ရှင်လုကာ

Old Testament

Chapter 22
Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်လုကာ 22

1ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင် ၊

2ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။

3ထိုအခါ စာတန် သည် တပည့် တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ် အထဲ သို့ဝင် သည် ဖြစ်၍၊

4ထိုသူသည် ယဇ်ပုရောဟိတ် အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့သွား ပြီးလျှင် ၊ ယေရှု ကို အဘယ်သို့ အပ် ရမည်နည်းဟူ၍ တိုင်ပင် လေ၏။

5ထိုသူ တို့သည်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။

6ယုဒ ရှကာရုတ်သည်လည်းဝန်ခံ ပြီးမှ လူ များမ ရှိစဉ်တွင်ကိုယ်တော် ကို အပ် ခြင်းငှာအဆင်သင့် သော အချိန်ကာလကို ကြံ လျက် နေ၏။

7ပသခါ သိုးသငယ်ကို သတ် ရသောနေ့တည်းဟူသောအဇုမ ပွဲနေ့ ရောက် သောအခါ၊

8ကိုယ်တော်က၊ ငါ တို့ စား ဘို့ရာ သင်တို့သည်သွား ၍ ပသခါ ပွဲကို ပြင်ဆင် ကြလော့ ဟု ပေတရု နှင့် ယောဟန် ကို စေလွှတ် တော်မူ၏။

9သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊

10ကိုယ်တော်က၊ သင် တို့သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ဆောင် သောသူ ကိုတွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ သူဝင် သောအိမ် သို့ ဝင်ပြီးမှ၊

11ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကိုစား ရသော ဧည့်သည်အခန်း ကား အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ် ရှင် ကို ပြော ကြလော့။

12ထိုသူ သည် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကို ပြ လိမ့်မည်။ ထို အခန်း၌ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။

13တပည့် တော်တို့သည် သွား ၍ စကား တော်အတိုင်း တွေ့ လျှင် ၊ ပသခါ ပွဲကို ပြင်ဆင် ကြ၏။

14အချိန် ရောက် မှ တမန်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၍ ၊

15ငါ သည် အသေမ ခံ မှီ ဤ ပသခါ ပွဲကို သင် တို့နှင့်အတူ စား ခြင်းငှာအလွန် အလိုရှိ လေပြီ။

16ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်၌ ပသခါပွဲမ ပြည့်စုံ မှီတိုင်အောင် ယခုမှစ၍ဤ ပွဲကို တဖန် ငါမ စား ရ ဟု မိန့် တော်မူလျက်၊

17ခွက်ဖလား ကို ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ဤ ခွက်ကို ယူ ၍ အချင်းချင်း ဝေ ကြလော့။

18ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။

19ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။

20ထိုနည်းတူ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား သင် တို့အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရား သစ် ဖြစ်၏။

21သို့သော်လည်း ငါ့ ကို အပ်နှံ သောသူ ၏လက် သည် ဤစားပွဲ ပေါ်မှာ ငါ့ လက်နှင့်အတူ ရှိ ၏။

22ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။

23တပည့် တော်တို့သည်လည်း ထိုအမှု ကို အဘယ်သူ ပြု အံ့နည်းဟု အချင်းချင်း မေးမြန်း ကြ၏။

24ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိ တို့တွင် အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိ သည်ဖြစ်၍၊

25ကိုယ်တော် က၊ လောကီ မင်း တို့သည် အစိုးတရ ပြုတတ်ကြ၏။ အာဏာ ထားသောသူ တို့ကိုလည်း ကျေးဇူး ရှင်ဟူ၍ခေါ်ဝေါ် ကြ၏။

26သင် တို့မူကား ထိုသို့ မ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။

27အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သလော ။ လုပ်ကျွေး သောသူ သည် ကြီးမြတ်သလော။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မ ဟုတ်လော။ သို့သော်လည်း ငါ သည် သင် တို့တွင် လုပ်ကျွေး သောသူ ကဲ့သို့ ဖြစ် ၏။

28ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။

29ငါ့ ခမည်းတော် သည် ငါ့ အား နိုင်ငံ ကို ပေး တော်မူသည်နှင့်အညီ ၊

30သင်တို့သည် ငါ ၏နိုင်ငံ တွင် ငါ့ စားပွဲ ၌ စား သောက် သောအခွင့်ကို၎င်း၊ တရား ပလ္လင်ပေါ်မှာ ထိုင် ၍ ဣသရေလ လူတစ်ဆယ်နှစ် မျိုး ကို အုပ်စိုး ရသောအခွင့်ကို၎င်း၊ ငါ သည် သင် တို့အား ပေး မည် ဟု မိန့် တော်မူ၏။

31တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊

32သင် ၏ယုံကြည် သောစိတ် မ ပျက်စေခြင်းငှာ ငါ သည် သင့် အဘို့ ဆုတောင်း လေပြီ။ သင် သည် သတိရ ပြန်သောအခါ သင် ၏ညီအစ်ကို တို့ကို တည်ကြည် စေလော့ ဟု မိန့်တော်မူလျှင်၊

33ပေတရုက၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူ ထောင် ထဲသို့ ၎င်း ၊ အသေ သတ်ခြင်းသို့ ၎င်း လိုက် ခြင်းငှာအသင့် ရှိ ပါ၏ဟု လျှောက် လေသော်၊

34သခင်ဘုရားက၊ ပေတရု ၊ ငါဆို သည်ကား၊ ယနေ့ တွင် ကြက် မ တွန် မှီ သင် သည် ငါ့ ကို မသိ ဟုသုံး ကြိမ်မြောက်အောင် ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။

35တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း မ ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မ လိုပါဟု လျှောက် ကြသော် ၊

