ရှင်လုကာ 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
1ειπεν δε προσ τουσ μαθητασ ανενδεκτον εστιν του μη ελθειν τα σκανδαλα ουαι δε δι ου ερχεται
2ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
2λυσιτελει αυτω ει μυλοσ ονικοσ περικειται περι τον τραχηλον αυτου και ερριπται εισ την θαλασσαν η ινα σκανδαλιση ενα των μικρων τουτων
3သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
3προσεχετε εαυτοισ εαν δε αμαρτη εισ σε ο αδελφοσ σου επιτιμησον αυτω και εαν μετανοηση αφεσ αυτω
4တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။
4και εαν επτακισ τησ ημερασ αμαρτη εισ σε και επτακισ τησ ημερασ επιστρεψη λεγων μετανοω αφησεισ αυτω
5တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊
5και ειπον οι αποστολοι τω κυριω προσθεσ ημιν πιστιν
6သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။
6ειπεν δε ο κυριοσ ει εχετε πιστιν ωσ κοκκον σιναπεωσ ελεγετε αν τη συκαμινω ταυτη εκριζωθητι και φυτευθητι εν τη θαλασση και υπηκουσεν αν υμιν
7အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။
7τισ δε εξ υμων δουλον εχων αροτριωντα η ποιμαινοντα οσ εισελθοντι εκ του αγρου ερει ευθεωσ παρελθων αναπεσε
8ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။
8αλλ ουχι ερει αυτω ετοιμασον τι δειπνησω και περιζωσαμενοσ διακονει μοι εωσ φαγω και πιω και μετα ταυτα φαγεσαι και πιεσαι συ
9ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။
9μη χαριν εχει τω δουλω εκεινω οτι εποιησεν τα διαταχθεντα ου δοκω
10ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။
10ουτωσ και υμεισ οταν ποιησητε παντα τα διαταχθεντα υμιν λεγετε οτι δουλοι αχρειοι εσμεν οτι ο οφειλομεν ποιησαι πεποιηκαμεν
11ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။
11και εγενετο εν τω πορευεσθαι αυτον εισ ιερουσαλημ και αυτοσ διηρχετο δια μεσου σαμαρειασ και γαλιλαιασ
12ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
12και εισερχομενου αυτου εισ τινα κωμην απηντησαν αυτω δεκα λεπροι ανδρεσ οι εστησαν πορρωθεν
13သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။
13και αυτοι ηραν φωνην λεγοντεσ ιησου επιστατα ελεησον ημασ
14ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။
14και ιδων ειπεν αυτοισ πορευθεντεσ επιδειξατε εαυτουσ τοισ ιερευσιν και εγενετο εν τω υπαγειν αυτουσ εκαθαρισθησαν
15ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
15εισ δε εξ αυτων ιδων οτι ιαθη υπεστρεψεν μετα φωνησ μεγαλησ δοξαζων τον θεον
16ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
16και επεσεν επι προσωπον παρα τουσ ποδασ αυτου ευχαριστων αυτω και αυτοσ ην σαμαρειτησ
17ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။
17αποκριθεισ δε ο ιησουσ ειπεν ουχι οι δεκα εκαθαρισθησαν οι δε εννεα που
18ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊
18ουχ ευρεθησαν υποστρεψαντεσ δουναι δοξαν τω θεω ει μη ο αλλογενησ ουτοσ
19သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
19και ειπεν αυτω αναστασ πορευου η πιστισ σου σεσωκεν σε
20ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
20επερωτηθεισ δε υπο των φαρισαιων ποτε ερχεται η βασιλεια του θεου απεκριθη αυτοισ και ειπεν ουκ ερχεται η βασιλεια του θεου μετα παρατηρησεωσ
21ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။
21ουδε ερουσιν ιδου ωδε η ιδου εκει ιδου γαρ η βασιλεια του θεου εντοσ υμων εστιν
22တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
22ειπεν δε προσ τουσ μαθητασ ελευσονται ημεραι οτε επιθυμησετε μιαν των ημερων του υιου του ανθρωπου ιδειν και ουκ οψεσθε
23ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
23και ερουσιν υμιν ιδου ωδε η ιδου εκει μη απελθητε μηδε διωξητε
24ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
24ωσπερ γαρ η αστραπη η αστραπτουσα εκ τησ υπ ουρανον εισ την υπ ουρανον λαμπει ουτωσ εσται ο υιοσ του ανθρωπου εν τη ημερα αυτου
25ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။
25πρωτον δε δει αυτον πολλα παθειν και αποδοκιμασθηναι απο τησ γενεασ ταυτησ
26နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။
26και καθωσ εγενετο εν ταισ ημεραισ νωε ουτωσ εσται και εν ταισ ημεραισ του υιου του ανθρωπου
27နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။
27ησθιον επινον εγαμουν εξεγαμιζοντο αχρι ησ ημερασ εισηλθεν νωε εισ την κιβωτον και ηλθεν ο κατακλυσμοσ και απωλεσεν απαντασ
28ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊
28ομοιωσ και ωσ εγενετο εν ταισ ημεραισ λωτ ησθιον επινον ηγοραζον επωλουν εφυτευον ωκοδομουν
29လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊
29η δε ημερα εξηλθεν λωτ απο σοδομων εβρεξεν πυρ και θειον απ ουρανου και απωλεσεν απαντασ
30လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
30κατα ταυτα εσται η ημερα ο υιοσ του ανθρωπου αποκαλυπτεται
31ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
31εν εκεινη τη ημερα οσ εσται επι του δωματοσ και τα σκευη αυτου εν τη οικια μη καταβατω αραι αυτα και ο εν τω αγρω ομοιωσ μη επιστρεψατω εισ τα οπισω
32လောတ ၏မယား ကို အောက်မေ့ ကြလော့။
32μνημονευετε τησ γυναικοσ λωτ
33အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
33οσ εαν ζητηση την ψυχην αυτου σωσαι απολεσει αυτην και οσ εαν απολεση αυτην ζωογονησει αυτην
34ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
34λεγω υμιν ταυτη τη νυκτι εσονται δυο επι κλινησ μιασ εισ παραληφθησεται και ο ετεροσ αφεθησεται
35ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
35δυο εσονται αληθουσαι επι το αυτο μια παραληφθησεται και η ετερα αφεθησεται
36လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊
no verse 36 in this text
37သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။
37και αποκριθεντεσ λεγουσιν αυτω που κυριε ο δε ειπεν αυτοισ οπου το σωμα εκει συναχθησονται οι αετοι
Tip: use the ← and → keys to turn chapters.