ယောဘဝတ္တု။

Old Testament

Chapter 21
Judson Burmese Bible (18…
vs Louis Segond 1910
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 21

Judson Burmese Bible (1840)
Louis Segond 1910
1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
1Job prit la parole et dit:
2ငါ့ စကား ကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြု ကြလော့။
2Écoutez, écoutez mes paroles, Donnez-moi seulement cette consolation.
3ငါ ပြော ရသောအခွင့်ရှိစေခြင်းငှါသည်းခံ ကြလော့။ ငါပြော ပြီးမှ ပြက်ယယ် ပြုချင်လျှင် ပြုကြလော့။
3Laissez-moi parler, je vous prie; Et, quand j’aurai parlé, tu pourras te moquer.
4ငါ မြည်တမ်း သောအရာနှင့် လူ ဆိုင်သလော။ အဘယ်ကြောင့် စိတ် မ တို သင့်သနည်း။
4Est-ce contre un homme que se dirige ma plainte? Et pourquoi mon âme ne serait-elle pas impatiente?
5ငါ့ ကို ကြည့်ရှု လျက် မိန်းမော တွေဝေ၍ ၊ သင်တို့ပစပ် ကို သင်တို့လက် နှင့် ဖုံးအုပ် ကြလော။
5Regardez-moi, soyez étonnés, Et mettez la main sur la bouche.
6ငါသည်အောက်မေ့ သောအခါ ၊ မိန်းမော တွေဝေ၍ ၊ ကိုယ် အသားသည် တုန်လှုပ် လျက်ရှိ၏။
6Quand j’y pense, cela m’épouvante, Et un tremblement saisit mon corps.
7လူဆိုး တို့သည် အသက် ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက် ကြီး၍ ဘုန်း စည်းစိမ်နှင့် ပြည့်စုံ ကြသနည်း။
7Pourquoi les méchants vivent-ils? Pourquoi les voit-on vieillir et accroître leur force?
8သူ တို့သား သမီးတို့သည် သူ တို့ပတ်ဝန်းကျင်အရပ်၌ ၎င်း၊ သူ တို့အမျိုးအနွယ် သည် သူ တို့ရှေ့မှောက် ၌၎င်း နေရာ ကျကြ၏။
8Leur postérité s’affermit avec eux et en leur présence, Leurs rejetons prospèrent sous leurs yeux.
9သူ တို့အိမ် များသည်လည်း ဘေး နှင့်လွတ်၍ ငြိမ်ဝပ် ကြ၏။ ဘုရား သခင်ဒဏ်ခတ် တော်မူခြင်းနှင့် ကင်းလွတ် ကြ၏။
9Dans leurs maisons règne la paix, sans mélange de crainte; La verge de Dieu ne vient pas les frapper.
10သူ တို့နွားလား သည် မ ချွတ်မလွှဲ အရွယ် လိုက်တတ်၏။ နွားမ သည်လည်း ဝမ်းပိုး မ ပျက်ဘွား တတ်၏။
10Leurs taureaux sont vigoureux et féconds, Leurs génisses conçoivent et n’avortent point.
11သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
11Ils laissent courir leurs enfants comme des brebis, Et les enfants prennent leurs ébats.
12သူတို့သည် ပတ်တာ နှင့် စောင်း ကို တီးလျက်၊ သီချင်းဆို၍ နှဲခရာ မှုတ်သံ နှင့် ဝမ်းမြောက် တတ်ကြ၏။
12Ils chantent au son du tambourin et de la harpe, Ils se réjouissent au son du chalumeau.
13ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။
13Ils passent leurs jours dans le bonheur, Et ils descendent en un instant au séjour des morts.
14ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊
14Ils disaient pourtant à Dieu: Retire-toi de nous; Nous ne voulons pas connaître tes voies.
15အနန္တ တန်ခိုးရှင်သည် အဘယ်သို့ သောသူဖြစ်၍ငါတို့သည် ဝတ်ပြု ရမည်နည်း။ သူ့ ကို ဆုတောင်း လျှင် အဘယ် ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
15Qu’est-ce que le Tout-Puissant, pour que nous le servions? Que gagnerons-nous à lui adresser nos prières?
16သို့သော်လည်း သူတို့သည် ကိုယ် စည်းစိမ် ကို ကိုယ်မ ပိုင်ကြ။ မ တရားသောသူတို့၏ အကြံအစည် ကို ငါသည် ဝန်မခံ။
16Quoi donc! Ne sont-ils pas en possession du bonheur? Loin de moi le conseil des méchants!
17မ တရားသောသူတို့၏ မီးခွက် သည် သေ ၍ ၊ သူ တို့ကို ဖျက်ဆီး ခြင်းငှါဘုရားသခင်သည် အမျက် တော် ထွက်သဖြင့်၊ ဘယ် နှစ်ကြိမ်ဘေးဥပဒ် တို့ကို စီရင် တော်မူဘူးသည်ကို၎င်း၊
