ယောရှုမှတ်စာ 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ် ၍၊
1ויגשו ראשי אבות הלוים אל אלעזר הכהן ואל יהושע בן נון ואל ראשי אבות המטות לבני ישראל׃
2အကျွန်ုပ် တို့ နေ စရာဘို့ မြို့ တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ် တို့ကို၎င်း ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူပြီဟု ခါနာန် ပြည် ၊ ရှိလော မြို့၌ ပြောဆို ကြလျှင်၊
2וידברו אליהם בשלה בארץ כנען לאמר יהוה צוה ביד משה לתת לנו ערים לשבת ומגרשיהן לבהמתנו׃
3ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မိမိ တို့အမွေ ခံရသောမြေထဲက ၊ မြို့ နှင့် မြို့နယ် တို့ကိုပေး ကြ၏။
3ויתנו בני ישראל ללוים מנחלתם אל פי יהוה את הערים האלה ואת מגרשיהן׃
4စာရေးတံ ပြု၍ ကောဟတ် အဆွေ အမျိုးတို့သည် အမွေခံရာတွင်၊ လေဝိ သား ယဇ်ပုရောဟိတ် အာရုန် ၏ သား မြေးတို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ယုဒ ခရိုင်၊ ရှိမောင် ခရိုင်၊ ဗင်္ယာမိန် ခရိုင်ထဲက ဆယ် သုံး မြို့ ကို ရကြ၏။
4ויצא הגורל למשפחת הקהתי ויהי לבני אהרן הכהן מן הלוים ממטה יהודה וממטה השמעני וממטה בנימן בגורל ערים שלש עשרה׃
5ကြွင်းသော ကောဟတ် သား တို့သည် ဧဖရိမ် ခရိုင်၊ ဒန် ခရိုင်၊ မနာရှေ ခရိုင် ဝက် ထဲက ဆယ် မြို့ ကို ရကြ၏။
5ולבני קהת הנותרים ממשפחת מטה אפרים וממטה דן ומחצי מטה מנשה בגורל ערים עשר׃
6ဂေရရှုံ သား တို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ဣသခါ ခရိုင်၊ အာရှာ ခရိုင်၊ နဿလိ ခရိုင်၊ ဗာရှန် ပြည်၌ မနာရှေ ခရိုင်ဝက် ထဲက ၊ ဆယ် သုံး မြို့ ကို ရကြ၏။
6ולבני גרשון ממשפחות מטה יששכר וממטה אשר וממטה נפתלי ומחצי מטה מנשה בבשן בגורל ערים שלש עשרה׃
7မေရာရိ သား တို့သည် အဆွေ အမျိုးအလိုက် ရုဗင် ခရိုင်၊ ဂဒ် ခရိုင်၊ ဇာဗုလုန် ခရိုင်ထဲက ၊ ဆယ် နှစ် မြို့ ကို ရကြ၏။
7לבני מררי למשפחתם ממטה ראובן וממטה גד וממטה זבולן ערים שתים עשרה׃
8ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် စာရေးတံ ပြု၍ ထို မြို့ တို့ကို မြို့နယ် နှင့်တကွ လေဝိ သားတို့အား ပေး ကြ၏။
8ויתנו בני ישראל ללוים את הערים האלה ואת מגרשיהן כאשר צוה יהוה ביד משה בגורל׃
9ယုဒ အမျိုးသား ခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲက ပေး ၍ လေဝိ သား ဖြစ် သော ကောဟတ် အဆွေ အမျိုး၊
9ויתנו ממטה בני יהודה וממטה בני שמעון את הערים האלה אשר יקרא אתהן בשם׃
10အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား၊
10ויהי לבני אהרן ממשפחות הקהתי מבני לוי כי להם היה הגורל ראישנה׃
11ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
11ויתנו להם את קרית ארבע אבי הענוק היא חברון בהר יהודה ואת מגרשה סביבתיה׃
12သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။
12ואת שדה העיר ואת חצריה נתנו לכלב בן יפנה באחזתו׃
13လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။
13ולבני אהרן הכהן נתנו את עיר מקלט הרצח את חברון ואת מגרשה ואת לבנה ואת מגרשה׃
14ထိုမှတပါး၊ လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ် ၊ ဧရှတေမော မြို့နှင့် မြို့နယ်၊
14ואת יתר ואת מגרשה ואת אשתמע ואת מגרשה׃
15ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊
15ואת חלן ואת מגרשה ואת דבר ואת מגרשה׃
16အဣန မြို့နှင့် မြို့နယ် ၊ ယုတ္တ မြို့နှင့် မြို့နယ် ၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တည်းဟူသော ထို ခရိုင်နှစ် ခရိုင်ထဲက ကိုး မြို့ တို့ကို၎င်း၊
16ואת עין ואת מגרשה ואת יטה ואת מגרשה את בית שמש ואת מגרשה ערים תשע מאת שני השבטים האלה׃
17ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင် မြို့နှင့် မြို့နယ် ၊ ဂေဗ မြို့နှင့် မြို့နယ်၊
17וממטה בנימן את גבעון ואת מגרשה את גבע ואת מגרשה׃
18အာနသုတ် မြို့နှင့် မြို့နယ် ၊ အာလမုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း ပေးကြ၏။
18את ענתות ואת מגרשה ואת עלמון ואת מגרשה ערים ארבע׃
19အာရုန် ၏သား မြေး ယဇ်ပုရောဟိတ် တို့ရသောမြို့ ပေါင်း ကား၊ မြို့နယ် ပါသောမြို့ ဆယ် သုံး မြို့ရှိသတည်း။
19כל ערי בני אהרן הכהנים שלש עשרה ערים ומגרשיהן׃
20ကြွင်း သောကောဟတ် သား အဆွေ အမျိုးဖြစ်သော လေဝိ သားတို့သည် စာရေးတံ ပြု၍ ဧဖရိမ် ခရိုင်ထဲက ရသည်အတိုင်း၊
20ולמשפחות בני קהת הלוים הנותרים מבני קהת ויהי ערי גורלם ממטה אפרים׃
21လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
21ויתנו להם את עיר מקלט הרצח את שכם ואת מגרשה בהר אפרים ואת גזר ואת מגרשה׃
22ထိုမှတပါး ဂေဇာ မြို့နှင့် မြို့နယ် ၊ ကိဗဇိမ် မြို့နှင့် မြို့နယ် ၊ ဗေသောရုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း၊
22ואת קבצים ואת מגרשה ואת בית חורן ואת מגרשה ערים ארבע׃
23ဒန် ခရိုင်ထဲက ဧလတေက မြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိသုန် မြို့နှင့် မြို့နယ်၊
23וממטה דן את אלתקא ואת מגרשה את גבתון ואת מגרשה׃
24အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
24את אילון ואת מגרשה את גת רמון ואת מגרשה ערים ארבע׃
25မနာရှေ ခရိုင်ဝက် ထဲက တာနက် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်းပေးကြ၏။
25וממחצית מטה מנשה את תענך ואת מגרשה ואת גת רמון ואת מגרשה ערים שתים׃
26ကြွင်း သော ကောဟတ် သား အဆွေ အမျိုးတို့သည် ရသောမြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် မြို့တည်း။
26כל ערים עשר ומגרשיהן למשפחות בני קהת הנותרים׃
27လေဝိ အဆွေ အမျိုး၊ ဂေရရှုံ သား တို့အား လည်း ၊ မနာရှေ ခရိုင်ဝက် ထဲက လူအသက်ကိုသတ် မိသောသူ မှီခို ရာမြို့ ၊ ဗာရှန် ပြည်၌ ဂေါလန် မြို့နှင့် မြို့နယ် ၊ ဗေရှတေရ မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်း၊
27ולבני גרשון ממשפחת הלוים מחצי מטה מנשה את עיר מקלט הרצח את גלון בבשן ואת מגרשה ואת בעשתרה ואת מגרשה ערים שתים׃
28ဣသခါ ခရိုင်ထဲက ကိရှုန် မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
28וממטה יששכר את קשיון ואת מגרשה את דברת ואת מגרשה׃
29ယာမုတ် မြို့နှင့် မြို့နယ် ၊ အင်္ဂန္နိမ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
29את ירמות ואת מגרשה את עין גנים ואת מגרשה ערים ארבע׃
30အာရှာ ခရိုင်ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊
30וממטה אשר את משאל ואת מגרשה את עבדון ואת מגרשה׃
31ဟေလကတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
31את חלקת ואת מגרשה ואת רחב ואת מגרשה ערים ארבע׃
32နဿလိ ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသော သူမှီခို ရာမြို့ ၊ ဂါလိလဲ ပြည်၌ ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါ မြို့နှင့် မြို့နယ် ၊ ကာတံ မြို့နှင့် မြို့နယ် တည်းဟူသော သုံး မြို့ တို့ကို၎င်းပေးကြ၏။
32וממטה נפתלי את עיר מקלט הרצח את קדש בגליל ואת מגרשה ואת חמת דאר ואת מגרשה ואת קרתן ואת מגרשה ערים שלש׃
33ဂေရရှုံ သားတို့သည်၊ အဆွေ အမျိုးအလိုက် ရသော မြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် သုံး မြို့ တည်း။
33כל ערי הגרשני למשפחתם שלש עשרה עיר ומגרשיהן׃
34ကြွင်း သော လေဝိ သား၊ မေရာရိ အဆွေ အမျိုးတို့အား ဇာဗုလုန် ခရိုင်ထဲက ယောကနံ မြို့နှင့် မြို့နယ် ၊ ကာတ မြို့နှင့် မြို့နယ်၊
34ולמשפחות בני מררי הלוים הנותרים מאת מטה זבולן את יקנעם ואת מגרשה את קרתה ואת מגרשה׃
35ဒိမန မြို့နှင့် မြို့နယ် ၊ နဟာလာလ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
35את דמנה ואת מגרשה את נהלל ואת מגרשה ערים ארבע׃
36ရုဗင် ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယဟာဇ မြို့နှင့် မြို့နယ်၊
36וממטה ראובן את בצר ואת מגרשה ואת יהצה ואת מגרשה׃
37ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
37את קדמות ואת מגרשה ואת מיפעת ואת מגרשה ערים ארבע׃
38ဂဒ် ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊
38וממטה גד את עיר מקלט הרצח את רמת בגלעד ואת מגרשה ואת מחנים ואת מגרשה׃
39ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်းပေးကြ၏။
39את חשבון ואת מגרשה את יעזר ואת מגרשה כל ערים ארבע׃
40ကြွင်း သောလေဝိ အဆွေ အမျိုးမေရာရိ သား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် ရသောမြို့နယ်နှင့်တကွမြို့ ပေါင်း ကား ဆယ် နှစ် မြို့ တည်း။
40כל הערים לבני מררי למשפחתם הנותרים ממשפחות הלוים ויהי גורלם ערים שתים עשרה׃
41ဣသရေလ အမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိ သားနေသောမြို့ ပေါင်း ကား၊ မြို့နယ် နှင့်တကွ လေး ဆယ်ရှစ် မြို့ တည်း။
41כל ערי הלוים בתוך אחזת בני ישראל ערים ארבעים ושמנה ומגרשיהן׃
42ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။
42תהיינה הערים האלה עיר עיר ומגרשיה סביבתיה כן לכל הערים האלה׃
43ထာဝရဘုရား ကလည်း ၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာ ကျကြ၏။
43ויתן יהוה לישראל את כל הארץ אשר נשבע לתת לאבותם וירשוה וישבו בה׃
44ဘိုးဘေး တို့အား ကျိန်ဆို တော်မူသမျှ အတိုင်း ၊ ပတ်ဝန်းကျင် အရပ်တို့၌ ငြိမ်ဝပ် ရာအခွင့်ကိုပေးတော်မူသဖြင့် ၊ သူ တို့ရှေ့ မှာ အဘယ်ရန်သူ မျှမ ရပ် နိုင်။ ရန်သူ အပေါင်း တို့ကို သူ တို့လက် သို့ အပ် တော်မူ၏။
44וינח יהוה להם מסביב ככל אשר נשבע לאבותם ולא עמד איש בפניהם מכל איביהם את כל איביהם נתן יהוה בידם׃
45ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။
45לא נפל דבר מכל הדבר הטוב אשר דבר יהוה אל בית ישראל הכל בא׃
Tip: use the ← and → keys to turn chapters.