ရှင်လုကာ 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို စုဝေး စေတော်မူပြီးမှ ၊ နတ်ဆိုး အပေါင်း တို့ကို နိုင်သောတန်ခိုး နှင့် အနာ ရောဂါတို့ကို ငြိမ်း စေခြင်းငှာအခွင့် တန်ခိုးကို ပေး တော်မူ၏။
1συγκαλεσαμενοσ δε τουσ δωδεκα εδωκεν αυτοισ δυναμιν και εξουσιαν επι παντα τα δαιμονια και νοσουσ θεραπευειν
2ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်းကို ဟောပြော စေခြင်းငှာ၎င်း ၊ လူနာ တို့ကို ချမ်းသာ စေခြင်းငှာ၎င်းစေလွှတ် တော်မူ၍ ၊
2και απεστειλεν αυτουσ κηρυσσειν την βασιλειαν του θεου και ιασθαι τουσ ασθενουντασ
3သင်တို့သည် လမ်း ခရီးဘို့ အဘယ် အရာကိုမျှမယူ ကြနှင့်။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေ ကိုမ ယူကြ နှင့်။ အင်္ကျီ နှစ် ထည်ကိုလည်း မ ပါ စေကြနှင့်။
3και ειπεν προσ αυτουσ μηδεν αιρετε εισ την οδον μητε ραβδουσ μητε πηραν μητε αρτον μητε αργυριον μητε ανα δυο χιτωνασ εχειν
4မည်သည့် အိမ် သို့ ဝင် လျှင် ထို အိမ်တွင် ထို အရပ်မှမထွက် မသွားမှီတိုင်အောင်နေ ကြလော့။ အကြင်သူ တို့သည် သင် တို့အားဧည့်သည် ဝတ်ကို မ ပြုဘဲနေ၏။
4και εισ ην αν οικιαν εισελθητε εκει μενετε και εκειθεν εξερχεσθε
5ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။
5και οσοι εαν μη δεξωνται υμασ εξερχομενοι απο τησ πολεωσ εκεινησ και τον κονιορτον απο των ποδων υμων αποτιναξατε εισ μαρτυριον επ αυτουσ
6တပည့်တော်တို့သည် ထွက်သွား ၍ ဧဝံဂေလိ တရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ် တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာ တို့တွင် ဒေသစာရီ လှည့်လည် ကြ၏။7
6εξερχομενοι δε διηρχοντο κατα τασ κωμασ ευαγγελιζομενοι και θεραπευοντεσ πανταχου
7ယေရှုပြု တော်မူသမျှ တို့ကို စော်ဘွား ဟေရုဒ် သည်ကြား လျှင် တွေးတော သောစိတ်ရှိ၏။ အကြောင်းမူကား ၊ လူအချို့ က၊ ယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီဟု ဆို ကြ၏။
7ηκουσεν δε ηρωδησ ο τετραρχησ τα γινομενα υπ αυτου παντα και διηπορει δια το λεγεσθαι υπο τινων οτι ιωαννησ εγηγερται εκ νεκρων
8အချို့ ကဧလိယ ပေါ်ထွန်း ပြီဟု ဆိုကြ၏။ အချို့ ကရှေး ပရောဖက် တပါးပါး ထ ပြန်ပြီဟုဆိုကြ၏။
8υπο τινων δε οτι ηλιασ εφανη αλλων δε οτι προφητησ εισ των αρχαιων ανεστη
9ဟေရုဒ် မင်းကလည်း ၊ ယောဟန် ၏လည်ပင်း ကို ငါ ဖြတ်လေပြီ။ ဤမျှလောက် သောသိတင်း ကို ငါကြား ရသော ဤ သူကား အဘယ်သူ နည်းဟုဆိုလျက်ယေရှု ကို မြင် ခြင်းငှာအလိုရှိ ၏။
9και ειπεν ηρωδησ ιωαννην εγω απεκεφαλισα τισ δε εστιν ουτοσ περι ου εγω ακουω τοιαυτα και εζητει ιδειν αυτον