36ယခု မူကား ငွေအိတ် ရှိ သောသူ သည် ယူ စေ။ လွယ်အိတ် ရှိသောသူသည် ယူစေ။ ဓား မ ရှိ သော သူ သည် အဝတ် ကိုရောင်း ၍ ထားကိုဝယ် စေ။

37အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံ ရ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။

38ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။

39ထိုနောက် အလေ့ တော်ရှိသည်အတိုင်း သံလွင် တောင် သို့ ထွက် ကြွ တော်မူ၍၊ တပည့် တော်တို့သည် နောက်တော်သို့ လိုက် ကြ၏။

40ထိုအရပ် သို့ ရောက် တော်မူလျှင် ၊ သင်တို့သည် စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူပြီးမှ၊

41တပည့်တော်တို့နှင့် ကျောက်ခဲ တပစ် လောက် ခွာသွား ၍ ဒူး ထောက် လျက်၊

42အိုအဘ ၊ အလိုတော်ရှိ လျှင် ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း တော်မူ၏။

43ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။

44ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။

45ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ ၍ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊

46သင်တို့သည် အဘယ်ကြောင့် အိပ်ပျော် ကြသနည်း။ ထ ကြ။ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူ၏။

47ထိုသို့ မိန့် တော်မူစဉ် တွင် ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှု ကို နမ်း ခြင်းငှာချဉ်းကပ် လေ၏။

48ယေရှု ကလည်း ၊ ယုဒါ သင်သည် နမ်း ခြင်းကို ပြုလျက် လူ သား ကိုအပ် သလော ဟု မေး တော်မူ၏။

49ယေရှု နှင့်အတူ ပါသောသူတို့သည် ဖြစ် အံ့သောအမှု ကို မြင် လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ဓား နှင့် ခုတ် ရပါမည်လောဟု မေးလျှောက် ပြီးမှ၊

50တစ် ယောက်သည် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။

51ယေရှု ကလည်း ၊ တန် စေ ဟု မိန့် တော်မူ၍ နားရွက် ကို လက်တော်နှင့်တို့ သဖြင့် အနာကို ပျောက် စေတော်မူ၏။

52ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။

53ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။

54ထိုသူတို့သည် ကိုယ်တော် ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ် မင်း၏အိမ် သို့ ဆောင်သွား ကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေး စွာလိုက် လေ၏။

55အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။

56ထိုသို့ ပေတရု သည် မီး အနား မှာ ထိုင် နေသည်ကို အစေအပါး မိန်းမတစ် ယောက်သည်မြင် လျှင် ၊ သူ့ ကို စေ့စေ့ ကြည့်၍ ၊ ဤသူ သည် ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို သော် ၊

57ပေတရုက၊ အချင်းမိန်းမ ၊ ထိုသူ ကို ငါမ သိ ဟု ငြင်း လေ၏။

58ထိုနောက် များမကြာ အခြားသော သူသည် ပေတရု ကိုမြင် လျှင် ၊ သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် သည်ဟုဆို သော်၊ ပေတရု က ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မ ဟုတ် ဟု ဆို ၏။

59တဖန် တ နာရီလောက် ကြာ ပြီးမှအခြား သောသူ က၊ အကယ်စင်စစ် ဤသူ သည် ယေရှု နှင့် ပေါင်းဖော်သောသူဖြစ် ၏။ ဂါလိလဲ လူလည်း ဖြစ် ၏ဟု ခိုင်မာ စွာဆို လျှင် ၊

60ပေတရု က ၊ အချင်းလူ ၊ သင်ပြော သောအရာ ကို ငါမ သိ ဟုဆို ၏။ ထိုစကားကိုပြော သော ခဏခြင်း တွင် ကြက် တွန် လေ၏။

61ထိုအခါ သခင် ဘုရားသည်လှည့် ၍ ပေတရု ကို ကြည့် တော်မူ၏။ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို ပေတရု သည် သတိရ သဖြင့် ၊

62ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။

63ယေရှု ကို ကိုင်ဆွဲ သောသူ တို့သည်ကိုယ်တော် ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ် ကြ၏။

64မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။

65အခြား သောစကားများ ဖြင့်လည်း ကိုယ်တော် ကို ကဲ့ရဲ့ ၍ ပြောဆို ကြသေး၏။

66မိုဃ်းလင်းသောအခါ လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော် ကို လွှတ်တော် သို့ ဆောင်သွား ပြီးလျှင် ၊

67သင် သည် ခရစ်တော် မှန် လျှင် ငါ တို့အား ပြော လော့ဟုဆို ကြ၏။ ယေရှုကလည်း ၊ ငါပြော လျှင် သင် တို့ သည် မ ယုံ ။

68ငါမေး လျှင် လည်း သင်တို့သည် မ ဖြေ ဘဲ၊ ငါ့ကို မ လွှတ်ဘဲနေကြလိမ့်မည်။

69နောက်၌ လူ သား သည် ဘုရားသခင် ၏ တန်ခိုး တော်လက်ျာ ဘက်၌ ထိုင် တော်မူလတံ့ ဟု မိန့် တော်မူသော်၊

70ထိုသူအပေါင်း တို့က ၊ သို့ဖြစ်၍ သင် သည် ဘုရားသခင် ၏ သား တော်မှန် သည်တကားဟု ဆို ကြလျှင် ၊ သင် တို့ဆို သည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။

71ထိုသူတို့ကလည်း ၊ အဘယ် သက်သေ လို သေး သနည်း။ သူ ၏စကား ကို ငါ တို့ကိုယ်တိုင်ကြား ရပြီဟု ဆို ကြ၏။

Tip: use the ← and → keys to turn chapters.