ရှင်လုကာ 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1လူ တို့သည် အား မ လျော့ဘဲကြိုးစား ၍ ဆုတောင်း ရ မည်အကြောင်း ကို ဥပမာ စကားအားဖြင့်မိန့် တော်မူသည်ကား၊
1ελεγεν δε και παραβολην αυτοισ προσ το δειν παντοτε προσευχεσθαι και μη εκκακειν
2မြို့ တစ် မြို့၌ ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သော တရားသူကြီး တစ် ယောက်ရှိ ၏။
2λεγων κριτησ τισ ην εν τινι πολει τον θεον μη φοβουμενοσ και ανθρωπον μη εντρεπομενοσ
3ထို မြို့ ၌ နေ သော မုတ်ဆိုးမ တစ်ယောက်သည် တရားသူကြီး ထံသို့ သွား ၍ ၊ ကျွန်မ ရန်ဘက် ကို လက်စားချေ လောက်အောင်အပြစ်အလျောက် ဒဏ် စီရင်ပါဟု တောင်းပန် သော်လည်း၊
3χηρα δε ην εν τη πολει εκεινη και ηρχετο προσ αυτον λεγουσα εκδικησον με απο του αντιδικου μου
4တရား မ စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သောသူ ဖြစ် သော်လည်း ၊
4και ουκ ηθελησεν επι χρονον μετα δε ταυτα ειπεν εν εαυτω ει και τον θεον ου φοβουμαι και ανθρωπον ουκ εντρεπομαι
5ဤ မုတ်ဆိုးမ သည် ငါ့ ကိုနှောင့်ရှက် သောကြောင့် သူ့ ဘက်၌ တရားစီရင် မည်။ သို့မဟုတ် အစဉ် လာ ၍ ငါ့ ကို ပင်ပန်း စေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
5δια γε το παρεχειν μοι κοπον την χηραν ταυτην εκδικησω αυτην ινα μη εισ τελοσ ερχομενη υποπιαζη με
6မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။
6ειπεν δε ο κυριοσ ακουσατε τι ο κριτησ τησ αδικιασ λεγει
7ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။
7ο δε θεοσ ου μη ποιηση την εκδικησιν των εκλεκτων αυτου των βοωντων προσ αυτον ημερασ και νυκτοσ και μακροθυμων επ αυτοισ
8ငါ ဆိုသည်ကား ၊ သူ တို့ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။ သို့သော်လည်း လူ သား သည် ကြွလာ သောအခါ ယုံကြည် ခြင်းကို မြေကြီး ပေါ်မှာ တွေ့ မည်လော ဟု သခင်ဘုရားသည် မိန့် တော်မူ၏။
8λεγω υμιν οτι ποιησει την εκδικησιν αυτων εν ταχει πλην ο υιοσ του ανθρωπου ελθων αρα ευρησει την πιστιν επι τησ γησ
9ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊
9ειπεν δε προσ τινασ τουσ πεποιθοτασ εφ εαυτοισ οτι εισιν δικαιοι και εξουθενουντασ τουσ λοιπουσ την παραβολην ταυτην
10လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။
10ανθρωποι δυο ανεβησαν εισ το ιερον προσευξασθαι ο εισ φαρισαιοσ και ο ετεροσ τελωνησ
11ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
11ο φαρισαιοσ σταθεισ προσ εαυτον ταυτα προσηυχετο ο θεοσ ευχαριστω σοι οτι ουκ ειμι ωσπερ οι λοιποι των ανθρωπων αρπαγεσ αδικοι μοιχοι η και ωσ ουτοσ ο τελωνησ
12အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ် ရက်အစာရှောင် ပါ၏။ ဥစ္စာရှိသမျှ တို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ဆုတောင်း ပဌနာပြု၏။
12νηστευω δισ του σαββατου αποδεκατω παντα οσα κτωμαι
13အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
13και ο τελωνησ μακροθεν εστωσ ουκ ηθελεν ουδε τουσ οφθαλμουσ εισ τον ουρανον επαραι αλλ ετυπτεν εισ το στηθοσ αυτου λεγων ο θεοσ ιλασθητι μοι τω αμαρτωλω
14ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။
