ယောရှုမှတ်စာ

Old Testament

Chapter 17

ယောရှုမှတ်စာ

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယောရှုမှတ်စာ 17

Judson Burmese Bible (1840)
Modern Hebrew Bible
1ယောသပ် ၏သားဦး မနာရှေ အမျိုးသား တို့သည် စာရေးတံ ပြု ၍ အမွေခံရသောမြေဟူမူကား၊ မနာရှေ ၏သား တည်းဟူသော ဂိလဒ် ၏အဘ မာခိရ သည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ် ပြည်နှင့် ဗာရှန် ပြည်ကိုရ ၏။
1ויהי הגורל למטה מנשה כי הוא בכור יוסף למכיר בכור מנשה אבי הגלעד כי הוא היה איש מלחמה ויהי לו הגלעד והבשן׃
2ယောသပ် ၏သား မနာရှေ ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာ သား ၊ ဟေလက် သား ၊ အသရေလ သား ၊ ရှေခင် သား ၊ ဟေဖာ သား ၊ ရှမိဒ သား တို့သည် အဆွေ အမျိုးအလိုက် စာရေးတံပြု၍ရကြသေး၏။
2ויהי לבני מנשה הנותרים למשפחתם לבני אביעזר ולבני חלק ולבני אשריאל ולבני שכם ולבני חפר ולבני שמידע אלה בני מנשה בן יוסף הזכרים למשפחתם׃
3သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါ တို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ သူ ၏သမီး တို့အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
3ולצלפחד בן חפר בן גלעד בן מכיר בן מנשה לא היו לו בנים כי אם בנות ואלה שמות בנתיו מחלה ונעה חגלה מלכה ותרצה׃
4ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ မင်း များရှေ့ သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော် နှင့်အတူအမွေ ခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း သူ တို့အဘ ၏ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကိုပေး ၏။
4ותקרבנה לפני אלעזר הכהן ולפני יהושע בן נון ולפני הנשיאים לאמר יהוה צוה את משה לתת לנו נחלה בתוך אחינו ויתן להם אל פי יהוה נחלה בתוך אחי אביהן׃
5ထိုသို့ မနာရှေ ၏သမီး တို့သည် သား တို့နှင့်အတူ အမွေ ကိုခံရ ၍ ၊ မနာရှေ ၏သား အချို့ တို့သည် ဂိလဒ် ပြည် ကိုရ သောကြောင့်၊
5ויפלו חבלי מנשה עשרה לבד מארץ הגלעד והבשן אשר מעבר לירדן׃
6ယော်ဒန် မြစ်အရှေ့ ဘက် ဂိလဒ် ပြည် နှင့် ဗာရှန် ပြည်မှတပါး ၊ မနာရှေ အမျိုးသည်ဆယ်ဘို့ ကိုရ သေး၏။
6כי בנות מנשה נחלו נחלה בתוך בניו וארץ הגלעד היתה לבני מנשה הנותרים׃
7မနာရှေ ခရိုင်အပိုင်း အခြားသည် အာရှာ ခရိုင်မှ ရှေခင် မြို့ရှေ့ တွင်ရှိသော မိတ်မေသ မြို့သို့ သွား၍ လက်ျာ ဘက်၌ အင်တာပွါ မြို့သို့ လိုက် လေ၏။
7ויהי גבול מנשה מאשר המכמתת אשר על פני שכם והלך הגבול אל הימין אל ישבי עין תפוח׃
8တာပွါ မြို့နယ် ကို မနာရှေ ပိုင်သော်လည်း ၊ မနာရှေ ခရိုင် စွန်းမှာ ရှိသော တာပွါ မြို့ကို ဧဖရိမ် သား တို့သည် ပိုင်ကြ၏။
8למנשה היתה ארץ תפוח ותפוח אל גבול מנשה לבני אפרים׃
9တဖန် အပိုင်း အခြားသည် ကာန မြစ် တောင် ဘက်သို့ လိုက် ၍၊ မနာရှေ မြို့ တို့တွင် ဧဖရိမ် မြို့အချို့ ပါသော်လည်း ၊ မြစ် မြောက် ဘက်မြေသည် မနာရှေ မြေ ဖြစ် ၍ ပင်လယ် ၌ ဆုံး လေ၏။
9וירד הגבול נחל קנה נגבה לנחל ערים האלה לאפרים בתוך ערי מנשה וגבול מנשה מצפון לנחל ויהי תצאתיו הימה׃
