ရှင်လုကာ

Old Testament

Chapter 9
Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်လုကာ 9

1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို စုဝေး စေတော်မူပြီးမှ ၊ နတ်ဆိုး အပေါင်း တို့ကို နိုင်သောတန်ခိုး နှင့် အနာ ရောဂါတို့ကို ငြိမ်း စေခြင်းငှာအခွင့် တန်ခိုးကို ပေး တော်မူ၏။

2ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်းကို ဟောပြော စေခြင်းငှာ၎င်း ၊ လူနာ တို့ကို ချမ်းသာ စေခြင်းငှာ၎င်းစေလွှတ် တော်မူ၍ ၊

3သင်တို့သည် လမ်း ခရီးဘို့ အဘယ် အရာကိုမျှမယူ ကြနှင့်။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေ ကိုမ ယူကြ နှင့်။ အင်္ကျီ နှစ် ထည်ကိုလည်း မ ပါ စေကြနှင့်။

4မည်သည့် အိမ် သို့ ဝင် လျှင် ထို အိမ်တွင် ထို အရပ်မှမထွက် မသွားမှီတိုင်အောင်နေ ကြလော့။ အကြင်သူ တို့သည် သင် တို့အားဧည့်သည် ဝတ်ကို မ ပြုဘဲနေ၏။

5ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။

6တပည့်တော်တို့သည် ထွက်သွား ၍ ဧဝံဂေလိ တရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ် တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာ တို့တွင် ဒေသစာရီ လှည့်လည် ကြ၏။7

7ယေရှုပြု တော်မူသမျှ တို့ကို စော်ဘွား ဟေရုဒ် သည်ကြား လျှင် တွေးတော သောစိတ်ရှိ၏။ အကြောင်းမူကား ၊ လူအချို့ က၊ ယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီဟု ဆို ကြ၏။

8အချို့ ကဧလိယ ပေါ်ထွန်း ပြီဟု ဆိုကြ၏။ အချို့ ကရှေး ပရောဖက် တပါးပါး ထ ပြန်ပြီဟုဆိုကြ၏။

9ဟေရုဒ် မင်းကလည်း ၊ ယောဟန် ၏လည်ပင်း ကို ငါ ဖြတ်လေပြီ။ ဤမျှလောက် သောသိတင်း ကို ငါကြား ရသော ဤ သူကား အဘယ်သူ နည်းဟုဆိုလျက်ယေရှု ကို မြင် ခြင်းငှာအလိုရှိ ၏။

10တမန်တော် တို့သည် အထံ တော်သို့ပြန်လာ ၍ မိမိတို့ပြု သမျှ တို့ကို ကြားလျှောက် ကြ၏။ ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ၊ ဗက်ဇဲဒ မြို့နယ် အတွင်း တော၌ဆိတ်ကွယ် ရာအရပ်သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့ သည် သိ လျှင် နောက်တော်သို့ လိုက် ကြ၏။

11ထိုလူ များကို လက်ခံ တော်မူလျက် ၊ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်း ကို ဟောပြော ၍၊ နာ သော သူ တို့ကို ချမ်းသာ ပေးတော်မူ၏။

12မိုဃ်း ချုပ် သောအခါ တကျိပ် နှစ်ပါးသောသူ တို့သည် ချဉ်းကပ် လျက်၊ လူ များတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ ၊ အိပ်ရာ ၊ စားစရာ ကို ရှာ စေခြင်းငှာ အခွင့် ပေးတော်မူပါ။ ဤ အရပ်သည် တော အရပ် ဖြစ် ပါ၏ ဟု လျှောက် ကြလျှင် ၊

13ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ် တို့သည်သွား ၍ ဤ လူ အပေါင်း တို့စားစရာ ဘို့ မ ဝယ် လျှင် ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ် တို့၌ မရှိ ပါဟုလျှောက် ကြ၏။

14ထိုသို့လျှောက်သည်အကြောင်း ကား၊ လူ ငါးထောင် ခန့် မျှရှိ သတည်း။ ထိုအခါ လူ များတို့ကို တစ်စုလျှင် ငါးဆယ် စီ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။

15တပည့် တော်တို့သည် အမိန့်တော်အတိုင်း ပြု ၍ ၊ လူအပေါင်း တို့ကို လျောင်း စေပြီးလျှင် ၊

16ယေရှုသည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ကောင်းကင် သို့ ကြည့်မျှော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူ များရှေ့၌ ထည့် စေခြင်းငှာတပည့် တော်တို့အားပေး တော်မူ၏။

17လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့်ရကြ၏။

18တရံရောအခါ ၊ ယေရှု သည် တပည့် တော်တို့နှင့်တကွ ဆိတ်ကွယ် ရာအရပ်၌ ဆုတောင်း တော်မူစဉ်၊ လူ များတို့သည် ငါ့ ကိုအဘယ်သူ ဖြစ် သည်ကို ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊

19လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ရှေး ပရောဖက် တပါးပါးထ ပြန်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊

20သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော်သည် ဘုရားသခင် ၏ ခရစ်တော် ဖြစ်တော်မူသည်ဟု လျှောက် လေ၏။

21ထို အကြောင်းကို အဘယ်သူ အားမျှ မပြော စိမ့်သောငှာတပည့် တော်တို့ကို ကြပ်တည်း စွာ ပညတ် တော်မူ၏။

22ထိုမှတပါး၊ လူ သား သည် များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်း များတို့ကို မိန့် တော်မူ၏။

23ထိုမှတစ်ပါး ၊ လူအပေါင်း တို့အား မိန့် တော်မူသည်ကား၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို နေ့တိုင်း ထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။

24အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူ သည် မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။

25ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ ကိုယ်ကိုကိုယ် ဆုံးရှုံး သောသူ သည် အဘယ် ကျေးဇူး ရှိသနည်း။

26အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏၊ လူ သား သည် မိမိ ဘုန်း၊ မိမိအဘ ခမည်းတော်၏ ဘုန်း၊ သန့်ရှင်း သောကောင်းကင် တမန်တို့၏ဘုန်း ကို ဆောင် လျက်ကြွလာ သောအခါ ၊ ထို သူကို ရှက် တော်မူလတံ့။

27ငါအမှန် ဆို သည်ကား၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို မ မြင် မှီ သေ ခြင်းသို့ မ ရောက် ရကြ ဟု မိန့်တော်မူ၏။

28ထိုသို့ မိန့် တော်မူသည်နောက် ၊ ရှစ် ရက် လောက် လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ၍ ဆုတောင်း ခြင်းငှာတောင် ပေါ်သို့ တက်ကြွ တော်မူ၏။

29ဆုတောင်း တော်မူစဉ် တွင်မျက်နှာ တော်သည် ထူးခြား သောအဆင်း အရောင်ရှိ၍ ၊ အဝတ် တော်လည်း ပြောင်ပြောင် လက်လက်ဖြူ ၏။

30မောရှေ နှင့် ဧလိယ တည်းဟူသောလူ နှစ် ယောက်တို့သည် ဘုန်း အသရေနှင့် ထင်ရှား ၍၊

31ကိုယ်တော် နှင့်အတူဆွေးနွေး လျက် ယေရုရှလင် မြို့၌ စုတေ့ တော်မူမည်အကြောင်းအရာကို ပြော ကြ၏။

32ပေတရု နှင့် သူ ၏အဘော် တို့သည် မျက်စိလေးလံ သဖြင့် တငိုက်ငိုက် ရှိ ကြ၏၊ နိုး သောအခါ ဘုန်း အသရေတော်ကို၎င်း ၊ ကိုယ်တော် နှင့် ရပ် နေသောလူ နှစ် ယောက်ကို၎င်း မြင် ကြ၏။

33ထိုသူ တို့သည် အထံ တော်မှ သွား ကြစဉ် ၊ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်။ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက် လေ၏။

34ထိုသို့ လျှောက် ပြီးမှ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ မောရှေ နှင့် ဧလိယသည်တိမ် ထဲသို့ ဝင် သည်ကို တပည့်တော်တို့သည် ကြောက် ခြင်းရှိကြသည်ဖြစ်၍ ၊

35ဤ သူကားငါ ၏ချစ်သား ပေတည်း ။ သူ ၏ စကားကိုနားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော် ဖြစ် လေ၏။

36ထို အသံ တော်ဖြစ် သည် ခဏခြင်းတွင်၊ ယေရှု သည် တစ်ယောက်တည်း ရှိ တော်မူ၏။ တပည့် တော်တို့သည်မိမိတို့မြင် သောအရာ ကိုဝှက်ထား ၍ ၊ ထို ကာလ ၌ အဘယ်သူ အားမျှမကြား မပြောဘဲနေကြ၏။

37နက်ဖြန် နေ့၌ တောင် ပေါ် ကဆင်း ကြပြီးလျှင်၊ များစွာ သောလူ အစုအဝေးသည် ကိုယ်တော် ကို ခရီးဦးကြိုပြု ၏။

38လူအစုအဝေး ၌ ပါသောသူ တစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် ၏သား ကို ကြည့်ရှု တော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန် ပါ၏။ အကျွန်ုပ် ၌ သား တစ်ယောက်တည်းရှိ ပါ၏။

39နတ် ဘမ်းစား သဖြင့် သူသည်ရုတ်ခနဲ အော်ဟစ် ၍ ၊ အမြှုတ် ထွက်လျက် တောင့်မာ ခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့နာကျင် စွာနှိပ်စက်ပြီးမှနတ်သည်အလွန် သွား ခဲ ၏။

40ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်တောင်းပန် သော်လည်း သူတို့သည်မ တတ်နိုင် ကြပါဟု အော်ဟစ် လျက် လျှောက် လေ၏။

