ကမ္ဘာဦးကျမ်း

Old Testament

Chapter 48
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 48

Judson Burmese Bible (1840)
Modern Hebrew Bible
1နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။
1ויהי אחרי הדברים האלה ויאמר ליוסף הנה אביך חלה ויקח את שני בניו עמו את מנשה ואת אפרים׃
2သား ယောသပ် လာ ကြောင်း ကို ယာကုပ် သည် ကြား လျှင် ၊ အားထုတ် ၍ ခုတင် ပေါ် မှာထိုင် ၏။
2ויגד ליעקב ויאמר הנה בנך יוסף בא אליך ויתחזק ישראל וישב על המטה׃
3ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊
3ויאמר יעקב אל יוסף אל שדי נראה אלי בלוז בארץ כנען ויברך אתי׃
4ငါ သည်သင့် ကို တိုး ပွါးများပြား စေမည်။ သင့် ကို များစွာ သော လူ ဖြစ်စေ မည်။ သင် ၏အမျိုးအနွယ် သည် သင့် နောက်မှ ဤ ပြည် ကို အစဉ် အမြဲပိုင် စေခြင်းငှါ ငါပေး မည်ဟု မိန့် တော်မူ၏။
4ויאמר אלי הנני מפרך והרביתך ונתתיך לקהל עמים ונתתי את הארץ הזאת לזרעך אחריך אחזת עולם׃
5သင်နေသောအဲဂုတ္တု ပြည် သို့ ငါ မ ရောက် မှီ၊ အဲဂုတ္တု ပြည်၌ သင်ရ နှင့်သော သား နှစ် ယောက်၊ ဧဖရိမ် နှင့် မနာရှေ တို့သည် ငါ့ သားဖြစ်ရမည်။ ရုဗင် နှင့် ရှိမောင် ကဲ့သို့ ငါ့ သားဖြစ် ရမည်။
5ועתה שני בניך הנולדים לך בארץ מצרים עד באי אליך מצרימה לי הם אפרים ומנשה כראובן ושמעון יהיו לי׃
6နောက်မှ သင်ရ သောသား တို့သည် သင် ၏သား ဖြစ်၍မိမိ အမွေ ခံရာတွင် မိမိအစ်ကို တို့အမည် ဖြင့် သမုတ် ရကြမည်။
6ומולדתך אשר הולדת אחריהם לך יהיו על שם אחיהם יקראו בנחלתם׃
7ငါ သည်ပါဒနာရံ အရပ်မှ လာ သည်ကာလ ၊ ခါနာန် ပြည် ၌ ခရီး သွား၍၊ ဧဖရတ် မြို့နှင့်နီး သောအခါ ၊ သင့်အမိရာခေလ သည် ငါ့ အနား မှာ သေ ရှာ၏။ သေ သောအရပ် ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ် လေသည်ဟု ယောသပ်အားဆို၏။
7ואני בבאי מפדן מתה עלי רחל בארץ כנען בדרך בעוד כברת ארץ לבא אפרתה ואקברה שם בדרך אפרת הוא בית לחם׃
8တဖန် ဣသရေလ သည် ယောသပ် ၏သား တို့ကို ကြည့်ရှု ၍ ၊ ဤ သူတို့ကား အဘယ် သူနည်းမေး လျှင်၊
8וירא ישראל את בני יוסף ויאמר מי אלה׃
9ယောသပ် က ၊ ဤ ပြည်၌ အကျွန်ုပ် အား ဘုရားသခင် ပေး သနားတော်မူသောအကျွန်ုပ် ၏ သား ဖြစ်ပါသည် ဟု အဘ အားဆိုသော် ၊ အဘက၊ ငါ့ ထံ သို့လာ ပါစေလော့။ သူ တို့ကို ငါကောင်းကြီး ပေးမည်ဟု ဆို ၏။
9ויאמר יוסף אל אביו בני הם אשר נתן לי אלהים בזה ויאמר קחם נא אלי ואברכם׃
10ဣသရေလ သည် အသက် ကြီး၍ မျက်စိ မှုန် သဖြင့်၊ မ မြင် နိုင် သောကြောင့် ၊ သား တို့ကို အနီးသို့ ချဉ်းကပ် စေ၍ ပိုက် ဘက်နမ်းရှုပ် လေ၏။
10ועיני ישראל כבדו מזקן לא יוכל לראות ויגש אתם אליו וישק להם ויחבק להם׃
11ဣသရေလ ကလည်း ၊ ငါသည် သင် ၏မျက်နှာ ကို မြင် ရမည်ဟု ငါမ ထင်။ ယခုတွင်သင် ၏သား တို့ကိုပင် ဘုရားသခင် ပြ တော်မူပြီဟု ယောသပ် အား ဆို ၏။
11ויאמר ישראל אל יוסף ראה פניך לא פללתי והנה הראה אתי אלהים גם את זרעך׃
12ယောသပ် သည်လည်း ၊ သား တို့ကို အဘ ၏ဒူး ကြားမှ ထုတ် ၍ အဘ ရှေ့ ၌ဦးညွှတ် ချစေ၏။
12ויוצא יוסף אתם מעם ברכיו וישתחו לאפיו ארצה׃
