ရှင်လုကာ 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထိုနောက်မှ ကိုယ်တော် သည် မြို့ ရွာ အစဉ် အတိုင်းဒေသစာရီ လှည့်လည်၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏။
1Et factum est deinceps, et ipse iter faciebat per civitates, et castella prædicans, et evangelizans regnum Dei: et duodecim cum illo,
2တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ ၊
2et mulieres aliquæ, quæ erant curatæ a spiritibus malignis et infirmatibus: Maria, quæ vocatur Magdalene, de qua septem dæmonia exierant,
3ဟေရုဒ် မင်း၏ စားတော်ကဲ ခုဇ ၏မယား ယောဟန္န နှင့် ရှုရှန္န မှစ၍မိမိဥစ္စာ ကိုလှူ၍ ကိုယ်တော် ကို လုပ်ကျွေး သော အခြား မိန်းမအများ ပါကြ၏။
3et Joanna uxor Chusæ procuratoris Herodis, et Susanna, et aliæ multæ, quæ ministrabant ei de facultatibus suis.
4များစွာ သောလူ အပေါင်းတို့သည် မြို့ ရွာအရပ်ရပ် တို့မှ အထံ တော်သို့ လာ ၍ စုဝေး လျက်ရှိကြသောအခါ၊ ဥပမာ စကားအားဖြင့် မြွက်ဆို တော်မူသည်မှာ၊
4Cum autem turba plurima convenirent, et de civitatibus properarent ad eum, dixit per similitudinem:
5မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။
5Exiit qui seminat, seminare semen suum. Et dum seminat, aliud cecidit secus viam, et conculcatum est, et volucres cæli comederunt illud.
6အချို့ သောအစေ့တို့သည် ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်သောအခါ မြေဩဇာ မ ရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
6Et aliud cecidit supra petram: et natum aruit, quia non habebat humorem.
7အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ဆူးပင် တို့သည် အတူ ပေါက်၍ ညှဉ်းဆဲ ကြ၏။
7Et aliud cecidit inter spinas, et simul exortæ spinæ suffocaverunt illud.
8အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် အပင် ပေါက်၍အဆ တရာပွားများ၍ အသီး သီး ကြ ၏ ဟု မိန့် တော်မူပြီးမှ၊ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေဟု ကြွေးကြော် တော်မူ၏။
8Et aliud cecidit in terram bonam: et ortum fecit fructum centuplum. Hæc dicens clamabat: Qui habet aures audiendi, audiat.
9တပည့် တော်တို့ကလည်း၊ ထို ဥပမာ ၏ အနက်အဓိပ္ပါယ် ကား အဘယ် နည်းဟု မေးလျှောက် ကြလျှင် ၊
9Interrogabant autem eum discipuli ejus, quæ esset hæc parabola.
10ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏ နက်နဲ သောအရာတို့ကို သိ ရသောအခွင့် ရှိကြ၏။ ကြွင်း သောသူ တို့မူကား ၊ မြင် လျက်ပင် အာရုံမ ပြုဘဲမြင် ၍ ၊ ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာ အားဖြင့် ဟောရ၏။
10Quibus ipse dixit: Vobis datum est nosse mysterium regni Dei, ceteris autem in parabolis: ut videntes non videant, et audientes non intelligant.
11ထို ဥပမာ အနက်အဓိပ္ပါယ် ကား မျိုးစေ့ သည် ဘုရားသခင် ၏တရားစကား ဖြစ် ၏။
11Est autem hæc parabola: Semen est verbum Dei.
12လမ်း ၌ ရှိသောသူ ကား ၊ တရားစကားကို ကြား သည်ရှိသော်၊ ယုံကြည် ခြင်း၊ ကယ်တင် ခြင်းသို့ မ ရောက် စေခြင်းငှာ ၊ မာရ်နတ် သည် လာ ၍ တရားစကား ကို နှလုံး ထဲမှ နှုတ်ယူ သောသူ ကိုဆိုလိုသတည်း။
12Qui autem secus viam, hi sunt qui audiunt: deinde venit diabolus, et tollit verbum de corde eorum, ne credentes salvi fiant.
13ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။
13Nam qui supra petram, qui cum audierint, cum gaudio suscipiunt verbum: et hi radices non habent: qui ad tempus credunt, et in tempore tentationis recedunt.
14ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီး မ သီးသောသူ ကိုဆိုလိုသတည်း။
14Quod autem in spinas cecidit: hi sunt qui audierunt, et a sollicitudinibus, et divitiis, et voluptatibus vitæ euntes, suffocantur, et non referunt fructum.
15ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
15Quod autem in bonam terram: hi sunt qui in corde bono et optimo audientes verbum retinent, et fructum afferunt in patientia.
16ဆီမီး ထွန်း ပြီးလျှင် အိုး မှောက်၍ ဖုံးထား လေ့မ ရှိ။ ခုတင် အောက် ၌လည်း ထား လေ့မရှိ။ ဝင် သောသူ သည် အလင်း ကိုမြင် စေခြင်းငှာဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
16Nemo autem lucernam accendens, operit eam vase, aut subtus lectum ponit: sed supra candelabrum ponit, ut intrantes videant lumen.
17ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။
17Non est enim occultum, quod non manifestetur: nec absconditum, quod non cognoscatur, et in palam veniat.
18ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။
18Videte ergo quomodo audiatis? Qui enim habet, dabitur illi: et quicumque non habet, etiam quod putat se habere, auferetur ab illo.
19ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည် လာ ၍ စည်းဝေး သောသူ များသောကြောင့် ၊ ကိုယ်တော် ရင်းသို့ မ ချဉ်းကပ် နိုင် ဘဲနေကြ၏။
19Venerunt autem ad illum mater et fratres ejus, et non poterant adire eum præ turba.
20လူအချို့ကလည်း၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုတွေ့ လို ၍ ပြင် မှာရပ် နေကြပါ၏ဟု လျှောက် လျှင် ၊
20Et nuntiatum est illi: Mater tua et fratres tui stant foris, volentes te videre.
21ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား ၍ နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
21Qui respondens, dixit ad eos: Mater mea et fratres mei hi sunt, qui verbum Dei audiunt et faciunt.
22တစ်နေ့သ၌ ယေရှု သည် တပည့် တော်တို့နှင့်အတူ လှေ ထဲသို့ ဝင် ၍၊ အိုင် တစ်ဘက် သို့ ကူး ကြကုန်အံ့ဟု မိန့် တော်မူပြီးလျှင် လွှင့်သွား ကြ၏။
22Factum est autem in una dierum: et ipse ascendit in naviculam, et discipuli ejus, et ait ad illos: Transfretemus trans stagnum. Et ascenderunt.
23အိုင်ကိုကူး သောအခါ ယေရှုသည် ကျိန်းစက် တော်မူ၏။ အိုင် ၌ မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက် လု၏။
23Et navigantibus illis, obdormivit, et descendit procella venti in stagnum, et complebantur, et periclitabantur.
24တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ ၍ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာ လေ၏။
24Accedentes autem suscitaverunt eum, dicentes: Præceptor, perimus. At ille surgens, increpavit ventum, et tempestatem aquæ, et cessavit: et facta est tranquillitas.
25ကိုယ်တော်ကလည်း၊ သင် တို့ယုံကြည် ခြင်းစိတ်သည် အဘယ်မှာ ရှိသနည်း ဟု မေး တော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့ အံ့ဩ ၍ ၊ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ရေ ကိုပင် မှာထား တော်မူ၍ ၊ သူတို့ သည် နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
25Dixit autem illis: Ubi est fides vestra? Qui timentes, mirati sunt ad invicem, dicentes: Quis putas hic est, quia et ventis, et mari imperat, et obediunt ei?
26ဂါလိလဲ ပြည်နှင့် အိုင်တစ်ဘက် ဖြစ် သော ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
26Et navigaverunt ad regionem Gerasenorum, quæ est contra Galilæam.
27ယေရှုသည် ကုန်း ပေါ်သို့ တက် တော်မူလျှင် ၊ ကာလ တာရှည် စွာ နတ်ဆိုး စွဲ သဖြင့် အဝတ် ကိုမ ဝတ် ၊ အိမ် ၌ မ နေ ၊ သင်္ချိုင်း တစပြင်၌ နေတတ်သော ဂါဒရပြည်သားတစ် ယောက်သည် ကိုယ်တော် ကို ခရီးဦးကြိုပြု လေ၏။
27Et cum egressus esset ad terram, occurrit illi vir quidam, qui habebat dæmonium jam temporibus multis, et vestimento non induebatur, neque in domo manebat, sed in monumentis.
28ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။
28Is, ut vidit Jesum, procidit ante illum: et exclamans voce magna, dixit: Quid mihi et tibi est, Jesu Fili Dei Altissimi? obsecro te, ne me torqueas.
29လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
29Præcipiebat enim spiritui immundo ut exiret ab homine. Multis enim temporibus arripiebat illum, et vinciebatur catenis, et compedibus custoditus. Et ruptis vinculis agebatur a dæmonio in deserta.