10တမန်တော် တို့သည် အထံ တော်သို့ပြန်လာ ၍ မိမိတို့ပြု သမျှ တို့ကို ကြားလျှောက် ကြ၏။ ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ၊ ဗက်ဇဲဒ မြို့နယ် အတွင်း တော၌ဆိတ်ကွယ် ရာအရပ်သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့ သည် သိ လျှင် နောက်တော်သို့ လိုက် ကြ၏။
10και υποστρεψαντεσ οι αποστολοι διηγησαντο αυτω οσα εποιησαν και παραλαβων αυτουσ υπεχωρησεν κατ ιδιαν εισ τοπον ερημον πολεωσ καλουμενησ βηθσαιδαν
11ထိုလူ များကို လက်ခံ တော်မူလျက် ၊ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်း ကို ဟောပြော ၍၊ နာ သော သူ တို့ကို ချမ်းသာ ပေးတော်မူ၏။
11οι δε οχλοι γνοντεσ ηκολουθησαν αυτω και δεξαμενοσ αυτουσ ελαλει αυτοισ περι τησ βασιλειασ του θεου και τουσ χρειαν εχοντασ θεραπειασ ιατο
12မိုဃ်း ချုပ် သောအခါ တကျိပ် နှစ်ပါးသောသူ တို့သည် ချဉ်းကပ် လျက်၊ လူ များတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ ၊ အိပ်ရာ ၊ စားစရာ ကို ရှာ စေခြင်းငှာ အခွင့် ပေးတော်မူပါ။ ဤ အရပ်သည် တော အရပ် ဖြစ် ပါ၏ ဟု လျှောက် ကြလျှင် ၊
12η δε ημερα ηρξατο κλινειν προσελθοντεσ δε οι δωδεκα ειπον αυτω απολυσον τον οχλον ινα απελθοντεσ εισ τασ κυκλω κωμασ και τουσ αγρουσ καταλυσωσιν και ευρωσιν επισιτισμον οτι ωδε εν ερημω τοπω εσμεν
13ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ် တို့သည်သွား ၍ ဤ လူ အပေါင်း တို့စားစရာ ဘို့ မ ဝယ် လျှင် ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ် တို့၌ မရှိ ပါဟုလျှောက် ကြ၏။
13ειπεν δε προσ αυτουσ δοτε αυτοισ υμεισ φαγειν οι δε ειπον ουκ εισιν ημιν πλειον η πεντε αρτοι και ιχθυεσ δυο ει μητι πορευθεντεσ ημεισ αγορασωμεν εισ παντα τον λαον τουτον βρωματα
14ထိုသို့လျှောက်သည်အကြောင်း ကား၊ လူ ငါးထောင် ခန့် မျှရှိ သတည်း။ ထိုအခါ လူ များတို့ကို တစ်စုလျှင် ငါးဆယ် စီ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။
14ησαν γαρ ωσει ανδρεσ πεντακισχιλιοι ειπεν δε προσ τουσ μαθητασ αυτου κατακλινατε αυτουσ κλισιασ ανα πεντηκοντα
15တပည့် တော်တို့သည် အမိန့်တော်အတိုင်း ပြု ၍ ၊ လူအပေါင်း တို့ကို လျောင်း စေပြီးလျှင် ၊
15και εποιησαν ουτωσ και ανεκλιναν απαντασ
16ယေရှုသည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ကောင်းကင် သို့ ကြည့်မျှော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူ များရှေ့၌ ထည့် စေခြင်းငှာတပည့် တော်တို့အားပေး တော်မူ၏။
16λαβων δε τουσ πεντε αρτουσ και τουσ δυο ιχθυασ αναβλεψασ εισ τον ουρανον ευλογησεν αυτουσ και κατεκλασεν και εδιδου τοισ μαθηταισ παρατιθεναι τω οχλω
17လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့်ရကြ၏။
17και εφαγον και εχορτασθησαν παντεσ και ηρθη το περισσευσαν αυτοισ κλασματων κοφινοι δωδεκα