13တဖန် ယောသပ် သည် သား တို့ကိုယူ ၍ ဧဖရိမ် ကို လက်ျာ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲ လက်သို့၎င်း၊ မနာရှေ ကို လက်ဝဲ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာ လက်သို့၎င်း ချဉ်းကပ် စေ၏။
13ויקח יוסף את שניהם את אפרים בימינו משמאל ישראל ואת מנשה בשמאלו מימין ישראל ויגש אליו׃
14မနာရှေ သည်သားဦး ဖြစ်သော်လည်း ၊ ဣသရေလ သည် မိမိ လက် တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက် ငယ်သောသူ ဧဖရိမ် ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကို တင် ပြီးလျှင်၊ လက် ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ် မှာ တင်၏။
14וישלח ישראל את ימינו וישת על ראש אפרים והוא הצעיר ואת שמאלו על ראש מנשה שכל את ידיו כי מנשה הבכור׃
15ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊
15ויברך את יוסף ויאמר האלהים אשר התהלכו אבתי לפניו אברהם ויצחק האלהים הרעה אתי מעודי עד היום הזה׃
16ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။
16המלאך הגאל אתי מכל רע יברך את הנערים ויקרא בהם שמי ושם אבתי אברהם ויצחק וידגו לרב בקרב הארץ׃
17အဘ သည်လက်ျာ လက် ကို ဧဖရိမ် ၏ခေါင်း ပေါ် မှာ တင် သည်ကို ယောသပ် မြင် လျှင် ၊ အား မရ သည်ဖြစ်၍၊
17וירא יוסף כי ישית אביו יד ימינו על ראש אפרים וירע בעיניו ויתמך יד אביו להסיר אתה מעל ראש אפרים על ראש מנשה׃
18မ ဟုတ်ပါအဘ။ ဤ သူသည် သားဦး ဖြစ်ပါ၏။ သူ ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကိုတင် ပါဟု ဆို လျက် အဘ ၏ လက် ကိုဧဖရိမ် ခေါင်း ပေါ် က မနာရှေ ခေါင်း ပေါ် သို့ ပြောင်း ခြင်းငှါ ချီ လေ၏။
18ויאמר יוסף אל אביו לא כן אבי כי זה הבכר שים ימינך על ראשו׃
19အဘ သည်ငြင်း ၍ ၊ ငါသိ ၏ငါ သား ၊ ငါသိ ၏။ သူသည် ကြီးစွာ သော လူ စုဖြစ် လိမ့်မည်။ သို့သော်လည်း ၊ သူ့ ညီ သည် သူ့ ထက် သာ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာ သော လူ အစုစုဖြစ် လိမ့်မည်ဟု ဆို ၏။
19וימאן אביו ויאמר ידעתי בני ידעתי גם הוא יהיה לעם וגם הוא יגדל ואולם אחיו הקטן יגדל ממנו וזרעו יהיה מלא הגוים׃
20တဖန် ဘုရားသခင် သည် သင့် ကို ဧဖရိမ် ကဲ့သို့ ၎င်း ၊ မနာရှေ ကဲ့သို့ ၎င်း ဖြစ်စေ တော်မူပါစေသောဟူ၍ ဣသရေလ အမျိုးသားတို့ သည်သင် အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့ ၌ သူ တို့ကိုကောင်းကြီး ပေးလေ၏။ ထိုသို့ မနာရှေ ရှေ့ မှာ ဧဖရိမ် ကိုနေရာ ချသတည်း။
20ויברכם ביום ההוא לאמור בך יברך ישראל לאמר ישמך אלהים כאפרים וכמנשה וישם את אפרים לפני מנשה׃
21ဣသရေလ ကလည်း ၊ ငါ သေ တော့မည်။ သို့သော်လည်း ၊ ဘုရားသခင် သည် သင် တို့ဘက် ၌ရှိ ၍ ၊ သင် တို့ကို ဘိုးဘေး နေရာ ပြည် သို့ တဖန် ဆောင် တော်မူလိမ့်မည်။
21ויאמר ישראל אל יוסף הנה אנכי מת והיה אלהים עמכם והשיב אתכם אל ארץ אבתיכם׃
22ထိုမှတပါး သင် ၏အစ်ကို တို့အား ပေး သည်ထက် သင့် အားသာ၍ပေးသောအရာဟူမူကား၊ ငါ့ ထား ၊ ငါ့ လေး ဖြင့် အာမောရိ အမျိုးသားလက် မှ နှုတ်ယူ သောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ် ကို ပြော ဆို၏။
22ואני נתתי לך שכם אחד על אחיך אשר לקחתי מיד האמרי בחרבי ובקשתי׃

Tip: use the ← and → keys to turn chapters.