17Mais arrive-t-il souvent que leur lampe s’éteigne, Que la misère fonde sur eux, Que Dieu leur distribue leur part dans sa colère,
18သူတို့သည် လေ ရှေ့မှာအမှိုက် နှင့် မုန်တိုင်း တိုက် သွားသော ဖွဲ ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ဘူးသည်ကို၎င်း၊
18Qu’ils soient comme la paille emportée par le vent, Comme la balle enlevée par le tourbillon?
19ဘုရား သခင်သည် သူ ၏အပြစ် ကို သူ ၏သားသမီး တို့အဘို့ ဘယ်နှစ်ကြိမ်သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ ၍၊
19Est-ce pour les fils que Dieu réserve le châtiment du père? Mais c’est lui que Dieu devrait punir, pour qu’il le sente;
20ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
20C’est lui qui devrait contempler sa propre ruine, C’est lui qui devrait boire la colère du Tout-Puissant.
21သူ နေရသောနှစ်လ စေ့သောအခါ ၊ သူ့ သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
21Car, que lui importe sa maison après lui, Quand le nombre de ses mois est achevé?
22မြင့် သောအရပ်၌နေသောသူတို့ကို အစိုးရ တော်မူသောဘုရား သခင်ကို အဘယ်သူ သွန်သင် လိမ့်မည်နည်း။
22Est-ce à Dieu qu’on donnera de la science, A lui qui gouverne les esprits célestes?
23တ ယောက်သောသူကား ခွန်အား နှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ် ချမ်းသာ စွာ သေ တတ်၏။
23L’un meurt au sein du bien-être, De la paix et du bonheur,
24သူ ၏နံဖေး တို့သည် ဆူဖြိုး ၍၊ အရိုး တို့လည်း ခြင်ဆီ နှင့် စိုစွတ် ကြ၏။
24Les flancs chargés de graisse Et la mœlle des os remplie de sève;
25တ ယောက်သောသူကား တခါမျှမ ပျော်မွေ့ ၊ စိတ် ညှိုးငယ် လျက် သေ တတ်၏။
25L’autre meurt, l’amertume dans l’âme, Sans avoir joui d’aucun bien.
26နှစ် ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့် ၌ အိပ် ၍ တီကောင် များ ဖုံးလွှမ်း ခြင်းကိုခံရကြ၏။
26Et tous deux se couchent dans la poussière, Tous deux deviennent la pâture des vers.
27သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။
27Je sais bien quelles sont vos pensées, Quels jugements iniques vous portez sur moi.
28အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
28Vous dites: Où est la maison de l’homme puissant? Où est la tente qu’habitaient les impies?
29ခရီးသွား သောသူတို့ကို မ မေး ကြဘူးသလော။
29Mais quoi! N’avez-vous point interrogé les voyageurs, Et voulez-vous méconnaître ce qu’ils prouvent?
30ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။
30Au jour du malheur, le méchant est épargné; Au jour de la colère, il échappe.
31သူ ပြု သောအမှုကို သူ့ ရှေ့ မှာ အဘယ်သူ ဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက်အဘယ် သူဆပ်ပေး လိမ့်မည်နည်း။
31Qui lui reproche en face sa conduite? Qui lui rend ce qu’il a fait?
32သူ သည် သင်္ဂြိုဟ် ခြင်းသို့ရောက်၍ ၊ သူ၏သင်္ချိုင်း ပုံကို အစောင့် ထားကြလိမ့်မည်။
32Il est porté dans un sépulcre, Et il veille encore sur sa tombe.
33သူသည် ချိုင့် မြေစိုင် တို့ကို ချိုနိုး ထင်လိမ့်မည်။ မ ရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ ရှေ့ ၌ သွားနှင့်သကဲ့သို့၊ သူသည် လူ ခပ်သိမ်း တို့ကို မိမိ နောက် ၌ သွေးဆောင်လိမ့်မည်။
33Les mottes de la vallée lui sont légères; Et tous après lui suivront la même voie, Comme une multitude l’a déjà suivie.
34သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
34Pourquoi donc m’offrir de vaines consolations? Ce qui reste de vos réponses n’est que perfidie.

Tip: use the ← and → keys to turn chapters.