ယောရှုမှတ်စာ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1သို့ရာတွင် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။
1וימעלו בני ישראל מעל בחרם ויקח עכן בן כרמי בן זבדי בן זרח למטה יהודה מן החרם ויחר אף יהוה בבני ישראל׃
2ယောရှု သည်လည်း ၊ ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ၊ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ၍ ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်၊
2וישלח יהושע אנשים מיריחו העי אשר עם בית און מקדם לבית אל ויאמר אליהם לאמר עלו ורגלו את הארץ ויעלו האנשים וירגלו את העי׃
3ယောရှု ထံ သို့ ပြန် လာ၍ ၊ ဤလူ တို့ကို အကုန်အစင် မ သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား ၍ အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ၊
3וישבו אל יהושע ויאמרו אליו אל יעל כל העם כאלפים איש או כשלשת אלפים איש יעלו ויכו את העי אל תיגע שמה את כל העם כי מעט המה׃
4လူ သုံး ထောင် ခန့် မျှ ချီ သွား၍ အာဣ မြို့သား တို့ ရှေ့ မှာ ပြေး ရကြ၏။
4ויעלו מן העם שמה כשלשת אלפים איש וינסו לפני אנשי העי׃
5အာဣ မြို့သား တို့သည် လူ သုံးဆယ် ခြောက် ယောက်တို့ကိုသတ် ကြ၏။ မြို့တံခါး မှ သည် ရှေဗရိမ် အရပ် တိုင်အောင် လိုက် ၍ ၊ ထိုအရပ်၌ ဆင်း ရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူ များတို့၏ စိတ်နှလုံး သည် အရည်ကျို ၍ ရေ ကဲ့သို့ ဖြစ် လေ၏။
5ויכו מהם אנשי העי כשלשים וששה איש וירדפום לפני השער עד השברים ויכום במורד וימס לבב העם ויהי למים׃
6ထိုအခါ ယောရှု သည် မိမိ အဝတ် ကို ဆုတ် ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ ၊ မိမိ တို့ခေါင်း ပေါ် ၌ မြေမှုန့် ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာ တော် ရှေ့ မှာ ည ဦးတိုင်အောင် ဝပ် လျက်နေကြ၏။
6ויקרע יהושע שמלתיו ויפל על פניו ארצה לפני ארון יהוה עד הערב הוא וזקני ישראל ויעלו עפר על ראשם׃
7ယောရှု ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။
7ויאמר יהושע אהה אדני יהוה למה העברת העביר את העם הזה את הירדן לתת אתנו ביד האמרי להאבידנו ולו הואלנו ונשב בעבר הירדן׃
8အို ဘုရား ရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူ တို့ရှေ့ မှာ ကျော ကိုလှည့် ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြော ရပါမည်နည်း။
8בי אדני מה אמר אחרי אשר הפך ישראל ערף לפני איביו׃
9ခါနနိ လူ အစရှိသော ဤပြည်သူပြည်သား အပေါင်း တို့သည် ထိုသိတင်းကို ကြား လျှင်၊ အကျွန်ုပ် တို့ကို ဝိုင်း ၍ အကျွန်ုပ် တို့၏နာမည် ကို မြေကြီး မှ ပယ်ရှင်း ကြပါ လိမ့်မည်။ ကိုယ်တော် သည် ကြီးမြတ် သောနာမ တော်အဘို့ အလိုငှါ အဘယ်သို့ ပြု တော်မူမည်နည်းဟု လျှောက်ဆို ၏။
9וישמעו הכנעני וכל ישבי הארץ ונסבו עלינו והכריתו את שמנו מן הארץ ומה תעשה לשמך הגדול׃
10ထာဝရဘုရား ကလည်း ၊ ထ လော့။ အဘယ်ကြောင့် ဝပ် ၍နေသနည်း။
10ויאמר יהוה אל יהושע קם לך למה זה אתה נפל על פניך׃
11ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။
11חטא ישראל וגם עברו את בריתי אשר צויתי אותם וגם לקחו מן החרם וגם גנבו וגם כחשו וגם שמו בכליהם׃
12ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ၊ ရန်သူ တို့ရှေ့ မှာ မခံ မ ရပ်နိုင် ၊ ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က မ ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ။
12ולא יכלו בני ישראל לקום לפני איביהם ערף יפנו לפני איביהם כי היו לחרם לא אוסיף להיות עמכם אם לא תשמידו החרם מקרבכם׃
13ထ ၍ လူ များတို့ကို သန့်ရှင်း စေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စေကြဟု ဆင့်ဆို လော့။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အိုဣသရေလ အမျိုး၊ ကျိန် အပ်သောအရာ သည် သင် တို့အထဲ ၌ ရှိ၏။ ထိုအရာကို သင် တို့အထဲ က မပယ် မရှင်းမှီတိုင်အောင် ရန်သူ တို့ရှေ့ မှာ မ ခံ မရပ်နိုင် ကြ။
