ကမ္ဘာဦးကျမ်း 29
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊
1וישא יעקב רגליו וילך ארצה בני קדם׃
2မြော် ကြည့်၍ တော စ၌ ရေတွင်း တခုကို မြင် ၏။ ထိုတွင်း ရေ ဖြင့် သိုးစု များကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနား မှာ သိုးစု သုံး စု အိပ် လျက်ရှိ၏။ ရေတွင်း ဝ ပေါ် မှာ ကြီးစွာ သော ကျောက် ရှိ၏။
2וירא והנה באר בשדה והנה שם שלשה עדרי צאן רבצים עליה כי מן הבאר ההוא ישקו העדרים והאבן גדלה על פי הבאר׃
3သိုး ထိန်းအပေါင်း တို့သည် ထို အရပ်၌ စုဝေး သောအခါ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်၍ ၊ သိုး များကို ရေ တိုက်ပြီးလျှင် ၊ ထိုကျောက် ကို မိမိ နေရာ ရေတွင်း ဝ ပေါ် မှာ တဖန် တင်ထားလေ့ရှိ၏။
3ונאספו שמה כל העדרים וגללו את האבן מעל פי הבאר והשקו את הצאן והשיבו את האבן על פי הבאר למקמה׃
4ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။
4ויאמר להם יעקב אחי מאין אתם ויאמרו מחרן אנחנו׃
5တဖန် ယာကုပ်က၊ နာခေါ် သား လာဗန် ကို သိ သလောဟု မေး လျှင်၊ သိ ၏ဟု ပြန် ဆိုသော်၊
5ויאמר להם הידעתם את לבן בן נחור ויאמרו ידענו׃
6သူသည်မာ ပါ၏လောဟု တဖန် မေး ပြန်လျှင် ၊ မာ ပါ၏။ သူ ၏သမီး ရာခေလ သည် သိုး များနှင့်တကွ လာ လိမ့်မည်ဟု ဆို ကြလေ၏။
6ויאמר להם השלום לו ויאמרו שלום והנה רחל בתו באה עם הצאן׃
7ယာကုပ်ကလည်း၊ နေ့ အချိန် အလွန်များ စွာရှိသေး၏။ သိုး တို့ကို စုဝေး ရာအချိန် မ ဟုတ်သေး။ ရေတိုက် ပြီးလျှင်၊ သွား ၍ ထိန်း ကြဦးလော့ဟု ဆို လေ၏။
7ויאמר הן עוד היום גדול לא עת האסף המקנה השקו הצאן ולכו רעו׃
8သူတို့ကလည်း၊ သိုး ထိန်းအပေါင်း စုဝေး ၍ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးမှ သာ၊ သိုး တို့ကို ရေတိုက် ရ၏။ သို့မဟုတ်၊ မ တိုက်ရဟု ပြန် ဆိုကြ ၏။
8ויאמרו לא נוכל עד אשר יאספו כל העדרים וגללו את האבן מעל פי הבאר והשקינו הצאן׃
9ထိုသို့ တဦးနှင့်တဦးနှုတ်ဆက် ကြစဉ်တွင် ၊ ရာခေလ သည်၊ မိမိ အဘ ၏သိုး တို့ကို ထိန်းရသည် ဖြစ်၍ ၊ သိုး တို့ကို ဆောင် လျက်လာ၏။
9עודנו מדבר עמם ורחל באה עם הצאן אשר לאביה כי רעה הוא׃
10ယာကုပ် သည်၊ မိမိ ဦးရီး လာဗန် ၏သမီး ရာခေလ နှင့် ဦးရီး လာဗန် ၏သိုး တို့ကို မြင် သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးလျှင် ၊ ဦးရီး လာဗန် ၏ သိုး တို့ကို ရေတိုက် လေ၏။
10ויהי כאשר ראה יעקב את רחל בת לבן אחי אמו ואת צאן לבן אחי אמו ויגש יעקב ויגל את האבן מעל פי הבאר וישק את צאן לבן אחי אמו׃