14λεγω υμιν κατεβη ουτοσ δεδικαιωμενοσ εισ τον οικον αυτου η γαρ εκεινοσ οτι πασ ο υψων εαυτον ταπεινωθησεται ο δε ταπεινων εαυτον υψωθησεται
15ထိုအခါ သူငယ် တို့ကို လက်တော်နှင့်တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ကို တပည့် တော်တို့သည် မြင် လျှင် အပြစ်တင် ကြ၏။
15προσεφερον δε αυτω και τα βρεφη ινα αυτων απτηται ιδοντεσ δε οι μαθηται επετιμησαν αυτοισ
16ယေရှု သည် ထိုသူငယ် တို့ကို ခေါ် တော်မူ၍ ငါ့ ထံသို့ လာ ပါလေစေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏ နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် ၏။
16ο δε ιησουσ προσκαλεσαμενοσ αυτα ειπεν αφετε τα παιδια ερχεσθαι προσ με και μη κωλυετε αυτα των γαρ τοιουτων εστιν η βασιλεια του θεου
17ငါ အမှန် ဆိုသည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံ မယူ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူ၏။
17αμην λεγω υμιν οσ εαν μη δεξηται την βασιλειαν του θεου ωσ παιδιον ου μη εισελθη εισ αυτην
18အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊
18και επηρωτησεν τισ αυτον αρχων λεγων διδασκαλε αγαθε τι ποιησασ ζωην αιωνιον κληρονομησω
19ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။
19ειπεν δε αυτω ο ιησουσ τι με λεγεισ αγαθον ουδεισ αγαθοσ ει μη εισ ο θεοσ
20သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင် ၊
20τασ εντολασ οιδασ μη μοιχευσησ μη φονευσησ μη κλεψησ μη ψευδομαρτυρησησ τιμα τον πατερα σου και την μητερα σου
21အရှင်ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို ငယ် သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက် ပါပြီဟု လျှောက် ပြန်သည်ကို ယေရှု သည်ကြား လျှင် သင် သည် တစ်ခု လို သေး ၏။
21ο δε ειπεν ταυτα παντα εφυλαξαμην εκ νεοτητοσ μου
22ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
22ακουσασ δε ταυτα ο ιησουσ ειπεν αυτω ετι εν σοι λειπει παντα οσα εχεισ πωλησον και διαδοσ πτωχοισ και εξεισ θησαυρον εν ουρανω και δευρο ακολουθει μοι
23ထိုသူသည် များစွာ သောဥစ္စာ ကို ရတတ်သောသူဖြစ် ၍ ၊ ထို စကားကိုကြား လျှင် အလွန်စိတ်မသာ သည် နှင့် သွား လေ၏။
23ο δε ακουσασ ταυτα περιλυποσ εγενετο ην γαρ πλουσιοσ σφοδρα
24ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။
24ιδων δε αυτον ο ιησουσ περιλυπον γενομενον ειπεν πωσ δυσκολωσ οι τα χρηματα εχοντεσ εισελευσονται εισ την βασιλειαν του θεου
25ကုလားအုပ် သည် အပ် နဖား ကို လျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု မိန့် တော်မူ၏။
25ευκοπωτερον γαρ εστιν καμηλον δια τρυμαλιασ ραφιδοσ εισελθειν η πλουσιον εισ την βασιλειαν του θεου εισελθειν
26ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
26ειπον δε οι ακουσαντεσ και τισ δυναται σωθηναι
27ကိုယ်တော်ကလည်း ၊ လူ မ တတ်နိုင်သောအမှု ကို ဘုရားသခင် တတ်နိုင်တော်မူ သည် ဟု မိန့် တော်မူ၏။
27ο δε ειπεν τα αδυνατα παρα ανθρωποισ δυνατα εστιν παρα τω θεω
28ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီဟု လျှောက် လေသော်၊
28ειπεν δε πετροσ ιδου ημεισ αφηκαμεν παντα και ηκολουθησαμεν σοι
