ကမ္ဘာဦးကျမ်း

Old Testament

Chapter 41
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 41

Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုနောက် နှစ် နှစ်လွန် သောအခါ ၊ ဖါရော မင်း သည် အိပ်မက် ကို မြင်မက်သည်ကား၊ မိမိသည် မြစ် နား ၌ ရပ် နေ၏။
1ויהי מקץ שנתים ימים ופרעה חלם והנה עמד על היאר׃
2အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
2והנה מן היאר עלת שבע פרות יפות מראה ובריאת בשר ותרעינה באחו׃
3ထိုနွားတို့နောက်မှ အဆင်း မ လှ၊ ပိန်သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ အရင်နွား တို့ အနား ၌ ကမ်း ပေါ် မှာ ရပ် နေကြ၏။
3והנה שבע פרות אחרות עלות אחריהן מן היאר רעות מראה ודקות בשר ותעמדנה אצל הפרות על שפת היאר׃
4အဆင်း မ လှ ပိန် သောနွား တို့သည်၊ အဆင်း လှ ၍ ဝ သောနွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။ ဖါရော မင်းလည်း နိုး လေ၏။
4ותאכלנה הפרות רעות המראה ודקת הבשר את שבע הפרות יפת המראה והבריאת וייקץ פרעה׃
5တဖန် အိပ် ပြန်၍ အိပ်မက် ကို မြင်မက်ပြန်သည် ကား၊ အလုံး ကြီး ၍ ကောင်း သော စပါးခုနစ် နှံတို့သည် စပါး တပင် တည်း၌ ဖြစ်ကြ၏။
5ויישן ויחלם שנית והנה שבע שבלים עלות בקנה אחד בריאות וטבות׃
6ထိုနောက်မှ အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
6והנה שבע שבלים דקות ושדופת קדים צמחות אחריהן׃
7အလုံး သေးသော စပါး ခုနစ် နှံတို့သည် အလုံး ကြီး၍ ကောင်း သော စပါး ခုနစ်နှံတို့ကို စား ကြ၏။ ဖါရော မင်းလည်း နိုး ၍ အိပ်မက် ဖြစ်သည်ကို သိ လေ၏။
7ותבלענה השבלים הדקות את שבע השבלים הבריאות והמלאות וייקץ פרעה והנה חלום׃
8နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
8ויהי בבקר ותפעם רוחו וישלח ויקרא את כל חרטמי מצרים ואת כל חכמיה ויספר פרעה להם את חלמו ואין פותר אותם לפרעה׃
9ထိုအခါ ဖလား တော်ဝန်က ၊ ကျွန်တော် သည် ကိုယ် အပြစ် ကို ယနေ့ အောက်မေ့ ပါ၏။
9וידבר שר המשקים את פרעה לאמר את חטאי אני מזכיר היום׃
10ဖါရော ဘုရင်သည် ကျွန်တော် နှင့် စား တော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော် မှူးအိမ် ၌ ချုပ် ထားတော်မူ သောအခါ၊
10פרעה קצף על עבדיו ויתן אתי במשמר בית שר הטבחים אתי ואת שר האפים׃
11ကျွန်တော် တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် မြင် မက်ကြပါ၏။
11ונחלמה חלום בלילה אחד אני והוא איש כפתרון חלמו חלמנו׃
12ကျွန်တော် တို့၌ ကိုယ်ရံတော် မှူး၏ကျွန် ဟေဗြဲ လုလင် တယောက်ရှိ၏။ ထိုသူ အား ကျွန်တော်တို့သည် ကြားပြော ၍ သူ သည် အိပ်မက် ၏အနက် ကို ဘတ်ပါ၏။ တ ယောက်စီမြင် မက်သည်အတိုင်း ဘတ် ပါ၏။
