ရှင်လုကာ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထို အခါ တစ်နိုင်ငံ လုံးကို စာရင်း ယူစေခြင်းငှာကဲသာ ဘုရင်ဩဂုတ္တု သည် အမိန့် တော်ရှိ ၏။
1Factum est autem in diebus illis, exiit edictum a Cæsare Augusto ut describeretur universus orbis.
2ကုရေနိ သည် ရှုရိ ပြည်၌မြို့ဝန် ဖြစ် စဉ်တွင်၊ ဤ ပဌမ စာရင်း ယူခြင်း ဖြစ်သတည်း။
2Hæc descriptio prima facta est a præside Syriæ Cyrino:
3လူအပေါင်း တို့သည် စာရင်းဝင် ခြင်းငှာအသီးအသီး မိမိ တို့မြို့ ရွာသို့ သွား ကြ၏။
3et ibant omnes ut profiterentur singuli in suam civitatem.
4ယောသပ် သည်လည်း ဒါဝိဒ် အမျိုးအနွယ် ဖြစ် ၍၊ ထိမ်းမြား ဆောင်နှင်းသောမယား မာရိ နှင့်အတူ စာရင်းဝင် ခြင်းငှာ၊
4Ascendit autem et Joseph a Galilæa de civitate Nazareth in Judæam, in civitatem David, quæ vocatur Bethlehem: eo quod esset de domo et familia David,
5ဂါလိလဲ ပြည်နာဇရက် မြို့ မှ ယုဒ ပြည် တွင် ဗက်လင် အမည် ရှိသောဒါဝိဒ် ၏မြို့ သို့ သွား ၏။ ထိုအခါမာရိသည် ပဋိသန္ဓေ အရင့်အမာရှိ ၏။
5ut profiteretur cum Maria desponsata sibi uxore prægnante.
6ဗက်လင်မြို့၌ရှိ နေ စဉ်၊ ဘွား အံ့သော နေ့ လစေ့ လျှင်၊
6Factum est autem, cum essent ibi, impleti sunt dies ut pareret.
7သားဦး ကိုဘွားမြင် ၍ အဝတ် နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည် တည်းရာစရပ်၌ သူ တို့နေစရာ မ ရှိ သောကြောင့် ၊ သူငယ် ကို နွားစားခွက် ၌ သိပ်ထား လေ၏။
7Et peperit filium suum primogenitum, et pannis eum involvit, et reclinavit eum in præsepio: quia non erat eis locus in diversorio.
8ထိုပြည် မှာ သိုးထိန်း တို့သည် ညဉ့် အခါ တော အရပ်၌ တည်းခို လျက်၊ မိမိ သိုးစု ကိုစောင့် နေကြသည် ဖြစ် ၍၊
8Et pastores erant in regione eadem vigilantes, et custodientes vigilias noctis super gregem suum.
9ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် သူ တို့အနားမှာပေါ်လာ ၍ ၊ ပတ်ဝန်းကျင် ၌ ထာဝရ ဘုရား၏ ဘုန်း တော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန် ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။
9Et ecce angelus Domini stetit juxta illos, et claritas Dei circumfulsit illos, et timuerunt timore magno.
10ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။
10Et dixit illis angelus: Nolite timere: ecce enim evangelizo vobis gaudium magnum, quod erit omni populo:
11ယနေ့ တွင် ဒါဝိဒ် မြို့ ၌ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။
11quia natus est vobis hodie Salvator, qui est Christus Dominus, in civitate David.
12သင် တို့သည် အဘယ်နိမိတ် ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ် သည်အဝတ် နှင့် ပတ်ရစ်၍ နွားစားခွက် ၌ သိပ်ထား လျက်ရှိသည်ကို တွေ့ ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊
12Et hoc vobis signum: invenietis infantem pannis involutum, et positum in præsepio.
13ထို ကောင်းကင်တမန် နှင့်အတူ ကောင်းကင် ဗိုလ်ခြေ အများ တို့သည် ချက်ခြင်း ထင်ရှား ၍ ၊
13Et subito facta est cum angelo multitudo militiæ cælestis laudantium Deum, et dicentium:
14ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။
14[Gloria in altissimis Deo, et in terra pax hominibus bonæ voluntatis.]
15ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံသို့ ပြန် ကြပြီးမှ သိုးထိန်း တို့က၊ ငါတို့သည် ဗက်လင် မြို့သို့ သွား ကြကုန်အံ့။ ထာဝရ ဘုရားသည် ဖော်ပြ တော်မူသော ဤ အမှုအရာ ကို ကြည့် ကြကုန်အံ့ဟု အချင်းချင်း ပြောဆို ပြီးလျှင် ၊
15Et factum est, ut discesserunt ab eis angeli in cælum: pastores loquebantur ad invicem: Transeamus usque Bethlehem, et videamus hoc verbum, quod factum est, quod Dominus ostendit nobis.