10တောင် ဘက်၌ ဧဖရိမ် မြေ၊ မြောက် ဘက်၌ မနာရှေ မြေဖြစ်လျက်၊ ပင်လယ် ကန့် ကွက်၍ မြောက် ဘက်၌ အာရှာ ခရိုင်၊ အရှေ့ ဘက်၌ ဣသခါ ခရိုင်ရှိ ၏။
10נגבה לאפרים וצפונה למנשה ויהי הים גבולו ובאשר יפגעון מצפון וביששכר ממזרח׃
11ထိုခရိုင်၌ မနာရှေ အမျိုးရသောပြည် သုံး ပြည်ဟူမူကား ၊ ဗက်ရှန် မြို့နှင့် သူ့ မြို့ ရွာများ၊ ဣဗလံ မြို့နှင့် သူ့ မြို့ ရွာများ၊ ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ အင်္ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ တာနက် မြို့နှင့် သူ့ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့နှင့် သူ့ မြို့ ရွာများတို့ကို ရသေး၏။
11ויהי למנשה ביששכר ובאשר בית שאן ובנותיה ויבלעם ובנותיה ואת ישבי דאר ובנותיה וישבי עין דר ובנתיה וישבי תענך ובנתיה וישבי מגדו ובנותיה שלשת הנפת׃
12သို့ရာတွင် မနာရှေ အမျိုးသား တို့သည် ထို မြို့ တို့ကို မ သိမ်း မယူနိုင် ဘဲ၊ ခါနနိ လူတို့သည် ထို အရပ် ၌ အနိုင် နေ ကြ၏။
12ולא יכלו בני מנשה להוריש את הערים האלה ויואל הכנעני לשבת בארץ הזאת׃
13ဣသရေလ လူတို့သည် အားတိုးပွား သောအခါ ၊ ထိုခါနနိ လူတို့ကို အကုန်အစင်မ နှင်ထုတ် ဘဲ အခွန် ပေး စေကြ၏။
13ויהי כי חזקו בני ישראל ויתנו את הכנעני למס והורש לא הורישו׃
14ယောသပ် အမျိုးသား တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ တ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊
14וידברו בני יוסף את יהושע לאמר מדוע נתתה לי נחלה גורל אחד וחבל אחד ואני עם רב עד אשר עד כה ברכני יהוה׃
15ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် ၊ တော အရပ်သို့ သွား ၍ ဖေရဇိ ပြည် ၊ ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။
15ויאמר אליהם יהושע אם עם רב אתה עלה לך היערה ובראת לך שם בארץ הפרזי והרפאים כי אץ לך הר אפרים׃
16ယောသပ် အမျိုးသား တို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ မ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ၊ ယေဇရေလ ချိုင့် ၌ ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
16ויאמרו בני יוסף לא ימצא לנו ההר ורכב ברזל בכל הכנעני הישב בארץ העמק לאשר בבית שאן ובנותיה ולאשר בעמק יזרעאל׃
17ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ခွန်အား ကြီး သောကြောင့်၊ တ ဘို့ တည်းကိုသာ မ ယူရ။
17ויאמר יהושע אל בית יוסף לאפרים ולמנשה לאמר עם רב אתה וכח גדול לך לא יהיה לך גורל אחד׃
18တောင် သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ သစ်ပင် များလျှင် ခုတ် လှဲရမည်။ ထွက် ရာလမ်းတို့သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ ခါနနိ လူတို့သည် ခွန်အား ကြီး၍ သံ ရထား နှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ် ကြလိမ့်မည်ဟု ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးတည်းဟူသောယောသပ် အမျိုးသား တို့အား ပြော ဆို၏။
18כי הר יהיה לך כי יער הוא ובראתו והיה לך תצאתיו כי תוריש את הכנעני כי רכב ברזל לו כי חזק הוא׃

Tip: use the ← and → keys to turn chapters.