12ושם אתנו נער עברי עבד לשר הטבחים ונספר לו ויפתר לנו את חלמתינו איש כחלמו פתר׃
13ဘတ် သည်အတိုင်း လည်း မှန် ပါ၏။ ကျွန်တော် သည်အရင်အရာ ကိုရ ပြန်၍၊ စား တော်ဝန်မူကား ၊ ဆွဲ ထား ခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။
13ויהי כאשר פתר לנו כן היה אתי השיב על כני ואתו תלה׃
14ထိုအခါ ဖါရော မင်းသည် လူကိုစေလွှတ် ၍ ယောသပ် ကို ခေါ် တော်မူ၏။ ယောသပ်သည် ထောင် ထဲ က အလျင် အမြန်ထွက်ရ၍ ၊ မုတ်ဆိတ် ညှပ်ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီး မှ အထံ တော်သို့ ဝင် ရ၏။
14וישלח פרעה ויקרא את יוסף ויריצהו מן הבור ויגלח ויחלף שמלתיו ויבא אל פרעה׃
15ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။
15ויאמר פרעה אל יוסף חלום חלמתי ופתר אין אתו ואני שמעתי עליך לאמר תשמע חלום לפתר אתו׃
16ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။
16ויען יוסף את פרעה לאמר בלעדי אלהים יענה את שלום פרעה׃
17ဖါရော မင်းကလည်း ၊ ငါ မြင် မက်သည်မှာ ၊ မြစ် နား ၌ ငါ ရပ် နေ၏။
17וידבר פרעה אל יוסף בחלמי הנני עמד על שפת היאר׃
18အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
18והנה מן היאר עלת שבע פרות בריאות בשר ויפת תאר ותרעינה באחו׃
19ထိုနွားတို့နောက်မှ၊ အဆင်း မ လှ ပိန် ကြုံသော နွား ခုနစ် ကောင်တို့သည် ထွက် လာကြ၏။ ထိုမျှလောက် အရုပ် ဆိုးသော နွားတို့ကို အဲဂုတ္တု ပြည် တရှောက်လုံး တွင် တခါမျှ မမြင် ရစဖူး။
19והנה שבע פרות אחרות עלות אחריהן דלות ורעות תאר מאד ורקות בשר לא ראיתי כהנה בכל ארץ מצרים לרע׃
20အဆင်းမ လှ ပိန် သောနွား တို့သည်၊ ဝ သော အရင် နွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။
20ותאכלנה הפרות הרקות והרעות את שבע הפרות הראשנות הבריאת׃
21စားပြီးသောနောက်၊ စား မှန်းကို အဘယ်သူမျှမ သိ ရ။ အရင် ကဲ့သို့ အရုပ် ဆိုး သေး၏။ ငါလည်း နိုး ၏။
21ותבאנה אל קרבנה ולא נודע כי באו אל קרבנה ומראיהן רע כאשר בתחלה ואיקץ׃
22တဖန် ငါ မြင် မက် ပြန်သည် ကား၊ အလုံး ကြီး၍ ကောင်း သော စပါး ခုနစ် နှံတို့သည် စပါးတပင် တည်း၌ ဖြစ် ကြ၏။
22וארא בחלמי והנה שבע שבלים עלת בקנה אחד מלאת וטבות׃
23ထိုနောက်မှ ညှိုးနွမ်း လျက် အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
23והנה שבע שבלים צנמות דקות שדפות קדים צמחות אחריהם׃
24အလုံး သေးသော စပါး နှံတို့သည် ကောင်း သော စပါး ခုနစ် နှံတို့ကို စား ကြ၏။ ထိုအိပ်မက်ကို ဗေဒင် တတ် တို့အား ငါကြား ပြော၍ အနက်ကို အဘယ်သူ မျှမဘတ် နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