30ယေရှု ကလည်း ၊ သင် သည် အဘယ် အမည် ရှိ သနည်း ဟုမေး တော်မူလျှင်၊ ထိုလူကို နတ်ဆိုး အများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင် ဖြစ်ပါသည်ဟု လျှောက် ပြီးမှ ၊
30Interrogavit autem illum Jesus, dicens: Quod tibi nomen est? At ille dixit: Legio: quia intraverant dæmonia multa in eum.
31အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။
31Et rogabant illum ne imperaret illis ut in abyssum irent.
32ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။
32Erat autem ibi grex porcorum multorum pascentium in monte: et rogabant eum, ut permitteret eis in illos ingredi. Et permisit illis.
33နတ်ဆိုး တို့သည် လူ မှ ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့်၊ ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း ၍ အသက် ဆုံးကြ၏။
33Exierunt ergo dæmonia ab homine, et intraverunt in porcos: et impetu abiit grex per præceps in stagnum, et suffocatus est.
34ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊
34Quod ut viderunt factum qui pascebant, fugerunt, et nuntiaverunt in civitatem et in villas.
35လူများတို့သည် ထို အမှု အရာ ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ အထံ တော်သို့ ရောက် သောအခါ နတ်ဆိုး ထွက်သွား သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ်နှင့် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် နေသည်ကို မြင် လျှင်၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
35Exierunt autem videre quod factum est, et venerunt ad Jesum, et invenerunt hominem sedentem, a quo dæmonia exierant, vestitum ac sana mente, ad pedes ejus, et timuerunt.
36နတ်ဆိုးစွဲ သောသူ သည်အဘယ်သို့ သောအားဖြင့်ကျန်းမာ ပကတိရှိသည်ကို သိမြင် သောသူ တို့သည်နောက်လာသောသူ တို့အား ပြန်ကြား ပြီးမှ ၊
36Nuntiaverunt autem illis et qui viderant, quomodo sanus factus esset a legione:
37ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၍ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ၍ ပြန် တော်မူ၏။
37et rogaverunt illum omnis multitudo regionis Gerasenorum ut discederet ab ipsis: quia magno timore tenebantur. Ipse autem ascendens navim, reversus est.
38နတ်ဆိုး ထွက်သွား သောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
38Et rogabat illum vir, a quo dæmonia exierant, ut cum eo esset. Dimisit autem eum Jesus, dicens:
39ယေရှုက၊ သင်သည်ကိုယ် အိမ် သို့ ပြန်သွား လော့။ ဘုရားသခင် သည် သင် ၌အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြော လော့ ဟူ၍လွှတ် လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို တစ်မြို့လုံး တွင် အနှံ့အပြား သိတင်းကြားပြော လေ၏။
39Redi in domum tuam, et narra quanta tibi fecit Deus. Et abiit per universam civitatem, prædicans quanta illi fecisset Jesus.
40ယေရှု သည် ပြန် တော်မူလျှင် ၊ လူ အစုအဝေးအပေါင်း တို့သည် ကိုယ်တော် ကိုမြော်လင့် လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။
40Factum est autem cum rediisset Jesus, excepit illum turba: erunt enim omnes exspectantes eum.
41ထိုအခါ ယာဣရု အမည် ရှိသောတရားစရပ် မှူး သည် လာ ၍ ယေရှု ၏ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊
41Et ecce venit vir, cui nomen Jairus, et ipse princeps synagogæ erat: et cecidit ad pedes Jesu, rogans eum ut intraret in domum ejus,
42တစ်ဆယ်နှစ် နှစ် အရွယ်ရှိသော မိမိ ၌တစ်ယောက်တည်း သောသမီး သည် သေ ဆဲရှိသောကြောင့် ၊ မိမိ အိမ် သို့ ကြွ တော်မူမည်အကြောင်း ကိုယ်တော် ကိုတောင်းပန် ၍ ကြွ တော်မူစဉ် တွင်လူ အစုအဝေးတို့သည် ကိုယ်တော် ကို ထိခိုက်တိုက်မိ ကြ၏။
42quia unica filia erat ei fere annorum duodecim, et hæc moriebatur. Et contigit, dum iret, a turba comprimebatur.
43ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာစွဲ သောကြောင့် ၊ ဥစ္စာ ရှိသမျှ ကို ဆေးသမား တို့အား ပေး ၍ ကုန်သော်လည်း၊ အဘယ် ဆေးသမားလက်၌ မျှ ချမ်းသာ မ ရနိုင် သော မိန်းမ တစ်ယောက်သည်၊
43Et mulier quædam erat in fluxu sanguinis ab annis duodecim, quæ in medicos erogaverat omnem substantiam suam, nec ab ullo potuit curari:
44နောက် တော်သို့ ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။
44accessit retro, et tetigit fimbriam vestimenti ejus: et confestim stetit fluxus sanguinis ejus.
45ယေရှု ကလည်း ၊ ငါ့ ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူလျှင်၊ လူအပေါင်း တို့သည် ငြင်း လတ်သော်၊ ပေတရု မှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင် ၊ လူ အစုအဝေးတို့သည် ကိုယ်တော် အား ထိခိုက်တိုက်မိ ကြသည်ဖြစ်၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက် လေ၏။
45Et ait Jesus: Quis est, qui me tetigit? Negantibus autem omnibus, dixit Petrus, et qui cum illo erant: Præceptor, turbæ te comprimunt, et affligunt, et dicis: Quis me tetigit?
46ယေရှု ကလည်း ၊ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုတို့ လေပြီ။ ငါ့ ကိုယ်မှ တန်ခိုး ထွက် သည်ကို ငါ သိ ၏ ဟု မိန့် တော်မူ၏။
46Et dicit Jesus: Tetigit me aliquis: nam ego novi virtutem de me exiisse.
47ထို မိန်းမ သည်မိမိပုန်းရှောင် ၍ မ နေနိုင်သည်ကိုသိ လျှင် တုန်လှုပ် လျက်လာ ၍ ၊ အဘယ် အကြောင်း ကြောင့် တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူ အပေါင်း တို့ရှေ့ မှာ ပြပ်ဝပ် လျက် ကြားလျှောက် လေ၏။
47Videns autem mulier, quia non latuit, tremens venit, et procidit ante pedes ejus: et ob quam causam tetigerit eum, indicavit coram omni populo: et quemadmodum confestim sanata sit.
48ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့ ဟု မိန့် တော်မူ၏။
48At ipse dixit ei: Filia, fides tua salvam te fecit: vade in pace.
49ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ်မှ လူ လာ ၍ ၊ ကိုယ်တော် ၏ သမီး သေ ပါပြီ။ ဆရာ ကို မ နှောင့်ရှက် ပါနှင့်ဟုဆို ၏။
49Adhuc illo loquente, venit quidam ad principem synagogæ, dicens ei: Quia mortua est filia tua, noli vexare illum.
50ယေရှု သည်ကြား လျှင် ၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ် လိမ့်မည် ဟု တရားစရပ်မှူး အား မိန့် တော်မူ၏။
50Jesus autem, audito hoc verbo, respondit patri puellæ: Noli timere, crede tantum, et salva erit.
51အိမ် သို့ ရောက် လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ် နှင့် မိန်းမငယ် ၏မိ ဘ မှတစ်ပါး အဘယ်သူ ကိုမျှ အထဲ သို့မဝင် စေခြင်းငှာဆီးတား တော်မူ၏။
51Et cum venisset domum, non permisit intrare secum quemquam, nisi Petrum, et Jacobum, et Joannem, et patrem, et matrem puellæ.
52လူအပေါင်း တို့သည် ငိုကြွေး မြည်တမ်း ကြသည်ကို ကိုယ်တော်က၊ မ ငို ကြနှင့်။ သူငယ်သေ သည် မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူလျှင် ၊
52Flebant autem omnes, et plangebant illam. At ille dixit: Nolite flere: non est mortua puella, sed dormit.
53သူငယ်သေ ကြောင်း ကို ထိုသူတို့သည်သိ သဖြင့် ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
53Et deridebant eum, scientes quod mortua esset.
54ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှသူငယ် ၏လက် ကို ကိုင် တော်မူလျက် ၊ သူငယ် ထ လော့ ဟု ခေါ် တော်မူသည်တွင်၊
54Ipse autem tenens manum ejus clamavit, dicens: Puella, surge.
55စိတ် ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်း ထ လေ၏။
55Et reversus est spiritus ejus, et surrexit continuo. Et jussit illi dari manducare.
56သူ့ အားစားစရာ ပေး လော့ ဟု မိန့် တော်မူ၏။ မိဘ တို့သည် မိန်းမော တွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူ အားမျှမပြော ရမည်အကြောင်း ပညတ် တော်မူ၏။
56Et stupuerunt parentes ejus, quibus præcepit ne alicui dicerent quod factum erat.
Tip: use the ← and → keys to turn chapters.