18တရံရောအခါ ၊ ယေရှု သည် တပည့် တော်တို့နှင့်တကွ ဆိတ်ကွယ် ရာအရပ်၌ ဆုတောင်း တော်မူစဉ်၊ လူ များတို့သည် ငါ့ ကိုအဘယ်သူ ဖြစ် သည်ကို ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊
18και εγενετο εν τω ειναι αυτον προσευχομενον καταμονασ συνησαν αυτω οι μαθηται και επηρωτησεν αυτουσ λεγων τινα με λεγουσιν οι οχλοι ειναι
19လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ရှေး ပရောဖက် တပါးပါးထ ပြန်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
19οι δε αποκριθεντεσ ειπον ιωαννην τον βαπτιστην αλλοι δε ηλιαν αλλοι δε οτι προφητησ τισ των αρχαιων ανεστη
20သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော်သည် ဘုရားသခင် ၏ ခရစ်တော် ဖြစ်တော်မူသည်ဟု လျှောက် လေ၏။
20ειπεν δε αυτοισ υμεισ δε τινα με λεγετε ειναι αποκριθεισ δε ο πετροσ ειπεν τον χριστον του θεου
21ထို အကြောင်းကို အဘယ်သူ အားမျှ မပြော စိမ့်သောငှာတပည့် တော်တို့ကို ကြပ်တည်း စွာ ပညတ် တော်မူ၏။
21ο δε επιτιμησασ αυτοισ παρηγγειλεν μηδενι ειπειν τουτο
22ထိုမှတပါး၊ လူ သား သည် များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်း များတို့ကို မိန့် တော်မူ၏။
22ειπων οτι δει τον υιον του ανθρωπου πολλα παθειν και αποδοκιμασθηναι απο των πρεσβυτερων και αρχιερεων και γραμματεων και αποκτανθηναι και τη τριτη ημερα αναστηναι
23ထိုမှတစ်ပါး ၊ လူအပေါင်း တို့အား မိန့် တော်မူသည်ကား၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို နေ့တိုင်း ထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
23ελεγεν δε προσ παντασ ει τισ θελει οπισω μου ελθειν απαρνησασθω εαυτον και αρατω τον σταυρον αυτου και ακολουθειτω μοι
24အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူ သည် မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
24οσ γαρ εαν θελη την ψυχην αυτου σωσαι απολεσει αυτην οσ δ αν απολεση την ψυχην αυτου ενεκεν εμου ουτοσ σωσει αυτην
25ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ ကိုယ်ကိုကိုယ် ဆုံးရှုံး သောသူ သည် အဘယ် ကျေးဇူး ရှိသနည်း။
25τι γαρ ωφελειται ανθρωποσ κερδησασ τον κοσμον ολον εαυτον δε απολεσασ η ζημιωθεισ
26အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏၊ လူ သား သည် မိမိ ဘုန်း၊ မိမိအဘ ခမည်းတော်၏ ဘုန်း၊ သန့်ရှင်း သောကောင်းကင် တမန်တို့၏ဘုန်း ကို ဆောင် လျက်ကြွလာ သောအခါ ၊ ထို သူကို ရှက် တော်မူလတံ့။
26οσ γαρ αν επαισχυνθη με και τουσ εμουσ λογουσ τουτον ο υιοσ του ανθρωπου επαισχυνθησεται οταν ελθη εν τη δοξη αυτου και του πατροσ και των αγιων αγγελων