24ותבלען השבלים הדקת את שבע השבלים הטבות ואמר אל החרטמים ואין מגיד לי׃
25ယောသပ် ကလည်း၊ ဖါရော ဘုရင် မြင်မက်တော်မူ သောအိပ်မက် ကား တပါးတည်း ဖြစ်ပါ၏။ ဘုရားသခင် ပြု လတံ့သောအမှု ကို ဖါရော ဘုရင်အား ပြ တော်မူပြီ။
25ויאמר יוסף אל פרעה חלום פרעה אחד הוא את אשר האלהים עשה הגיד לפרעה׃
26ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
26שבע פרת הטבת שבע שנים הנה ושבע השבלים הטבת שבע שנים הנה חלום אחד הוא׃
27ထိုနွားတို့နောက် ထွက် လာသောနွား၊ ပိန် ၍ အရုပ် ဆိုးသော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ ၏။ အရှေ့ လေဖြင့်ပျက် သော စပါး ဖျင်း ခုနစ် နှံတို့သည် လည်း၊ အစာခေါင်းပါး သော ခုနစ် နှစ် ဖြစ် ပါ၏။
27ושבע הפרות הרקות והרעת העלת אחריהן שבע שנים הנה ושבע השבלים הרקות שדפות הקדים יהיו שבע שני רעב׃
28ဖါရော ဘုရင်အား ကျွန်တော်လျှောက် လိုသော အရာ ဟူမူကား ၊ ဘုရားသခင် ပြု လတံ့သော အမှုကိုဖါရော ဘုရင်အား ပြ တော်မူ၏။
28הוא הדבר אשר דברתי אל פרעה אשר האלהים עשה הראה את פרעה׃
29အဲဂုတ္တု ပြည် တရှောက်လုံး တွင် ဝ ပြောသောနှစ် ခုနစ် နှစ် ရှိ လိမ့်မည်။
29הנה שבע שנים באות שבע גדול בכל ארץ מצרים׃
30ထိုနောက်မှ အစာခေါင်းပါး သောနှစ် ခုနစ် နှစ် ပေါ် လာ၍ ၊ အဲဂုတ္တု ပြည် ၌ အလုံးစုံ သော ဝ ပြောခြင်းသည် တိမ်မြုပ် လျက် အစာခေါင်းပါး ခြင်းအားဖြင့်တပြည် လုံးပျက်စီး လိမ့်မည်။
30וקמו שבע שני רעב אחריהן ונשכח כל השבע בארץ מצרים וכלה הרעב את הארץ׃
31အစာခေါင်းပါး ခြင်းသည် အလွန် အားကြီး သောကြောင့် ၊ အရင် ဝပြောခြင်း၏ လက္ခဏာမ ထင် ရ။
31ולא יודע השבע בארץ מפני הרעב ההוא אחרי כן כי כבד הוא מאד׃
32ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
32ועל השנות החלום אל פרעה פעמים כי נכון הדבר מעם האלהים וממהר האלהים לעשתו׃
33သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။
33ועתה ירא פרעה איש נבון וחכם וישיתהו על ארץ מצרים׃
34ခန့်ထားတော်မူသောသူသည်လည်း တပြည် လုံး၌ အကြီး အကြပ်တို့ကို ခန့် ထား၍ ၊ ဝပြော သောနှစ် ခုနစ် နှစ် ပတ်လုံး တပြည် လုံးတွင် ငါး ဘို့တဘို့ကောက်ယူကြ ပါစေ။
34יעשה פרעה ויפקד פקדים על הארץ וחמש את ארץ מצרים בשבע שני השבע׃
35ထို သူတို့သည်ဖြစ် လတံ့သော မင်္ဂလာ နှစ် တို့တွင် ရိက္ခါ ရှိသမျှ ကို စုရုံး ၍ ဖါရော ဘုရင်ထံ တော်၌ စပါး များ ကို ဆည်းဘူး ကြပါစေ။ မြို့ များ၌ လည်း ရိက္ခါ ကို သို ထား ကြပါစေ။
35ויקבצו את כל אכל השנים הטבת הבאת האלה ויצברו בר תחת יד פרעה אכל בערים ושמרו׃
36သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ အစာခေါင်းပါး သောနှစ် ခုနစ် နှစ်ရောက် သောအခါ ၊ ပြည် သူပြည်သားစားစရာ ဘို့ သို ထားလျက် ရှိ နှင့်၍ အစာခေါင်းပါး သော ကာလတွင် ပြည် တော်မ ပျက် ရဟု ဖါရောမင်းအား လျှောက်လေ၏။
36והיה האכל לפקדון לארץ לשבע שני הרעב אשר תהיין בארץ מצרים ולא תכרת הארץ ברעב׃
37ထိုသို့ ယောသပ်လျှောက်သောစကား ကို ဖါရော မင်းအစရှိသော ကျွန် တော်မျိုးအပေါင်း တို့သည် နှစ်သက် ကြ၍၊
37וייטב הדבר בעיני פרעה ובעיני כל עבדיו׃
38ဖါရော မင်းက ၊ ဘုရားသခင် ၏ ဝိညာဉ် တော်ကို ရ၍ ဤ ကဲ့သို့ သောသူ ကို အဘယ်မှာ ရှာ ၍ တွေ့မည်နည်း ဟု ကျွန် တော်မျိုးတို့အား မိန့် တော်မူ၏။
38ויאמר פרעה אל עבדיו הנמצא כזה איש אשר רוח אלהים בו׃
39ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။
39ויאמר פרעה אל יוסף אחרי הודיע אלהים אותך את כל זאת אין נבון וחכם כמוך׃
40သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
40אתה תהיה על ביתי ועל פיך ישק כל עמי רק הכסא אגדל ממך׃
41တဖန် ကြည့် ပါ၊ အဲဂုတ္တု ပြည် တပြည်လုံး ကို သင် အုပ်စိုး စေခြင်းငှါ ငါခန့် ထားပြီဟု ယောသပ် အား မိန့် တော်မူလျက်၊
41ויאמר פרעה אל יוסף ראה נתתי אתך על כל ארץ מצרים׃
42လက်စွပ် တော်ကိုချွတ် ၍ ယောသပ် လက် ၌ စွပ် စေတော်မူ၏။ ပိတ်ချော အဝတ် ကိုလည်း ဝတ် စေ၍ ၊ လည်ပင်း ၌ ရွှေ စလွယ် ကိုဆွဲ ပြီးလျှင်၊
42ויסר פרעה את טבעתו מעל ידו ויתן אתה על יד יוסף וילבש אתו בגדי שש וישם רבד הזהב על צוארו׃
43ဒုတိယ ရထား တော်ကို စီး စေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ ရှေ့ မှာ ဟစ် ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည် တပြည်လုံး ကို အုပ်စိုး စေတော်မူ၏။
43וירכב אתו במרכבת המשנה אשר לו ויקראו לפניו אברך ונתון אתו על כל ארץ מצרים׃
44ဖါရော မင်းကလည်း၊ ငါ သည် ဖါရော ဘုရင် မှန်၏။ သို့ဖြစ်၍ သင် ၏အခွင့် မရှိလျှင် အဲဂုတ္တု ပြည် တရှောက်လုံး တွင် အဘယ်သူမျှမိမိ လက် ခြေ ကိုမ ကြွ ရဟု မိန့် တော်မူ၏။
44ויאמר פרעה אל יוסף אני פרעה ובלעדיך לא ירים איש את ידו ואת רגלו בכל ארץ מצרים׃
45ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
45ויקרא פרעה שם יוסף צפנת פענח ויתן לו את אסנת בת פוטי פרע כהן אן לאשה ויצא יוסף על ארץ מצרים׃
46ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
46ויוסף בן שלשים שנה בעמדו לפני פרעה מלך מצרים ויצא יוסף מלפני פרעה ויעבר בכל ארץ מצרים׃
47ဝပြော နှစ် ခုနစ် နှစ်ပတ်လုံးမြေ အသီးအနှံတို့ သည် အလွန် များပြားကြ၏။
47ותעש הארץ בשבע שני השבע לקמצים׃
48ခုနစ်နှစ်ပတ်လုံးအဲဂုတ္တု ပြည် တွင် ရှိသမျှ သော ရိက္ခါ ကိုစုရုံး ၍ မြို့ တို့၌ သို ထားလေ၏။ မြို့ ပတ်ဝန်းကျင် လယ်တို့၌ရသောရိက္ခါကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
