းငှာဝင် တော်မူ၏။

30စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊

31သူ တို့သည် မျက်စိ ပွင့်လင်း ၍ ကိုယ်တော် ဖြစ်သည်ကို သိ ကြ၏။ ထိုအခါ ကိုယ်တော် သည် ကွယ် တော်မူ၏။

32တပည့်တော်တို့ကလည်း ၊ လမ်း ခရီး၌ ငါ တို့နှင့်ဟောပြော ၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူသောအခါ ၊ ငါ တို့ စိတ် နှလုံးသည် ယိုဖိတ် မ တတ်ဖြစ် သည်မဟုတ်လော ဟု အချင်းချင်း ပြောဆို ကြ၏။

33ထို တပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်း ထ ၍ ယေရုရှလင် မြို့သို့ ပြန် ပြီးမှ၊ တစ်ကျိပ် တစ်ပါးသော သူတို့သည် အပေါင်းအဘော် တို့နှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ ကြ၏။

34စုဝေးသောသူတို့ကလည်း၊ သခင် ဘုရားသည် အမှန် ထမြောက် တော်မူပြီ။ ရှိမုန် အား ကိုယ်ကိုပြ တော်မူပြီဟုပြောဆို လျှင် ၊

35ထိုတပည့် တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့် ကိုဖဲ့ စဉ် တွင်ထင်ရှား တော်မူကြောင်းကို၎င်း၊ ပြန်ကြား ကြ၏။

36ထိုသို့ အချင်းချင်း ပြောဆို သောအခါ ၊ ယေရှု သည်သူ တို့အလယ် ၌ ရပ် တော်မူလျက်၊ သင် တို့အား ငြိမ်သက် ခြင်းဖြစ်စေသတည်း ဟု မိန့် တော်မူ၏။

37တပည့်တော်တို့သည် တစ္ဆေ ကိုမြင် သည်ဟု စိတ်ထင် နှင့် ထိတ်လန့် ကြောက်ရွံ့ ခြင်းသို့ ရောက် ကြ၏။

38ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူး အထွေထွ ေသော စိတ် ရှိ ကြသနည်း။

39ငါ့ လက် ကို ကြည့် ကြလော့။ ငါ့ ခြေ ကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ် ပင်ဖြစ် ၏။ ငါ့ ကို ကြည့်ရှု စမ်းသပ် ကြလော့။ ငါ သည် သင်တို့မြင် သည်အတိုင်း အရိုး အသား နှင့် ပြည့်စုံ ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့မ ပြည့်စုံ ဟု မိန့် တော်မူလျက်၊

40လက် တော်ခြေ တော်တို့ကို တပည့် တော်တို့အား ပြ တော်မူ၏။

41ထိုသူ တို့သည် အံ့ဩ ၍ ဝမ်းမြောက် သောအားဖြင့် မ ယုံနိုင်ဘဲ နေသေး သောအခါ ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊

42ငါး ကင် တ ပိုင်းနှင့် ပျားလပို့ကို ကပ်ပေး ကြ၏။

43ကိုယ်တော်သည် ယူ ၍ သူ တို့ရှေ့ မှာစား တော်မူ၏။

44တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။

45ထိုအခါ ကျမ်းစာ ကို နားလည် စေခြင်းငှာတပည့် တော်တို့၏ ဉာဏ် ကို ဖွင့် တော်မူလျှင်၊

46ဤသို့ ကျမ်းစာ လာ၏။ ဤသို့ ခရစ်တော် သည် အသေခံ ၍ သုံး ရက်မြောက်သောနေ့ ၌ သေ ခြင်းမှ ထမြောက် ရမည်။

47ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။

48သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။

49ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ ၌ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။

50ထိုနောက် တပည့် တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိ ရွာတိုင်အောင် ဆောင်သွား တော်မူပြီးမှ၊ လက် တော်ကို ချီ ၍ ကောင်းကြီး ပေးတော်မူ၏။

51ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ၍ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။

52တပည့် တော်တို့သည် ကိုယ်တော် ကို ပြပ်ဝပ် ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့် ယေရုရှလင် မြို့သို့ ပြန်သွား ကြ၏။

53ဘုရားသခင် ကို အံ့ဩချီးမွမ်း လျက် ဗိမာန် တော်သို့ ရောက်မြဲ ရောက်ကြ ၏။

Tip: use the ← and → keys to turn chapters.