27ငါအမှန် ဆို သည်ကား၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို မ မြင် မှီ သေ ခြင်းသို့ မ ရောက် ရကြ ဟု မိန့်တော်မူ၏။
27λεγω δε υμιν αληθωσ εισιν τινεσ των ωδε εστωτων οι ου μη γευσωνται θανατου εωσ αν ιδωσιν την βασιλειαν του θεου
28ထိုသို့ မိန့် တော်မူသည်နောက် ၊ ရှစ် ရက် လောက် လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ၍ ဆုတောင်း ခြင်းငှာတောင် ပေါ်သို့ တက်ကြွ တော်မူ၏။
28εγενετο δε μετα τουσ λογουσ τουτουσ ωσει ημεραι οκτω και παραλαβων πετρον και ιωαννην και ιακωβον ανεβη εισ το οροσ προσευξασθαι
29ဆုတောင်း တော်မူစဉ် တွင်မျက်နှာ တော်သည် ထူးခြား သောအဆင်း အရောင်ရှိ၍ ၊ အဝတ် တော်လည်း ပြောင်ပြောင် လက်လက်ဖြူ ၏။
29και εγενετο εν τω προσευχεσθαι αυτον το ειδοσ του προσωπου αυτου ετερον και ο ιματισμοσ αυτου λευκοσ εξαστραπτων
30မောရှေ နှင့် ဧလိယ တည်းဟူသောလူ နှစ် ယောက်တို့သည် ဘုန်း အသရေနှင့် ထင်ရှား ၍၊
30και ιδου ανδρεσ δυο συνελαλουν αυτω οιτινεσ ησαν μωσησ και ηλιασ
31ကိုယ်တော် နှင့်အတူဆွေးနွေး လျက် ယေရုရှလင် မြို့၌ စုတေ့ တော်မူမည်အကြောင်းအရာကို ပြော ကြ၏။
31οι οφθεντεσ εν δοξη ελεγον την εξοδον αυτου ην εμελλεν πληρουν εν ιερουσαλημ
32ပေတရု နှင့် သူ ၏အဘော် တို့သည် မျက်စိလေးလံ သဖြင့် တငိုက်ငိုက် ရှိ ကြ၏၊ နိုး သောအခါ ဘုန်း အသရေတော်ကို၎င်း ၊ ကိုယ်တော် နှင့် ရပ် နေသောလူ နှစ် ယောက်ကို၎င်း မြင် ကြ၏။
32ο δε πετροσ και οι συν αυτω ησαν βεβαρημενοι υπνω διαγρηγορησαντεσ δε ειδον την δοξαν αυτου και τουσ δυο ανδρασ τουσ συνεστωτασ αυτω
33ထိုသူ တို့သည် အထံ တော်မှ သွား ကြစဉ် ၊ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်။ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက် လေ၏။
33και εγενετο εν τω διαχωριζεσθαι αυτουσ απ αυτου ειπεν πετροσ προσ τον ιησουν επιστατα καλον εστιν ημασ ωδε ειναι και ποιησωμεν σκηνασ τρεισ μιαν σοι και μιαν μωση και μιαν ηλια μη ειδωσ ο λεγει
34ထိုသို့ လျှောက် ပြီးမှ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ မောရှေ နှင့် ဧလိယသည်တိမ် ထဲသို့ ဝင် သည်ကို တပည့်တော်တို့သည် ကြောက် ခြင်းရှိကြသည်ဖြစ်၍ ၊
34ταυτα δε αυτου λεγοντοσ εγενετο νεφελη και επεσκιασεν αυτουσ εφοβηθησαν δε εν τω εκεινουσ εισελθειν εισ την νεφελην
35ဤ သူကားငါ ၏ချစ်သား ပေတည်း ။ သူ ၏ စကားကိုနားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော် ဖြစ် လေ၏။
35και φωνη εγενετο εκ τησ νεφελησ λεγουσα ουτοσ εστιν ο υιοσ μου ο αγαπητοσ αυτου ακουετε
36ထို အသံ တော်ဖြစ် သည် ခဏခြင်းတွင်၊ ယေရှု သည် တစ်ယောက်တည်း ရှိ တော်မူ၏။ တပည့် တော်တို့သည်မိမိတို့မြင် သောအရာ ကိုဝှက်ထား ၍ ၊ ထို ကာလ ၌ အဘယ်သူ အားမျှမကြား မပြောဘဲနေကြ၏။