16အလျင်အမြန် သွား ၍ မာရိ နှင့် ယောသပ် ကို၎င်း ၊ နွားစားခွက် ၌ သိပ်ထား လျက်ရှိသောသူငယ် ကို၎င်း တွေ့ ကြ၏။
16Et venerunt festinantes: et invenerunt Mariam, et Joseph, et infantem positum in præsepio.
17တွေ့မြင် ပြီးမှ မိမိ တို့ကြား သောထို သူငယ် ၏ အကြောင်း စကား ကို အနှံ့အပြား ပြောကြ၏။
17Videntes autem cognoverunt de verbo, quod dictum erat illis de puero hoc.
18သိုးထိန်း တို့ပြော သောစကား ကိုကြား သော သူ ရှိသမျှ တို့သည် အံ့ဩ ခြင်းရှိကြ၏။
18Et omnes qui audierunt, mirati sunt: et de his quæ dicta erant a pastoribus ad ipsos.
19မာရိ သည်ထို အကြောင်းအရာအလုံးစုံ တို့ကို မှတ်ကျုံး ၍ စဉ်းစား ဆင်ခြင်လျက်နေ၏။
19Maria autem conservabat omnia verba hæc, conferens in corde suo.
20သိုးထိန်း တို့သည်လည်း မိမိ တို့အား ပြော နှင့်သည်အတိုင်း ကြား မြင် သမျှ သော အကြောင်းအရာကိုထောက်၍၊ ဘုရားသခင် ကို အံ့ဩ ချီးမွမ်း လျက် ပြန်သွား ကြ၏။
20Et reversi sunt pastores glorificantes et laudantes Deum in omnibus quæ audierant et viderant, sicut dictum est ad illos.
21ထိုသူငယ် အား အရေဖျားလှီး ခြင်းကို ပေးရသောနေ့တည်းဟူသောရှစ် ရက်မြောက်သောနေ့ ရောက် လျှင် ၊ ပဋိသန္ဓေ စွဲတော်မ မူမှီကောင်းကင်တမန် မှည့် သော ယေရှု အမည် ဖြင့် မှည့် ကြ၏။
21Et postquam consummati sunt dies octo, ut circumcideretur puer, vocatum est nomen ejus Jesus, quod vocatum est ab angelo priusquam in utero conciperetur.
22ထိုနောက် မောရှေ ၏ ပညတ် တရားအတိုင်း စင်ကြယ် ခြင်းကိုပြုရသော နေ့ရက် စေ့ သောအခါ ၊ မိဘတို့ သည် သူငယ် ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍၊
22Et postquam impleti sunt dies purgationis ejus secundum legem Moysi, tulerunt illum in Jerusalem, ut sisterent eum Domino,
23သားဦး ယောက်ျား အပေါင်း တို့သည် ဘုရား အဘို့ သန့်ရှင်း ရကြ၏ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ သည်နှင့်အညီ ၊ ထာဝရ ဘုရားအား ဆက်ကပ် ပြီးမှ ၊
23sicut scriptum est in lege Domini: Quia omne masculinum adaperiens vulvam, sanctum Domino vocabitur:
24ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တစ်ခုခုကိုပူဇော် ရမည်ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ ပြန်သည်နှင့်အညီ ယဇ် ပူဇော်ကြ၏။
24et ut darent hostiam secundum quod dictum est in lege Domini, par turturum, aut duos pullos columbarum.
25ထိုအခါ ရှုမောင် အမည် ရှိသောသူ တစ်ယောက်သည် ယေရုရှလင် မြို့၌ ရှိ ၏။ ထို သူ သည် ဖြောင့်မတ် သောသူ ၊ တရား ကိုရိုသေသောသူ၊ ဣသရေလ အမျိုး၏ သက်သာ ခြင်းအကြောင်းကို မြော်လင့် သောသူ ဖြစ်၏။ သန့်ရှင်း သောဝိညာဉ် တော်သည် သူ့ အပေါ် ၌တည် သည်ဖြစ်၍ ၊
25Et ecce homo erat in Jerusalem, cui nomen Simeon, et homo iste justus, et timoratus, exspectans consolationem Israël: et Spiritus Sanctus erat in eo.