11ထိုနောက် ၊ ယာကုပ် သည် ရာခေလ ကို နမ်း ၍ ၊ ကျယ် သော အသံ နှင့် ငို လေ၏။
11וישק יעקב לרחל וישא את קלו ויבך׃
12မိမိသည် ရာခေလ အဘ ၏ တူ၊ ရေဗက္က ၏သား ဖြစ်ကြောင်း ကို ကြားပြော လျှင် ၊ ရာခေလ သည်ပြေး ၍ မိမိ အဘ အား ပြန် ကြားလေ၏။
12ויגד יעקב לרחל כי אחי אביה הוא וכי בן רבקה הוא ותרץ ותגד לאביה׃
13လာဗန် သည် မိမိ တူ ယာကုပ် ၏ သိတင်း စကား ကို ကြား သောအခါ ၊ ကြိုဆို ခြင်းငှါ အလျင်အမြန် သွား၍ ၊ ပိုက် ဘက်နမ်းရှုတ် လျက် ၊ မိမိ အိမ် သို့ ဆောင် သွားလေ၏။ ယာကုပ်သည်လည်း မိမိ အမှုအရာ ရှိသမျှ ကို ကြား ပြောလျှင်၊
13ויהי כשמע לבן את שמע יעקב בן אחתו וירץ לקראתו ויחבק לו וינשק לו ויביאהו אל ביתו ויספר ללבן את כל הדברים האלה׃
14လာဗန် က၊ အကယ်စင်စစ် သင် သည် ငါ့ အရိုး အသား ပင်ဖြစ်၏ဟု ဆို လေ၏။
14ויאמר לו לבן אך עצמי ובשרי אתה וישב עמו חדש ימים׃
15ယာကုပ် သည် တ လခန့်မျှ နေ ပြီးမှ၊ လာဗန် က၊ သင် သည် ငါ့ တူ ဖြစ်သောကြောင့် ၊ အကျိုး မဲ့ကျွန် ခံရပါ မည် လော။ ခံလိုသောအခ ကို ငါ့ အား ပြော လော့ဟု ဆို လေ၏။
15ויאמר לבן ליעקב הכי אחי אתה ועבדתני חנם הגידה לי מה משכרתך׃
16ထိုအခါ လာဗန် ၌ သမီး နှစ် ယောက်ရှိ၏။ အကြီး ကား၊ လေအာ အမည် ရှိ၏။ အငယ် ကား၊ ရာခေလ အမည် ရှိ၏။
16וללבן שתי בנות שם הגדלה לאה ושם הקטנה רחל׃
17လေအာ ကား၊ မျက်စိ နုညံ့ ၏။ ရာခေလ ကား၊ ပုံ ပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်းလှ ၏။
17ועיני לאה רכות ורחל היתה יפת תאר ויפת מראה׃
18ယာကုပ် သည် ရာခေလ ကို ချစ် သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ် ရာခေလ ကိုရခြင်းငှါ၊ ခုနစ် နှစ် အစေ ခံပါမည်ဟု ဆို လျှင်၊
18ויאהב יעקב את רחל ויאמר אעבדך שבע שנים ברחל בתך הקטנה׃
19လာဗန် က၊ အခြား သောသူ အား ပေးစား သည် ထက် ၊ သင့် အား ပေးစား သော် သာ၍ကောင်း ၏။ ငါ နှင့်အတူ နေ လော့ဟုဆို ၏။
19ויאמר לבן טוב תתי אתה לך מתתי אתה לאיש אחר שבה עמדי׃
20ယာကုပ် သည်လည်း ၊ ရာခေလ ကို ရခြင်းငှါခုနစ် နှစ် အစေခံ လေ၏။ ရာခေလ ကိုချစ် သောကြောင့် ၊ ခုနစ်နှစ်ကို နည်း သောနေ့ရက် ကဲ့သို့ ထင် မှတ်သတည်း။
20ויעבד יעקב ברחל שבע שנים ויהיו בעיניו כימים אחדים באהבתו אתה׃
21ယာကုပ် ကလည်း ၊ ချိန်းချက်သော အချိန် စေ့ ပါပြီ။ ကျွန်ုပ် သည် မယား နှင့် ဆက်ဆံ ဘို့ရာ ပေးစား ပါဟု လာဗန် အား ဆို လျှင်၊
21ויאמר יעקב אל לבן הבה את אשתי כי מלאו ימי ואבואה אליה׃
