ယောရှုမှတ်စာ 14
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ခါနာန် ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုး အနွယ်တို့၌ မင်း ဖြစ်သောသူတို့သည် အမွေ ဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေ ခံရကြ၏။
1ואלה אשר נחלו בני ישראל בארץ כנען אשר נחלו אותם אלעזר הכהן ויהושע בן נון וראשי אבות המטות לבני ישראל׃
2ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုး ကိုး မျိုးနှင့် တဝက် တို့သည် စာရေးတံ ပြု၍ အမွေ ခံရကြ၏။
2בגורל נחלתם כאשר צוה יהוה ביד משה לתשעת המטות וחצי המטה׃
3မောရှေ သည် ဣသရေလအမျိုး နှစ် မျိုးနှင့် တဝက် တို့အား၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ပေး နှင့်ပြီ။ လေဝိ သားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေ မ ပေး။
3כי נתן משה נחלת שני המטות וחצי המטה מעבר לירדן וללוים לא נתן נחלה בתוכם׃
4ယောသပ် အမျိုးသား တို့သည် မနာရှေ အမျိုး ၊ ဧဖရိမ် အမျိုးနှစ် မျိုးဖြစ် ၍ ၊ လေဝိ သားတို့နေ စရာ မြို့ ၊ သူ တို့ တိရစ္ဆာန် နှင့် ဥစ္စာ ကို ထားစရာမြို့နယ် မှတပါး အခြားသောမြေ ကို မ ပေး။
4כי היו בני יוסף שני מטות מנשה ואפרים ולא נתנו חלק ללוים בארץ כי אם ערים לשבת ומגרשיהם למקניהם ולקנינם׃
5မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် ပြု ၍ မြေ ကို ဝေဖန် ကြ၏။
5כאשר צוה יהוה את משה כן עשו בני ישראל ויחלקו את הארץ׃
6ထိုအခါ ယုဒ အမျိုးသား တို့သည်၊ ဂိလဂါလ မြို့၌ ယောရှု ထံ သို့လာ ၍ ၊ ကေနက် အမျိုးယေဖုန္နာ ၏သား ကာလက် က၊ ထာဝရဘုရား သည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော် နှင့် အကျွန်ုပ် ကို ရည်ဆောင် ၍၊ ဘုရား သခင်၏လူ မောရှေ အား မိန့် တော်မူသော စကား ကို ကိုယ်တော် သိ ပါ၏။
6ויגשו בני יהודה אל יהושע בגלגל ויאמר אליו כלב בן יפנה הקנזי אתה ידעת את הדבר אשר דבר יהוה אל משה איש האלהים על אדותי ועל אדותיך בקדש ברנע׃
7ဤပြည် ကို စူးစမ်း စေခြင်းငှါ ဘုရား သခင်၏ ကျွန် မောရှေ သည် အကျွန်ုပ် ကို ကာဒေရှဗာနာ အရပ်မှ စေလွှတ် သောအခါ ၊ အကျွန်ုပ် သည် အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ် စိတ် ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။
7בן ארבעים שנה אנכי בשלח משה עבד יהוה אתי מקדש ברנע לרגל את הארץ ואשב אתו דבר כאשר עם לבבי׃
8အကျွန်ုပ် နှင့်အတူ သွား သော ညီအစ်ကို တို့သည်၊ လူ များစိတ်ပျက် စရာကို ပြုသော်လည်း ၊ အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်ပါ၏။
8ואחי אשר עלו עמי המסיו את לב העם ואנכי מלאתי אחרי יהוה אלהי׃
9ထို နေ့ ရက်၌ မောရှေ က၊ သင်သည် ငါ ၏ဘုရား သခင် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ အကယ်၍သင်နင်း ပြီးသောမြေ သည် အစဉ် အဆက် သင် ၏အမွေ၊ သင် ၏ သား မြေးတို့၏အမွေ ဖြစ် ရလိမ့်မည်ဟု ကျိန်ဆို လေ၏။
9וישבע משה ביום ההוא לאמר אם לא הארץ אשר דרכה רגלך בה לך תהיה לנחלה ולבניך עד עולם כי מלאת אחרי יהוה אלהי׃
10ဣသရေလ အမျိုးသည် တော ၌ လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း ၊ အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။
10ועתה הנה החיה יהוה אותי כאשר דבר זה ארבעים וחמש שנה מאז דבר יהוה את הדבר הזה אל משה אשר הלך ישראל במדבר ועתה הנה אנכי היום בן חמש ושמונים שנה׃
11သို့ရာတွင် မောရှေ စေလွှတ် သောနေ့ ၌ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက် ဝင် ခြင်းအမှု၊ စစ်တိုက် ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သကဲ့သို့ ယခုလည်း တတ်စွမ်း နိုင်ပါ၏။
11עודני היום חזק כאשר ביום שלח אותי משה ככחי אז וככחי עתה למלחמה ולצאת ולבוא׃
12သို့ဖြစ်၍ ထို နေ့ ၌ ထာဝရဘုရား မိန့် တော်မူသော ဤ တောင် ကို အကျွန်ုပ် အား ပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်း ကို၎င်း၊ ကြီးမား ခိုင်ခံ့ သော မြို့ တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထို နေ့ ၌ ကိုယ်တော် သည် ကြား ရပြီ။ သို့ရာတွင် ထာဝရဘုရား သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင်၊ အမိန့် တော်ရှိသည်အတိုင်း ထိုသူ တို့ကို နှင်ထုတ် ခြင်းငှါအကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက် ဆို၏။
12ועתה תנה לי את ההר הזה אשר דבר יהוה ביום ההוא כי אתה שמעת ביום ההוא כי ענקים שם וערים גדלות בצרות אולי יהוה אותי והורשתים כאשר דבר יהוה׃
13ထိုအခါ ယောရှု သည် ကောင်းကြီး ပေး၏။ ဟေဗြုန် ပြည်ကိုလည်း ၊ ယေဖုန္နာ ၏သား ကာလက် အမွေခံ စရာဘို့ အပ် ပေးလေ၏။
13ויברכהו יהושע ויתן את חברון לכלב בן יפנה לנחלה׃
14သို့ဖြစ်၍ ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့ တိုင်အောင် ကာလက်၏အမွေ မြေဖြစ် သတည်း။
14על כן היתה חברון לכלב בן יפנה הקנזי לנחלה עד היום הזה יען אשר מלא אחרי יהוה אלהי ישראל׃
15ဟေဗြုန် မြို့သည် အထက် က ကိရယသာဘ အမည် ရှိ၏။ အာဗသည် အာနက အမျိုးသားတို့တွင် လူကြီး ဖြစ်၏။ ထိုအခါ တပြည် လုံးစစ် ငြိမ်း လေ၏။
15ושם חברון לפנים קרית ארבע האדם הגדול בענקים הוא והארץ שקטה ממלחמה׃
Tip: use the ← and → keys to turn chapters.