13קם קדש את העם ואמרת התקדשו למחר כי כה אמר יהוה אלהי ישראל חרם בקרבך ישראל לא תוכל לקום לפני איביך עד הסירכם החרם מקרבכם׃
14နက်ဖြန်နံနက် ၌ သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။
14ונקרבתם בבקר לשבטיכם והיה השבט אשר ילכדנו יהוה יקרב למשפחות והמשפחה אשר ילכדנה יהוה תקרב לבתים והבית אשר ילכדנו יהוה יקרב לגברים׃
15ကျိန် အပ်သော အရာပါ လျက် မှတ် တော်မူသောသူမှစ၍၊ သူ ၌ ရှိသမျှ တို့ကို မီး ရှို့ရကြမည်။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ် တရားကို ဖျက် ၍ ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု လေပြီဟု ယောရှု အား မိန့် တော်မူ၏။
15והיה הנלכד בחרם ישרף באש אתו ואת כל אשר לו כי עבר את ברית יהוה וכי עשה נבלה בישראל׃
16နံနက် စောစောယောရှု သည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ် အလိုက် ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ကို မှတ် တော်မူ၏။
16וישכם יהושע בבקר ויקרב את ישראל לשבטיו וילכד שבט יהודה׃
17ယုဒ အမျိုး ကို ဆောင် ခဲ့သဖြင့် ၊ ဇေရိ အဆွေအမျိုး ကို မှတ် တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင် စုံ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ် တော်မူ၏။
17ויקרב את משפחת יהודה וילכד את משפחת הזרחי ויקרב את משפחת הזרחי לגברים וילכד זבדי׃
18ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။
18ויקרב את ביתו לגברים וילכד עכן בן כרמי בן זבדי בן זרח למטה יהודה׃
19ယောရှု ကလည်း၊ ငါ့ သား ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်၊
19ויאמר יהושע אל עכן בני שים נא כבוד ליהוה אלהי ישראל ותן לו תודה והגד נא לי מה עשית אל תכחד ממני׃
20အာခန် က၊ ဟုတ် ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ကျွန်တော် ပြစ်မှား ပါပြီ။ ကျွန်တော်ပြု မိသောအမှု ဟူမူကား၊
20ויען עכן את יהושע ויאמר אמנה אנכי חטאתי ליהוה אלהי ישראל וכזאת וכזאת עשיתי׃
21လုယူ သော ဥစ္စာတို့တွင် မြတ် သောဗာဗုလုန် ဝတ်လုံ ၊ ငွေ နှစ် ပိဿာ၊ ရွှေ တုံးအကျပ် ငါးဆယ် ကို ကျွန်တော် မြင် သဖြင့် ၊ တပ်မက် ၍ သိမ်းယူ မိပါပြီ။ ကျွန်တော် တဲ အတွင်း မြေ ၌ မြှုပ် လျက် ငွေ သည် အောက် ဆုံးရှိပါ သည်ဟု ယောရှု အား ပြန် လျှောက်လေ၏။
21ואראה בשלל אדרת שנער אחת טובה ומאתים שקלים כסף ולשון זהב אחד חמשים שקלים משקלו ואחמדם ואקחם והנם טמונים בארץ בתוך האהלי והכסף תחתיה׃
22ထိုအခါ ယောရှု စေလွှတ် သောသူ တို့သည် တဲ သို့ ပြေး ၍ ထိုဥစ္စာသည် တဲ အတွင်း မြေ၌မြှုပ် လျက်၊ ငွေ သည် အောက် ဆုံးရှိသည်ကို တွေ့ သော်၊
22וישלח יהושע מלאכים וירצו האהלה והנה טמונה באהלו והכסף תחתיה׃
23တဲ ထဲ က ထုတ် ၍ ယောရှု ထံ ဣသရေလ အမျိုးသားများရှေ့ သို့ ဆောင် သွားသဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ကြ၏။
23ויקחום מתוך האהל ויבאום אל יהושע ואל כל בני ישראל ויצקם לפני יהוה׃
24ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
24ויקח יהושע את עכן בן זרח ואת הכסף ואת האדרת ואת לשון הזהב ואת בניו ואת בנתיו ואת שורו ואת חמרו ואת צאנו ואת אהלו ואת כל אשר לו וכל ישראל עמו ויעלו אתם עמק עכור׃
25ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
25ויאמר יהושע מה עכרתנו יעכרך יהוה ביום הזה וירגמו אתו כל ישראל אבן וישרפו אתם באש ויסקלו אתם באבנים׃
26သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။
26ויקימו עליו גל אבנים גדול עד היום הזה וישב יהוה מחרון אפו על כן קרא שם המקום ההוא עמק עכור עד היום הזה׃
Tip: use the ← and → keys to turn chapters.