41ယေရှု ကလည်း ၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည်သင် တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံ ရမည်နည်း။ သင် ၏သား ကို ငါ့ထံသို့ယူခဲ့ ဟု မိန့် တော်မူ၏။

42သူငယ်လာ စဉ် ပင်နတ်ဆိုး သည် မြေပေါ်မှာလှဲ ၍ တောင့်မာ စေ၏။ ယေရှု သည် ညစ်ညူး သောနတ် ကို ဆုံးမ ၍ ထို သူငယ် ကို ချမ်းသာ စေပြီးမှ အဘ အား အပ်ပေး တော်မူ၏။

43လူအပေါင်း တို့သည် ဘုရားသခင် ၏ မဟာ တန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။

44ထိုသို့ယေရှုပြု တော်မူသမျှ ကို လူအပေါင်း တို့သည် အံ့ဩ ချီးမွမ်းကြစဉ် တပည့် တော်တို့အား ၊ သင် တို့ သည် ငါ့စကား ကို နားထောင် မှတ်မိ ကြလော့။ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီဟု မိန့် တော်မူ၏။

45ထို စကား တော်၏အနက် မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်း မ မေး မလျှောက်ဝံ့ကြ။

46ထိုအခါ အဘယ်သူ သည် သာ၍ ကြီးမြတ်အံ့နည်း ဟု တပည့်တော်တို့သည်အချင်းချင်း ငြင်းခုံ ကြ၏။

47ယေရှု သည် သူ တို့အကြံအစည် ကို သိမြင် လျှင် ၊ သူငယ် တစ်ယောက်ကိုယူ ၍ မိမိ အနား ၌ထား ပြီးမှ ၊

48အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤ သူငယ် ကိုလက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင်လက်ခံ ၏။ သင် တို့တွင် အငယ်ဆုံး သောသူသည် သာ၍ကြီးမြတ် သော သူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။

49ယောဟန် ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သောသူ တစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူ သည် အကျွန်ုပ် တို့နှင့်အတူ မ လိုက် သောကြောင့် အကျွန်ုပ်တို့တားမြစ် ကြပါ၏ဟု လျှောက် သော်၊

50ယေရှု က၊ ထိုသူ ကို မ မြစ်တား ကြနှင့်။ သင် တို့ ရန်သူ ဘက်၌မ ရှိ သောသူ သည် သင် တို့ဘက် ၌ရှိ သည် ဟု မိန့် တော်မူ၏။

51ကောင်းကင် သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက် သောအခါ ၊ ယေရုရှလင် မြို့သို့ တူရူ ကြွ အံ့သောငှာသဘောထား တော်မူ၏။

52ရှေ့ တော်သို့ တမန်တော် တို့ကို စေလွှတ် တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏အဘို့ကို ပြင်ဆင် ခြင်းငှာ သွား ၍ ရှမာရိ ရွာ တရွာသို့ ဝင်ကြ ၏။

53ကိုယ်တော်သည် ယေရုရှလင် မြို့သို့ သွား အံ့သောအခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍လက် မ ခံကြ။

54ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊

55ယေရှုသည် လှည့်ကြည့် ၍ ၊ သင်တို့သည် ကိုယ်စိတ် သဘော ကို ကိုယ်မသိကြ၊ လူသား သည် လူတို့ ၏ အသက်ကို သတ်အံ့ သောငှာ ကြွလာသည် မဟုတ်။ ကယ်တင် အံ့သောငှာ ကြွလာ သည် ဟု ဆုံးမ တော်မူပြီးမှ ၊

56အခြား သောရွာ သို့ ကြွ တော်မူ၏။

57လမ်း ၌ သွား ကြစဉ် လူတစ်ဦး က၊ သခင် ကိုယ်တော်ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။

58ယေရှု ကလည်း ၊ မြေခွေး သည်မြေတွင်း ရှိ ၏၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် နားနေရာ အရပ်ရှိ၏။ လူ သား မူကား ခေါင်း ချ ရာမျှမ ရှိ ဟုမိန့် တော်မူ၏။

59အခြား သောသူကို၊ ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူလျှင် ၊ ထိုသူက၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသောအခွင့် ကို ပေးတော်မူပါဟုလျှောက် လေသော်၊

60ယေရှုက၊ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေ။ သင် မူကား သွား ၍ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်းကို ဟောပြော လော့ ဟု မိန့် တော်မူ၏။

61အခြား သောသူကလည်း ၊ သခင် ၊ ကိုယ်တော် နောက် သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ် အိမ် ၌ ရှိရစ်သောသူ တို့ကို အရင် သွား၍ အခွင့်ပန် ပါရစေဟု လျှောက် လျှင် ၊

62ယေရှု က၊ ထွန်ကိုင်း ကို ကိုင် လျက်နောက် သို့လှည့် ၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ထိုက် မတန် ဟု မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.