29ကိုယ်တော် က၊ ငါ အမှန် ဆိုသည်ကား ၊ အကြင်သူ သည် ဘုရားသခင် ၏ နိုင်ငံ တော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သား မယား တည်းဟူသောတစ်ပါးပါးကို စွန့် ၏။
29ο δε ειπεν αυτοισ αμην λεγω υμιν οτι ουδεισ εστιν οσ αφηκεν οικιαν η γονεισ η αδελφουσ η γυναικα η τεκνα ενεκεν τησ βασιλειασ του θεου
30ထိုသူ သည် ယခု ကာလ ၌ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။
30οσ ου μη απολαβη πολλαπλασιονα εν τω καιρω τουτω και εν τω αιωνι τω ερχομενω ζωην αιωνιον
31ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
31παραλαβων δε τουσ δωδεκα ειπεν προσ αυτουσ ιδου αναβαινομεν εισ ιεροσολυμα και τελεσθησεται παντα τα γεγραμμενα δια των προφητων τω υιω του ανθρωπου
32တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။
32παραδοθησεται γαρ τοισ εθνεσιν και εμπαιχθησεται και υβρισθησεται και εμπτυσθησεται
33သူတို့သည် လူသား ကို ရိုက်ပုတ် ၍ သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
33και μαστιγωσαντεσ αποκτενουσιν αυτον και τη ημερα τη τριτη αναστησεται
34ထို စကားတော်တစ်ခွန်း ကိုမျှ တပည့် တော်တို့သည်နား မလည်ကြ။ ထို အကြောင်း အရာသည် ဝှက်ထား လျက် ရှိ သည်ဖြစ်၍ မိန့် တော်မူချက်အနက် ကို မ ရိပ်မိ ကြ။
34και αυτοι ουδεν τουτων συνηκαν και ην το ρημα τουτο κεκρυμμενον απ αυτων και ουκ εγινωσκον τα λεγομενα
35ယေရိခေါ မြို့အနီး ၌ ရှိတော်မူစဉ် တွင်၊ လူကန်း တစ် ယောက်သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ၏။
35εγενετο δε εν τω εγγιζειν αυτον εισ ιεριχω τυφλοσ τισ εκαθητο παρα την οδον προσαιτων
36ထို လူကန်းသည် လမ်း၌ လူ များသွား သံကို ကြား လျှင် အဘယ်သို့ ဖြစ် သနည်းဟုမေး ၏။
36ακουσασ δε οχλου διαπορευομενου επυνθανετο τι ειη τουτο
37နာဇရက် မြို့သားယေရှု ကြွသွား ကြောင်း ကို သူတစ်ပါးပြော လျှင် ၊
37απηγγειλαν δε αυτω οτι ιησουσ ο ναζωραιοσ παρερχεται
38ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
38και εβοησεν λεγων ιησου υιε δαυιδ ελεησον με
39ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ ရှေ့ တော်၌ သွားသောသူ တို့သည်ငေါက် ၍ ဆိုကြသော်လည်း၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြလေ၏။
39και οι προαγοντεσ επετιμων αυτω ινα σιωπηση αυτοσ δε πολλω μαλλον εκραζεν υιε δαυιδ ελεησον με
40ယေရှု သည်လည်းရပ် တော်မူလျက်၊ ထိုသူ ကို ခေါ် ခဲ့ဟု အမိန့် တော်ရှိ၏။ လူကန်း သည် အထံ တော်သို့ ချဉ်းကပ် ပြီးမှ ၊ သင် ၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
40σταθεισ δε ο ιησουσ εκελευσεν αυτον αχθηναι προσ αυτον εγγισαντοσ δε αυτου επηρωτησεν αυτον
41သခင် ၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက် လေသော်၊
41λεγων τι σοι θελεισ ποιησω ο δε ειπεν κυριε ινα αναβλεψω
42ယေရှု က၊ မျက်စိမြင် စေ။ သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်မ ပြီ ဟုမိန့် တော်မူ၏။
42και ο ιησουσ ειπεν αυτω αναβλεψον η πιστισ σου σεσωκεν σε
43ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။
43και παραχρημα ανεβλεψεν και ηκολουθει αυτω δοξαζων τον θεον και πασ ο λαοσ ιδων εδωκεν αινον τω θεω
Tip: use the ← and → keys to turn chapters.