ရှင်လုကာ

Old Testament

Chapter 8
Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်လုကာ 8

1ထိုနောက်မှ ကိုယ်တော် သည် မြို့ ရွာ အစဉ် အတိုင်းဒေသစာရီ လှည့်လည်၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏။

2တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ ၊

3ဟေရုဒ် မင်း၏ စားတော်ကဲ ခုဇ ၏မယား ယောဟန္န နှင့် ရှုရှန္န မှစ၍မိမိဥစ္စာ ကိုလှူ၍ ကိုယ်တော် ကို လုပ်ကျွေး သော အခြား မိန်းမအများ ပါကြ၏။

4များစွာ သောလူ အပေါင်းတို့သည် မြို့ ရွာအရပ်ရပ် တို့မှ အထံ တော်သို့ လာ ၍ စုဝေး လျက်ရှိကြသောအခါ၊ ဥပမာ စကားအားဖြင့် မြွက်ဆို တော်မူသည်မှာ၊

5မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။

6အချို့ သောအစေ့တို့သည် ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်သောအခါ မြေဩဇာ မ ရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။

7အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ဆူးပင် တို့သည် အတူ ပေါက်၍ ညှဉ်းဆဲ ကြ၏။

8အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် အပင် ပေါက်၍အဆ တရာပွားများ၍ အသီး သီး ကြ ၏ ဟု မိန့် တော်မူပြီးမှ၊ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေဟု ကြွေးကြော် တော်မူ၏။

9တပည့် တော်တို့ကလည်း၊ ထို ဥပမာ ၏ အနက်အဓိပ္ပါယ် ကား အဘယ် နည်းဟု မေးလျှောက် ကြလျှင် ၊

10ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏ နက်နဲ သောအရာတို့ကို သိ ရသောအခွင့် ရှိကြ၏။ ကြွင်း သောသူ တို့မူကား ၊ မြင် လျက်ပင် အာရုံမ ပြုဘဲမြင် ၍ ၊ ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာ အားဖြင့် ဟောရ၏။

11ထို ဥပမာ အနက်အဓိပ္ပါယ် ကား မျိုးစေ့ သည် ဘုရားသခင် ၏တရားစကား ဖြစ် ၏။

12လမ်း ၌ ရှိသောသူ ကား ၊ တရားစကားကို ကြား သည်ရှိသော်၊ ယုံကြည် ခြင်း၊ ကယ်တင် ခြင်းသို့ မ ရောက် စေခြင်းငှာ ၊ မာရ်နတ် သည် လာ ၍ တရားစကား ကို နှလုံး ထဲမှ နှုတ်ယူ သောသူ ကိုဆိုလိုသတည်း။

13ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။

14ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီး မ သီးသောသူ ကိုဆိုလိုသတည်း။

15ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။

16ဆီမီး ထွန်း ပြီးလျှင် အိုး မှောက်၍ ဖုံးထား လေ့မ ရှိ။ ခုတင် အောက် ၌လည်း ထား လေ့မရှိ။ ဝင် သောသူ သည် အလင်း ကိုမြင် စေခြင်းငှာဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။

17ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။

18ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။

19ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည် လာ ၍ စည်းဝေး သောသူ များသောကြောင့် ၊ ကိုယ်တော် ရင်းသို့ မ ချဉ်းကပ် နိုင် ဘဲနေကြ၏။

20လူအချို့ကလည်း၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုတွေ့ လို ၍ ပြင် မှာရပ် နေကြပါ၏ဟု လျှောက် လျှင် ၊

21ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား ၍ နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

22တစ်နေ့သ၌ ယေရှု သည် တပည့် တော်တို့နှင့်အတူ လှေ ထဲသို့ ဝင် ၍၊ အိုင် တစ်ဘက် သို့ ကူး ကြကုန်အံ့ဟု မိန့် တော်မူပြီးလျှင် လွှင့်သွား ကြ၏။

23အိုင်ကိုကူး သောအခါ ယေရှုသည် ကျိန်းစက် တော်မူ၏။ အိုင် ၌ မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက် လု၏။

24တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ ၍ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာ လေ၏။

25ကိုယ်တော်ကလည်း၊ သင် တို့ယုံကြည် ခြင်းစိတ်သည် အဘယ်မှာ ရှိသနည်း ဟု မေး တော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့ အံ့ဩ ၍ ၊ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ရေ ကိုပင် မှာထား တော်မူ၍ ၊ သူတို့ သည် နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။

26ဂါလိလဲ ပြည်နှင့် အိုင်တစ်ဘက် ဖြစ် သော ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊

27ယေရှုသည် ကုန်း ပေါ်သို့ တက် တော်မူလျှင် ၊ ကာလ တာရှည် စွာ နတ်ဆိုး စွဲ သဖြင့် အဝတ် ကိုမ ဝတ် ၊ အိမ် ၌ မ နေ ၊ သင်္ချိုင်း တစပြင်၌ နေတတ်သော ဂါဒရပြည်သားတစ် ယောက်သည် ကိုယ်တော် ကို ခရီးဦးကြိုပြု လေ၏။

28ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။

29လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။

30ယေရှု ကလည်း ၊ သင် သည် အဘယ် အမည် ရှိ သနည်း ဟုမေး တော်မူလျှင်၊ ထိုလူကို နတ်ဆိုး အများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင် ဖြစ်ပါသည်ဟု လျှောက် ပြီးမှ ၊

31အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။

32ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။

33နတ်ဆိုး တို့သည် လူ မှ ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့်၊ ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း ၍ အသက် ဆုံးကြ၏။

34ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊

35လူများတို့သည် ထို အမှု အရာ ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ အထံ တော်သို့ ရောက် သောအခါ နတ်ဆိုး ထွက်သွား သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ်နှင့် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် နေသည်ကို မြင် လျှင်၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။

36နတ်ဆိုးစွဲ သောသူ သည်အဘယ်သို့ သောအားဖြင့်ကျန်းမာ ပကတိရှိသည်ကို သိမြင် သောသူ တို့သည်နောက်လာသောသူ တို့အား ပြန်ကြား ပြီးမှ ၊

37ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၍ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ၍ ပြန် တော်မူ၏။

38နတ်ဆိုး ထွက်သွား သောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊

39ယေရှုက၊ သင်သည်ကိုယ် အိမ် သို့ ပြန်သွား လော့။ ဘုရားသခင် သည် သင် ၌အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြော လော့ ဟူ၍လွှတ် လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို တစ်မြို့လုံး တွင် အနှံ့အပြား သိတင်းကြားပြော လေ၏။

40ယေရှု သည် ပြန် တော်မူလျှင် ၊ လူ အစုအဝေးအပေါင်း တို့သည် ကိုယ်တော် ကိုမြော်လင့် လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။

41ထိုအခါ ယာဣရု အမည် ရှိသောတရားစရပ် မှူး သည် လာ ၍ ယေရှု ၏ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊

42တစ်ဆယ်နှစ် နှစ် အရွယ်ရှိသော မိမိ ၌တစ်ယောက်တည်း သောသမီး သည် သေ ဆဲရှိသောကြောင့် ၊ မိမိ အိမ် သို့ ကြွ တော်မူမည်အကြောင်း ကိုယ်တော် ကိုတောင်းပန် ၍ ကြွ တော်မူစဉ် တွင်လူ အစုအဝေးတို့သည် ကိုယ်တော် ကို ထိခိုက်တိုက်မိ ကြ၏။

43ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာစွဲ သောကြောင့် ၊ ဥစ္စာ ရှိသမျှ ကို ဆေးသမား တို့အား ပေး ၍ ကုန်သော်လည်း၊ အဘယ် ဆေးသမားလက်၌ မျှ ချမ်းသာ မ ရနိုင် သော မိန်းမ တစ်ယောက်သည်၊

44နောက် တော်သို့ ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။

45ယေရှု ကလည်း ၊ ငါ့ ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူလျှင်၊ လူအပေါင်း တို့သည် ငြင်း လတ်သော်၊ ပေတရု မှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင် ၊ လူ အစုအဝေးတို့သည် ကိုယ်တော် အား ထိခိုက်တိုက်မိ ကြသည်ဖြစ်၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက် လေ၏။

46ယေရှု ကလည်း ၊ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုတို့ လေပြီ။ ငါ့ ကိုယ်မှ တန်ခိုး ထွက် သည်ကို ငါ သိ ၏ ဟု မိန့် တော်မူ၏။

47ထို မိန်းမ သည်မိမိပုန်းရှောင် ၍ မ နေနိုင်သည်ကိုသိ လျှင် တုန်လှုပ် လျက်လာ ၍ ၊ အဘယ် အကြောင်း ကြောင့် တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူ အပေါင်း တို့ရှေ့ မှာ ပြပ်ဝပ် လျက် ကြားလျှောက် လေ၏။

48ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့ ဟု မိန့် တော်မူ၏။

49ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ်မှ လူ လာ ၍ ၊ ကိုယ်တော် ၏ သမီး သေ ပါပြီ။ ဆရာ ကို မ နှောင့်ရှက် ပါနှင့်ဟုဆို ၏။

50ယေရှု သည်ကြား လျှင် ၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ် လိမ့်မည် ဟု တရားစရပ်မှူး အား မိန့် တော်မူ၏။

51အိမ် သို့ ရောက် လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ် နှင့် မိန်းမငယ် ၏မိ ဘ မှတစ်ပါး အဘယ်သူ ကိုမျှ အထဲ သို့မဝင် စေခြင်းငှာဆီးတား တော်မူ၏။

52လူအပေါင်း တို့သည် ငိုကြွေး မြည်တမ်း ကြသည်ကို ကိုယ်တော်က၊ မ ငို ကြနှင့်။ သူငယ်သေ သည် မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူလျှင် ၊

53သူငယ်သေ ကြောင်း ကို ထိုသူတို့သည်သိ သဖြင့် ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။

54ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှသူငယ် ၏လက် ကို ကိုင် တော်မူလျက် ၊ သူငယ် ထ လော့ ဟု ခေါ် တော်မူသည်တွင်၊

55စိတ် ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်း ထ လေ၏။

56သူ့ အားစားစရာ ပေး လော့ ဟု မိန့် တော်မူ၏။ မိဘ တို့သည် မိန်းမော တွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူ အားမျှမပြော ရမည်အကြောင်း ပညတ် တော်မူ၏။

Tip: use the ← and → keys to turn chapters.