26သူ သည်ထာဝရ ဘုရား၏ခရစ်တော် ကိုမ မြင် မှီ မ သေ ရဟု ဗျာဒိတ် တော်ကိုရ၏။
26Et responsum acceperat a Spiritu Sancto, non visurum se mortem, nisi prius videret Christum Domini.
27ထိုအခါ သူ သည် ဝိညာဉ် တော်အားဖြင့် ဗိမာန် တော်သို့ သွား ၍ ၊ မိဘ တို့သည် သူငယ် ယေရှု ကို ပညတ် တရားထုံးတမ်း အတိုင်း ပြု ခြင်းငှာဆောင်သွား စဉ် တွင်၊
27Et venit in spiritu in templum. Et cum inducerent puerum Jesum parentes ejus, ut facerent secundum consuetudinem legis pro eo,
28ရှုမောင် သည်ယေရှု ကို လက် နှင့် ချီပိုက် ၍ ၊
28et ipse accepit eum in ulnas suas: et benedixit Deum, et dixit:
29ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် သည် ငြိမ်ဝပ် စွာ စုတေ့ ရသောအခွင့်ကို ကိုယ်တော်သည် ယခု တွင်ပေးတော်မူ၏။
29[Nunc dimittis servum tuum Domine, secundum verbum tuum in pace:
30ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို ချီးမြှောက် စေခြင်းငှာ ၎င်း ၊
30quia viderunt oculi mei salutare tuum,
31တစ်ပါး အမျိုးသားတို့ကို လင်း စေခြင်းငှာ၎င်း၊
31quod parasti ante faciem omnium populorum:
32လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။
32lumen ad revelationem gentium, et gloriam plebis tuæ Israël.]
33ထိုစကား များကို ယောသပ် နှင့် မယ်တော် သည် ကြားလျှင် အံ့ဩ ခြင်းရှိ ကြ၏။
33Et erat pater ejus et mater mirantes super his quæ dicebantur de illo.
34ရှုမောင် သည်လည်း သူ တို့ကိုကောင်းကြီး ပေး၍ မယ်တော် မာရိ အား ၊ ဤ သူငယ်ကား ဣသရေလ လူ အများ လဲ မည်အကြောင်း ၊ အများထ မည်အကြောင်း၊ လူအများ တို့၏အကြံအစည် ကို ထင်ရှား စေခြင်းငှာငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထား သောသူဖြစ်၏။
34Et benedixit illis Simeon, et dixit ad Mariam matrem ejus: Ecce positus est hic in ruinam et in resurrectionem multorum in Israël, et in signum cui contradicetur:
35ထိုမှတစ်ပါး သန်လျက် သည် သင် ၏စိတ် နှလုံးကို ခွင်း လိမ့်မည်ဟု မြွက်ဆို ၏။
35et tuam ipsius animam pertransibit gladius ut revelentur ex multis cordibus cogitationes.
36အာရှာ အမျိုး ဖြစ်သော ဖနွေလ ၏သမီး ၊ အန္န အမည်ရှိသော ပရောဖက်မ တစ်ယောက်ရှိ ၏။ သူ သည် ပျို သောအရွယ်မှစ၍ ခုနစ် နှစ် သောလင် နှင့် နေ ပြီးလျှင်၊
36Et erat Anna prophetissa, filia Phanuel, de tribu Aser: hæc processerat in diebus multis, et vixerat cum viro suo annis septem a virginitate sua.
37အသက် ကြီးရင့် ၍ အနှစ် ရှစ်ဆယ်လေး နှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမ ဖြစ် လျက်၊ ဆုတောင်း ခြင်းနှင့် အစာရှောင် ခြင်းအားဖြင့်နေ့ ညဉ့် မပြတ်ဘုရား ဝတ်ကိုပြု၍ ဗိမာန် တော်နှင့် မ ခွာ ဘဲနေ၏။
37Et hæc vidua usque ad annos octoginta quatuor: quæ non discedebat de templo, jejuniis et obsecrationibus serviens nocte ac die.
38သူ သည်လည်း ထို ခဏခြင်း တွင်ဝင် ၍ ထာဝရ ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း လေ၏။ ယေရုရှလင် မြို့ ၌ ရွေးနှုတ် ခြင်းအရာကို မြော်လင့် သောသူ အပေါင်း တို့အား ထိုသူငယ် ၏ အကြောင်း ကို ပြော လေ၏။
38Et hæc, ipsa hora superveniens, confitebatur Domino: et loquebatur de illo omnibus, qui exspectabant redemptionem Israël.