36και εν τω γενεσθαι την φωνην ευρεθη ο ιησουσ μονοσ και αυτοι εσιγησαν και ουδενι απηγγειλαν εν εκειναισ ταισ ημεραισ ουδεν ων εωρακασιν
37နက်ဖြန် နေ့၌ တောင် ပေါ် ကဆင်း ကြပြီးလျှင်၊ များစွာ သောလူ အစုအဝေးသည် ကိုယ်တော် ကို ခရီးဦးကြိုပြု ၏။
37εγενετο δε εν τη εξησ ημερα κατελθοντων αυτων απο του ορουσ συνηντησεν αυτω οχλοσ πολυσ
38လူအစုအဝေး ၌ ပါသောသူ တစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် ၏သား ကို ကြည့်ရှု တော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန် ပါ၏။ အကျွန်ုပ် ၌ သား တစ်ယောက်တည်းရှိ ပါ၏။
38και ιδου ανηρ απο του οχλου ανεβοησεν λεγων διδασκαλε δεομαι σου επιβλεψαι επι τον υιον μου οτι μονογενησ εστιν μοι
39နတ် ဘမ်းစား သဖြင့် သူသည်ရုတ်ခနဲ အော်ဟစ် ၍ ၊ အမြှုတ် ထွက်လျက် တောင့်မာ ခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့နာကျင် စွာနှိပ်စက်ပြီးမှနတ်သည်အလွန် သွား ခဲ ၏။
39και ιδου πνευμα λαμβανει αυτον και εξαιφνησ κραζει και σπαρασσει αυτον μετα αφρου και μογισ αποχωρει απ αυτου συντριβον αυτον
40ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်တောင်းပန် သော်လည်း သူတို့သည်မ တတ်နိုင် ကြပါဟု အော်ဟစ် လျက် လျှောက် လေ၏။
40και εδεηθην των μαθητων σου ινα εκβαλωσιν αυτο και ουκ ηδυνηθησαν
41ယေရှု ကလည်း ၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည်သင် တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံ ရမည်နည်း။ သင် ၏သား ကို ငါ့ထံသို့ယူခဲ့ ဟု မိန့် တော်မူ၏။
41αποκριθεισ δε ο ιησουσ ειπεν ω γενεα απιστοσ και διεστραμμενη εωσ ποτε εσομαι προσ υμασ και ανεξομαι υμων προσαγαγε τον υιον σου ωδε
42သူငယ်လာ စဉ် ပင်နတ်ဆိုး သည် မြေပေါ်မှာလှဲ ၍ တောင့်မာ စေ၏။ ယေရှု သည် ညစ်ညူး သောနတ် ကို ဆုံးမ ၍ ထို သူငယ် ကို ချမ်းသာ စေပြီးမှ အဘ အား အပ်ပေး တော်မူ၏။
42ετι δε προσερχομενου αυτου ερρηξεν αυτον το δαιμονιον και συνεσπαραξεν επετιμησεν δε ο ιησουσ τω πνευματι τω ακαθαρτω και ιασατο τον παιδα και απεδωκεν αυτον τω πατρι αυτου
43လူအပေါင်း တို့သည် ဘုရားသခင် ၏ မဟာ တန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။
43εξεπλησσοντο δε παντεσ επι τη μεγαλειοτητι του θεου παντων δε θαυμαζοντων επι πασιν οισ εποιησεν ο ιησουσ ειπεν προσ τουσ μαθητασ αυτου
44ထိုသို့ယေရှုပြု တော်မူသမျှ ကို လူအပေါင်း တို့သည် အံ့ဩ ချီးမွမ်းကြစဉ် တပည့် တော်တို့အား ၊ သင် တို့ သည် ငါ့စကား ကို နားထောင် မှတ်မိ ကြလော့။ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီဟု မိန့် တော်မူ၏။