48ויקבץ את כל אכל שבע שנים אשר היו בארץ מצרים ויתן אכל בערים אכל שדה העיר אשר סביבתיה נתן בתוכה׃
49စပါး ကိုကား သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အလွန် များ စွာစု ထား၍ မ ရေတွက် နိုင်အောင် များသောကြောင့် မ ရေတွက် ဘဲနေသတည်း။
49ויצבר יוסף בר כחול הים הרבה מאד עד כי חדל לספר כי אין מספר׃
50အစာခေါင်းပါး သောနှစ် မ ရောက် မှီ၊ ယောသပ် သည် ဩန မြို့၏ယဇ် ပုရောဟိတ်ပေါတိဖေရ ၏သမီး အာသနတ် တွင် သား နှစ် ယောက်တို့ကို မြင် ရ၏။
50וליוסף ילד שני בנים בטרם תבוא שנת הרעב אשר ילדה לו אסנת בת פוטי פרע כהן און׃
51သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
51ויקרא יוסף את שם הבכור מנשה כי נשני אלהים את כל עמלי ואת כל בית אבי׃
52နောက် ရသောသားကိုကား၊ ဧဖရိမ် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ဘုရားသခင် သည် ငါ ဆင်းရဲ ခံရသောပြည် ၌ ငါ့ ကိုပွါး များ စေတော်မူပြီဟု ဆိုသတည်း။
52ואת שם השני קרא אפרים כי הפרני אלהים בארץ עניי׃
53ထိုနောက် အဲဂုတ္တု ပြည် ၌ ဝပြော သောနှစ် ခုနစ် နှစ် ကုန် လေ၏။
53ותכלינה שבע שני השבע אשר היה בארץ מצרים׃
54ယောသပ် ပြော သည်အတိုင်း အစာခေါင်းပါး သော နှစ် တို့သည် ရောက် စ ရှိ၏။ ထိုအခါ ခပ်သိမ်း သော ပြည် တို့၌ အစာခေါင်းပါး ခြင်းရှိ သော်လည်း အဲဂုတ္တု ပြည် ၌ ဆန် စပါးရှိ သေး၏။
54ותחלינה שבע שני הרעב לבוא כאשר אמר יוסף ויהי רעב בכל הארצות ובכל ארץ מצרים היה לחם׃
55နောက်တဖန် အဲဂုတ္တု ပြည် သူပြည်သားအပေါင်း တို့သည် မွတ်သိပ် သောအခါ စား စရာကိုရပါ မည်အကြောင်း ဖါရော မင်းထံ ၌ ကြွေးကြော် ကြ၏။ ဖါရော မင်းကလည်း ၊ ယောသပ် ထံ သို့သွား ကြ၊ သူစီရင် သည်အတိုင်း ပြု ကြဟု အဲဂုတ္တု ပြည်သူ ပြည်သားအပေါင်း တို့ကို မိန့် တော်မူ၏။
55ותרעב כל ארץ מצרים ויצעק העם אל פרעה ללחם ויאמר פרעה לכל מצרים לכו אל יוסף אשר יאמר לכם תעשו׃
56မြေပြင် တရှောက်လုံး ၌ အစာခေါင်းပါး သောအခါ ၊ ယောသပ် သည် စပါးကျီရှိသမျှ တို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်း လေ၏။ ထိုအခါ အဲဂုတ္တု ပြည် ၌ အစဉ်အတိုင်း အစာခေါင်းပါး သတည်း။
56והרעב היה על כל פני הארץ ויפתח יוסף את כל אשר בהם וישבר למצרים ויחזק הרעב בארץ מצרים׃
57ခပ်သိမ်းသော ပြည် တို့၌ လည်း အလွန်အစာ ခေါင်းပါး သောကြောင့် ၊ အသီးသီး သောပြည် သားတို့သည် စပါးကိုဝယ် ခြင်းငှါ အဲဂုတ္တု ပြည် ယောသပ် ထံ သို့လာ ရောက်ကြ၏။
57וכל הארץ באו מצרימה לשבר אל יוסף כי חזק הרעב בכל הארץ׃

Tip: use the ← and → keys to turn chapters.