39မိဘ တို့သည် ထာဝရ ဘုရား၏ ပညတ် တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင် ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက် အမည်ရှိသောမိမိ တို့ မြို့ သို့ ပြန် ကြ၏။
39Et ut perfecerunt omnia secundum legem Domini, reversi sunt in Galilæam in civitatem suam Nazareth.
40သူငယ် သည်လည်း ကြီးပွား ၍ ပညာ ဉာဏ်သတ္တိ နှင့် ပြည့်စုံ ၏။ ဘုရားသခင် ၏ကျေးဇူး တော်သည်လည်း သူ့ အပေါ် ၌တည် ၏။
40Puer autem crescebat, et confortabatur plenus sapientia: et gratia Dei erat in illo.
41မိဘ တို့သည် နှစ် တိုင်း အစဉ်ပသခါ ပွဲ ခံချိန်ရောက်လျှင် ၊ ယေရုရှလင် မြို့သို့ သွား ကြ၏။
41Et ibant parentes ejus per omnes annos in Jerusalem, in die solemni Paschæ.
42ယေရှုသည် တစ်ဆယ့်နှစ် နှစ် ရှိသောအခါ ပသခါ ပွဲ ထုံးစံ အတိုင်း ယေရုရှလင်မြို့သို့တက် ကြ၍၊
42Et cum factus esset annorum duodecim, ascendentibus illis Jerosolymam secundum consuetudinem diei festi,
43ပွဲနေ့ရက် လွန် ပြီးမှ မိဘ တို့သည်ပြန် ကြလျှင် ၊ သူငယ် ယေရှု သည် ယေရုရှလင် မြို့၌ နေရစ် လေ၏။ ယောသပ် နှင့်မယ်တော်သည် ထိုအကြောင်းကို မ သိ ၍ ၊
43consummatisque diebus, cum redirent, remansit puer Jesus in Jerusalem, et non cognoverunt parentes ejus.
44အပေါင်းအဘော် စုထဲမှာ သူငယ် ပါ သည်ဟု စိတ်ထင် နှင့် တစ်နေ့ ခရီး သွား မိလျှင် ၊ အဆွေအမျိုး အသိအကျွမ်း တို့တွင် ရှာ ၍၊
44Existimantes autem illum esse in comitatu, venerunt iter diei, et requirebant eum inter cognatos et notos.
45မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ ပြန် ၍ရှာ ကြ၏။
45Et non invenientes, regressi sunt in Jerusalem, requirentes eum.
46သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ၍ ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။
46Et factum est, post triduum invenerunt illum in templo sedentem in medio doctorum, audientem illos, et interrogantem eos.
47သူ၏ စကားကိုကြား သောသူ အပေါင်း တို့သည် သူ၏ ပညာ ကို၎င်း၊ စကားအဖြေ ကို၎င်း အံ့ဩ ကြ၏။
47Stupebant autem omnes qui eum audiebant, super prudentia et responsis ejus.
48မိဘတို့သည် သား ကိုမြင် လျှင် မိန်းမော တွေဝေ၍ မယ်တော် က၊ ငါ့သား ၊ အဘယ်ကြောင့် ငါ တို့အား ဤသို့ ပြု သနည်း။ ညှိုးငယ် ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟုဆို သော်၊
48Et videntes admirati sunt. Et dixit mater ejus ad illum: Fili, quid fecisti nobis sic? ecce pater tuus et ego dolentes quærebamus te.
49ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ် ကိုရှာ ရပါသနည်း။ အကျွန်ုပ် သည်အဘ ၏ အိမ်၌ နေ ရ သည်ကို မ သိ ပါသလောဟု ပြောဆို လျှင် ၊
49Et ait ad illos: Quid est quod me quærebatis? nesciebatis quia in his quæ Patris mei sunt, oportet me esse?
50သူ တို့သည် ထို စကား ကိုနား မ လည်ကြ။
50Et ipsi non intellexerunt verbum quod locutus est ad eos.
51ထိုနောက် ယေရှုသည် မိဘ တို့နှင့်အတူ သွား သဖြင့် နာဇရက် မြို့သို့ ရောက် ၍ သူ တို့စကားကို နားထောင် လျက်နေ လေ၏။ ထို အကြောင်း အရာအလုံးစုံ တို့ကို မယ်တော် သည် နှလုံး ထဲ၌ မှတ်ကျုံး လေ၏။
51Et descendit cum eis, et venit Nazareth: et erat subditus illis. Et mater ejus conservabat omnia verba hæc in corde suo.
52ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။
52Et Jesus proficiebat sapientia, et ætate, et gratia apud Deum et homines.
Tip: use the ← and → keys to turn chapters.