44θεσθε υμεισ εισ τα ωτα υμων τουσ λογουσ τουτουσ ο γαρ υιοσ του ανθρωπου μελλει παραδιδοσθαι εισ χειρασ ανθρωπων
45ထို စကား တော်၏အနက် မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်း မ မေး မလျှောက်ဝံ့ကြ။
45οι δε ηγνοουν το ρημα τουτο και ην παρακεκαλυμμενον απ αυτων ινα μη αισθωνται αυτο και εφοβουντο ερωτησαι αυτον περι του ρηματοσ τουτου
46ထိုအခါ အဘယ်သူ သည် သာ၍ ကြီးမြတ်အံ့နည်း ဟု တပည့်တော်တို့သည်အချင်းချင်း ငြင်းခုံ ကြ၏။
46εισηλθεν δε διαλογισμοσ εν αυτοισ το τισ αν ειη μειζων αυτων
47ယေရှု သည် သူ တို့အကြံအစည် ကို သိမြင် လျှင် ၊ သူငယ် တစ်ယောက်ကိုယူ ၍ မိမိ အနား ၌ထား ပြီးမှ ၊
47ο δε ιησουσ ιδων τον διαλογισμον τησ καρδιασ αυτων επιλαβομενοσ παιδιου εστησεν αυτο παρ εαυτω
48အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤ သူငယ် ကိုလက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင်လက်ခံ ၏။ သင် တို့တွင် အငယ်ဆုံး သောသူသည် သာ၍ကြီးမြတ် သော သူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
48και ειπεν αυτοισ οσ εαν δεξηται τουτο το παιδιον επι τω ονοματι μου εμε δεχεται και οσ εαν εμε δεξηται δεχεται τον αποστειλαντα με ο γαρ μικροτεροσ εν πασιν υμιν υπαρχων ουτοσ εσται μεγασ
49ယောဟန် ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သောသူ တစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူ သည် အကျွန်ုပ် တို့နှင့်အတူ မ လိုက် သောကြောင့် အကျွန်ုပ်တို့တားမြစ် ကြပါ၏ဟု လျှောက် သော်၊
49αποκριθεισ δε ο ιωαννησ ειπεν επιστατα ειδομεν τινα επι τω ονοματι σου εκβαλλοντα δαιμονια και εκωλυσαμεν αυτον οτι ουκ ακολουθει μεθ ημων
50ယေရှု က၊ ထိုသူ ကို မ မြစ်တား ကြနှင့်။ သင် တို့ ရန်သူ ဘက်၌မ ရှိ သောသူ သည် သင် တို့ဘက် ၌ရှိ သည် ဟု မိန့် တော်မူ၏။
50και ειπεν προσ αυτον ο ιησουσ μη κωλυετε οσ γαρ ουκ εστιν καθ ημων υπερ ημων εστιν
51ကောင်းကင် သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက် သောအခါ ၊ ယေရုရှလင် မြို့သို့ တူရူ ကြွ အံ့သောငှာသဘောထား တော်မူ၏။
51εγενετο δε εν τω συμπληρουσθαι τασ ημερασ τησ αναληψεωσ αυτου και αυτοσ το προσωπον αυτου εστηριξεν του πορευεσθαι εισ ιερουσαλημ
52ရှေ့ တော်သို့ တမန်တော် တို့ကို စေလွှတ် တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏အဘို့ကို ပြင်ဆင် ခြင်းငှာ သွား ၍ ရှမာရိ ရွာ တရွာသို့ ဝင်ကြ ၏။
52και απεστειλεν αγγελουσ προ προσωπου αυτου και πορευθεντεσ εισηλθον εισ κωμην σαμαρειτων ωστε ετοιμασαι αυτω
53ကိုယ်တော်သည် ယေရုရှလင် မြို့သို့ သွား အံ့သောအခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍လက် မ ခံကြ။
53και ουκ εδεξαντο αυτον οτι το προσωπον αυτου ην πορευομενον εισ ιερουσαλημ
54ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊
54ιδοντεσ δε οι μαθηται αυτου ιακωβοσ και ιωαννησ ειπον κυριε θελεισ ειπωμεν πυρ καταβηναι απο του ουρανου και αναλωσαι αυτουσ ωσ και ηλιασ εποιησεν
55ယေရှုသည် လှည့်ကြည့် ၍ ၊ သင်တို့သည် ကိုယ်စိတ် သဘော ကို ကိုယ်မသိကြ၊ လူသား သည် လူတို့ ၏ အသက်ကို သတ်အံ့ သောငှာ ကြွလာသည် မဟုတ်။ ကယ်တင် အံ့သောငှာ ကြွလာ သည် ဟု ဆုံးမ တော်မူပြီးမှ ၊
55στραφεισ δε επετιμησεν αυτοισ και ειπεν ουκ οιδατε οιου πνευματοσ εστε υμεισ
56အခြား သောရွာ သို့ ကြွ တော်မူ၏။
56ο γαρ υιοσ του ανθρωπου ουκ ηλθεν ψυχασ ανθρωπων απολεσαι αλλα σωσαι και επορευθησαν εισ ετεραν κωμην
57လမ်း ၌ သွား ကြစဉ် လူတစ်ဦး က၊ သခင် ကိုယ်တော်ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
57εγενετο δε πορευομενων αυτων εν τη οδω ειπεν τισ προσ αυτον ακολουθησω σοι οπου αν απερχη κυριε
58ယေရှု ကလည်း ၊ မြေခွေး သည်မြေတွင်း ရှိ ၏၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် နားနေရာ အရပ်ရှိ၏။ လူ သား မူကား ခေါင်း ချ ရာမျှမ ရှိ ဟုမိန့် တော်မူ၏။
58και ειπεν αυτω ο ιησουσ αι αλωπεκεσ φωλεουσ εχουσιν και τα πετεινα του ουρανου κατασκηνωσεισ ο δε υιοσ του ανθρωπου ουκ εχει που την κεφαλην κλινη
59အခြား သောသူကို၊ ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူလျှင် ၊ ထိုသူက၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသောအခွင့် ကို ပေးတော်မူပါဟုလျှောက် လေသော်၊
59ειπεν δε προσ ετερον ακολουθει μοι ο δε ειπεν κυριε επιτρεψον μοι απελθοντι πρωτον θαψαι τον πατερα μου
60ယေရှုက၊ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေ။ သင် မူကား သွား ၍ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်းကို ဟောပြော လော့ ဟု မိန့် တော်မူ၏။
60ειπεν δε αυτω ο ιησουσ αφεσ τουσ νεκρουσ θαψαι τουσ εαυτων νεκρουσ συ δε απελθων διαγγελλε την βασιλειαν του θεου
61အခြား သောသူကလည်း ၊ သခင် ၊ ကိုယ်တော် နောက် သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ် အိမ် ၌ ရှိရစ်သောသူ တို့ကို အရင် သွား၍ အခွင့်ပန် ပါရစေဟု လျှောက် လျှင် ၊
61ειπεν δε και ετεροσ ακολουθησω σοι κυριε πρωτον δε επιτρεψον μοι αποταξασθαι τοισ εισ τον οικον μου
62ယေရှု က၊ ထွန်ကိုင်း ကို ကိုင် လျက်နောက် သို့လှည့် ၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ထိုက် မတန် ဟု မိန့် တော်မူ၏။
62ειπεν δε ο ιησουσ προσ αυτον ουδεισ επιβαλων την χειρα αυτου επ αροτρον και βλεπων εισ τα οπισω ευθετοσ εστιν εισ την βασιλειαν του θεου
Tip: use the ← and → keys to turn chapters.