22လာဗန် သည် ထိုအရပ် ၌နေသောသူ အပေါင်း တို့ကို စည်းဝေး စေ၍ ပွဲ လုပ် လေ၏။
22ויאסף לבן את כל אנשי המקום ויעש משתה׃
23ည ဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသောကျွန်မကို သမီး လေအာ ၌ လက်ဖွဲ့ လျက် ၊
23ויהי בערב ויקח את לאה בתו ויבא אתה אליו ויבא אליה׃
24ထိုသမီး ကို ဆောင် သွင်း၍ ၊ ယာကုပ်သည် သူ နှင့် ဆက်ဆံ လေ၏။
24ויתן לבן לה את זלפה שפחתו ללאה בתו שפחה׃
25နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊
25ויהי בבקר והנה הוא לאה ויאמר אל לבן מה זאת עשית לי הלא ברחל עבדתי עמך ולמה רמיתני׃
26လာဗန် က၊ ငါ တို့ပြည် ၌ သမီး အကြီးကို မ ပေးစား မှီ၊ အငယ် ကို မပေးစားရ။
26ויאמר לבן לא יעשה כן במקומנו לתת הצעירה לפני הבכירה׃
27ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊
27מלא שבע זאת ונתנה לך גם את זאת בעבדה אשר תעבד עמדי עוד שבע שנים אחרות׃
28ယာကုပ် ဝန်ခံ ၍ ခုနစ် ရက်စေ့ ပြီးမှ ၊
28ויעש יעקב כן וימלא שבע זאת ויתן לו את רחל בתו לו לאשה׃
29လာဗန် သည် ဗိလဟာ အမည်ရှိသောကျွန် မကို လက်ဖွဲ့ လျက် ၊ သမီး ရာခေလ ကို ပေးစား လေ၏။
29ויתן לבן לרחל בתו את בלהה שפחתו לה לשפחה׃
30ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။
30ויבא גם אל רחל ויאהב גם את רחל מלאה ויעבד עמו עוד שבע שנים אחרות׃
31လေအာ သည် အမုန်း ခံရသည်ကို ထာဝရဘုရား သိမြင် ၍ ၊ သား ဘွားရသောအခွင့် ကိုပေး တော်မူ၏။ ရာခေလ မူကား မြုံ ၏။
31וירא יהוה כי שנואה לאה ויפתח את רחמה ורחל עקרה׃
32လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
32ותהר לאה ותלד בן ותקרא שמו ראובן כי אמרה כי ראה יהוה בעניי כי עתה יאהבני אישי׃
33တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
33ותהר עוד ותלד בן ותאמר כי שמע יהוה כי שנואה אנכי ויתן לי גם את זה ותקרא שמו שמעון׃
34တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။
34ותהר עוד ותלד בן ותאמר עתה הפעם ילוה אישי אלי כי ילדתי לו שלשה בנים על כן קרא שמו לוי׃
35တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကို ဘွားမြင် သော် ၊ ထာဝရဘုရား ကို ယခုငါချီးမွမ်း မည်ဟု ဆို သည် ဖြစ်၍ ၊ ထို သားကို ယုဒ အမည် ဖြင့် မှည့် လေ၏။ ထိုနောက် ၊ သား ပြတ်၍ မဘွားဘဲနေ၏။
35ותהר עוד ותלד בן ותאמר הפעם אודה את יהוה על כן קראה שמו יהודה ותעמד מלדת׃
Tip: use the ← and → keys to turn chapters.