၆ ရာဇဝင်

Old Testament

Chapter 3
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 3

Greek New Testament: Textus Receptus has no text for this chapter yet.

1-

2ယေရုရှလင် မြို့တွင် ၊ မောရိ တောင် ပေါ် မှာ ခမည်းတော် ဒါဝိဒ် အား ထာဝရဘုရား ထင်ရှား တော်မူရာအရပ် ၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း ကို ဒါဝိဒ် ပြင်ဆင် ခဲ့ပြီးသော အရပ် ၌ ရှောလမုန် သည် နန်းစံ လေး နှစ် ၊ ဒုတိယ လ ၊ နှစ် ရက်နေ့တွင် ထာဝရဘုရား ၏ အိမ် တော်ကို တည် စ ပြုတော်မူ၏။

3ရှောလမုန် သည် ဘုရားသခင် ၏အိမ် တော်ကို တည်ဆောက် ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင် အားဖြင့် အလျား သည် အတောင် ခြောက်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ရှိ၏။

4အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့်ညီ၍ အလျား အတောင် နှစ်ဆယ် ၊ အမြင့် အတောင်တရာ နှစ်ဆယ် ရှိ၏။ ရွှေစင် နှင့် မွမ်းမံ လျက်ရှိ၏။

5အိမ် တော်အတွင်းအမိုးကို ထင်းရူး ပျဉ်ပြား ဖြင့် ပြီးစေလျက် စွန်ပလွံ ပင်များနှင့် ကြိုး များတို့ကို ထု ၍ ရွှေစင် နှင့် မွမ်းမံ လေ၏။

6အိမ် တော်၌ အသရေ တင့်တယ်စေခြင်းငှါ ကျောက် မြတ် တို့ကို စီချယ် ၏။ မွမ်းမံသောရွှေ သည် ပါရဝိမ် ရွှေ ဖြစ်၏။

7အိမ် တော်၏ထုပ် ၊ လျောက်၊ တိုင်၊ ထရံ ၊ တံခါးရွက် တို့ကို ရွှေ နှင့် မွမ်းမံ ၍ ထရံ ပေါ် မှာ ခေရုဗိမ် အရုပ် များကို ထု လေ၏။

8အလွန် သန့်ရှင်းရာ ဌာန တော်ကိုလည်း အိမ် တော်အနံ နှင့်ညီစွာ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် လုပ်၍ ရွှေစင် အခွက် ခြောက် ထောင် နှင့် မွမ်းမံ လေ၏။

9ရွှေ မှိုအချိန် ကား အကျပ် ငါးဆယ် ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေ နှင့်မွမ်းမံ ၏။

10အလွန်သန့်ရှင်း သော အခန်း ၌ ခေရုဗိမ် နှစ်ပါး ကို ထု လုပ်၍ ရွှေ နှင့် မွမ်းမံ ၏။

11ခေရုဗိမ် အတောင် တို့သည် အတောင် နှစ်ဆယ် ရှည် ၏။

12အတောင် တဘက်လျှင် အလျားငါး တောင် စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီအိမ် တော်ထရံ ကို မှီ လျက် ရှိကြ၏။

13ထို ခေရုဗိမ် တို့သည် အတွင်း သို့ မျက်နှာ ပြုလျက် ၊ မတ်တတ် နေ၍ အတောင် တို့ကို ဖြန့် သဖြင့် အတောင် နှစ်ဆယ် ကျယ်၏။

14ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သော အထည်၊ ပိတ်ချော ဖြင့် ပြီး၍ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ ကိုလည်း လုပ် လေ၏။

15အရှည်သုံးဆယ် ငါး တောင် ရှိသောတိုင် နှစ် တိုင် ကိုလည်း လုပ် ၍ အိမ် တော်ရှေ့ မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။

16ဗျာဒိတ် ဌာနတော်၌ ရှိသကဲ့သို့ကြိုး များကိုလည်း လုပ် ၍ တိုင် ထိပ် အပေါ် မှာထား ၏။ သလဲသီး အလုံးတရာ တို့ကိုလည်း လုပ် ၍ ကြိုး ပေါ် မှာ ဆွဲ ထား၏။

17ထိုတိုင် တို့ကို ဗိမာန် တော်ရှေ့ မှာ လက်ျာ ဘက် လက်ဝဲ ဘက်၌ စိုက် ထား၍ ၊ လက်ျာ တိုင်ကိုယာခိန် ၊ လက်ဝဲ တိုင်ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။

Tip: use the ← and → keys to turn chapters.