ကမ္ဘာဦးကျမ်း

Old Testament

Chapter 18
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 18

Judson Burmese Bible (1840)
Modern Hebrew Bible
1ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
1וירא אליו יהוה באלני ממרא והוא ישב פתח האהל כחם היום׃
2မြော် ကြည့် ၍ ၊ မိမိ ရှေ့ မှာ လူ သုံး ယောက် ရပ် နေကြသည်ကို မြင် သောအခါ ၊ ခရီးဦးကြိုပြု ခြင်းငှါ တဲ တံခါးဝ မှ ပြေး ၍ မြေ သို့ ဦးညွတ် ချလျက်၊
2וישא עיניו וירא והנה שלשה אנשים נצבים עליו וירא וירץ לקראתם מפתח האהל וישתחו ארצה׃
3အကျွန်ုပ်သခင် ၊ ရှေ့ တော်၌ အကျွန်ုပ်သည် မျက်နှာ ရလျှင် ကိုယ်တော် ကျွန် မှ လွန် ၍ မ သွားပါနှင့်။
3ויאמר אדני אם נא מצאתי חן בעיניך אל נא תעבר מעל עבדך׃
4ရေ အနည်းငယ် ကို ယူ ခဲ့ပါရစေ။ ခြေ ကို ဆေး ပြီးလျှင် သစ်ပင် အောက် ၌ လျောင်း နေကြပါလော့။
4יקח נא מעט מים ורחצו רגליכם והשענו תחת העץ׃
5မုန့် အနည်းငယ် ကိုလည်း ယူ ခဲ့ပါမည်။ အမောအပန်း ပြေသောအခါ သွား ကြပါလော့။ ထိုသို့ သော ကျေးဇူးတော်ကိုခံ စေခြင်းငှါ၊ ကိုယ်တော် ကျွန် ရှိရာသို့ ရောက် ပါပြီဟုဆို၏။ ထိုသူတို့ကလည်း ၊ ပြော သည်အတိုင်း ပြု ပါလော့ဟုဆို ကြ၏။
5ואקחה פת לחם וסעדו לבכם אחר תעברו כי על כן עברתם על עבדכם ויאמרו כן תעשה כאשר דברת׃
6အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
6וימהר אברהם האהלה אל שרה ויאמר מהרי שלש סאים קמח סלת לושי ועשי עגות׃
7တဖန် နွား စုသို့ ပြေး ၍ နုထွား ကောင်းမွန်သော နွားသငယ် ကို ယူခဲ့၍၊ လုလင် ၌ အပ် သဖြင့် မြန်မြန် ပြင်ဆင် စေ ၏။
7ואל הבקר רץ אברהם ויקח בן בקר רך וטוב ויתן אל הנער וימהר לעשות אתו׃
8ထိုနောက် နို့ နှင့် နို့ဓမ်း ကို၎င်း၊ ပြင်ဆင် သော နွား သငယ် ကို၎င်း ယူ ၍၊ ထိုသူ တို့ရှေ့ ၌ ထည့် ပြီးလျှင် ၊ သစ်ပင် အောက် ၊ သူ တို့အနား မှာရပ် နေ၍ ၊ သူတို့သည် စား ကြ၏။
8ויקח חמאה וחלב ובן הבקר אשר עשה ויתן לפניהם והוא עמד עליהם תחת העץ ויאכלו׃
9ပြီး သောအခါ၊ သင် ၏ မယား စာရာ သည် အဘယ် မှာရှိသနည်းဟုမေး ကြလျှင်၊ တဲ အတွင်း ၌ ရှိပါသည်ဟု ပြန် ပြော၏။
9ויאמרו אליו איה שרה אשתך ויאמר הנה באהל׃
10ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
10ויאמר שוב אשוב אליך כעת חיה והנה בן לשרה אשתך ושרה שמעת פתח האהל והוא אחריו׃
11ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
11ואברהם ושרה זקנים באים בימים חדל להיות לשרה ארח כנשים׃
12ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။
12ותצחק שרה בקרבה לאמר אחרי בלתי היתה לי עדנה ואדני זקן׃
13သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
13ויאמר יהוה אל אברהם למה זה צחקה שרה לאמר האף אמנם אלד ואני זקנתי׃
14ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
14היפלא מיהוה דבר למועד אשוב אליך כעת חיה ולשרה בן׃
15စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
15ותכחש שרה לאמר לא צחקתי כי יראה ויאמר לא כי צחקת׃
16ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။
16ויקמו משם האנשים וישקפו על פני סדם ואברהם הלך עמם לשלחם׃
17ထာဝရဘုရား ကလည်း ၊ ငါ ပြု မည်အမှုကို အာဗြဟံ အား မဘော်မပြဘဲ ဝှက် ထားရမည်လော။
17ויהוה אמר המכסה אני מאברהם אשר אני עשה׃
18အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
18ואברהם היו יהיה לגוי גדול ועצום ונברכו בו כל גויי הארץ׃
19အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
19כי ידעתיו למען אשר יצוה את בניו ואת ביתו אחריו ושמרו דרך יהוה לעשות צדקה ומשפט למען הביא יהוה על אברהם את אשר דבר עליו׃
20တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
20ויאמר יהוה זעקת סדם ועמרה כי רבה וחטאתם כי כבדה מאד׃
21ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
21ארדה נא ואראה הכצעקתה הבאה אלי עשו כלה ואם לא אדעה׃
22ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။
22ויפנו משם האנשים וילכו סדמה ואברהם עודנו עמד לפני יהוה׃
23ထိုအခါ အာဗြဟံ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ် သောသူတို့ ကို၊ မတရား သောသူတို့ နှင့်တကွ ဖျက်ဆီး တော်မူမည်လော။
23ויגש אברהם ויאמר האף תספה צדיק עם רשע׃
24ထိုမြို့ တွင် ဖြောင့်မတ် သောသူငါး ဆယ်ရှိ လျှင် ၊ ဖျက်ဆီး တော်မူမည်လော။ ဖြောင့်မတ် သောသူ ငါး ဆယ်ပါသောမြို့ကို သူ တို့အတွက် မ နှမြော ဘဲ ဖျက်ဆီးတော်မူ မည်လော။
24אולי יש חמשים צדיקם בתוך העיר האף תספה ולא תשא למקום למען חמשים הצדיקם אשר בקרבה׃
25ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
25חללה לך מעשת כדבר הזה להמית צדיק עם רשע והיה כצדיק כרשע חללה לך השפט כל הארץ לא יעשה משפט׃
26ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။
26ויאמר יהוה אם אמצא בסדם חמשים צדיקם בתוך העיר ונשאתי לכל המקום בעבורם׃
27တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
27ויען אברהם ויאמר הנה נא הואלתי לדבר אל אדני ואנכי עפר ואפר׃
28ဖြောင့်မတ် သောသူ ငါး ဆယ်တို့တွင် ငါး ယောက်မ ပြည့်လျှင် ၊ ထိုငါး ယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့ လုံး ကို ဖျက်ဆီး တော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထို မြို့၌ လေး ဆယ့်ငါး ယောက်ကို ငါတွေ့ လျှင် ၊ ငါမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
28אולי יחסרון חמשים הצדיקם חמשה התשחית בחמשה את כל העיר ויאמר לא אשחית אם אמצא שם ארבעים וחמשה׃
29တဖန် တုံ၊ ထိုမြို့၌ လေး ဆယ်ကိုတွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထိုလေး ဆယ်အတွက် ငါမ ပြု ဘဲနေမည်ဟု မိန့် တော်မူ၏။
29ויסף עוד לדבר אליו ויאמר אולי ימצאון שם ארבעים ויאמר לא אעשה בעבור הארבעים׃
30တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
30ויאמר אל נא יחר לאדני ואדברה אולי ימצאון שם שלשים ויאמר לא אעשה אם אמצא שם שלשים׃
31တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရ ဘုရားကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။ ထို မြို့၌ နှစ် ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ နှစ် ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
31ויאמר הנה נא הואלתי לדבר אל אדני אולי ימצאון שם עשרים ויאמר לא אשחית בעבור העשרים׃
32အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
32ויאמר אל נא יחר לאדני ואדברה אך הפעם אולי ימצאון שם עשרה ויאמר לא אשחית בעבור העשרה׃
33ထာဝရဘုရား သည် အာဗြံဟံ နှင့် နှုတ်ဆက် ခြင်း အမှုကုန်စင် ပြီးမှကြွ သွားတော်မူ၏။ အာဗြံဟံ သည် လည်း မိမိ နေရာ အရပ်သို့ ပြန် လေ၏။
33וילך יהוה כאשר כלה לדבר אל אברהם ואברהם שב למקמו׃

Tip: use the ← and → keys to turn chapters.