၆ ရာဇဝင်

Old Testament

Chapter 17
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 17

Greek New Testament: Textus Receptus has no text for this chapter yet.

1အာသ သား ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၍ ၊ ဣသရေလ နိုင်ငံတစ်ဘက် မိမိကို ခိုင်ခံ့ စေ၏။

2ယုဒ ပြည်တွင်၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ ၊ တပ် သားများကိုထား ၏။ ယုဒ ပြည် အရပ်ရပ်တို့၌ ၎င်း ၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသ တိုက် ယူ သော မြို့ တို့၌ ၎င်း ၊ မြို့ စောင့်တပ်ကို အသီးအသီးခန့်ထား ၏။

3-

4ခမည်းတော် သည် အရင် လိုက်သောလမ်း သို့ ၊ ယောရှဖတ် လိုက် လျက် ၊ ဗာလ ဘုရားတို့ကို မ ဆည်းကပ် ၊ ခမည်းတော် ၏ဘုရားသခင် ကိုသာဆည်းကပ် သဖြင့်၊ ဣသရေလ အမျိုး၏ထုံးစံ ကိုရှောင်၍၊ ပညတ်တရား တော်ကို ကျင့် သောကြောင့် ၊ ထာဝရဘုရား သည်စောင့်မ ၍၊

5နိုင်ငံ တော်ကိုယောရှဖတ် လက် ၌ တည်စေ တော်မူသဖြင့် ၊ ယုဒ ပြည်သားအပေါင်း တို့သည် လက်ဆောင် များကို ဆောင် ခဲ့ကြ၏။

6ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ သော်လည်း ၊ ထာဝရဘုရား ၏ တရားလမ်း တို့၌ စိတ် စွဲလမ်း ၍ ၊ မြင့် သောအရပ်နှင့် အာရှရ ပင်တို့ကို ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။

7နန်းစံ သုံး နှစ် တွင် ၊ ယုဒ မြို့ အရပ်ရပ် ၌ သွန်သင် စေခြင်းငှါ ၊ မှူးမတ် ဗင်ဟဲလ ၊ ဩဗဒိ ၊ ဇာခရိ ၊ နာသနေလ ၊ မိက္ခါယ တို့ကို၎င်း၊

8လေဝိ သားရှေမာယ ၊ နေသနိ ၊ ဇေဗဒိ ၊ အာသဟေလ ၊ ရှေမိရမုတ် ၊ ယောနသန် ၊ အဒေါနိယ ၊ တောဘိယ ၊ တောဘ ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ် ဧလိရှမာ နှင့် ယောရံ ကို၎င်း ၊ စေလွှတ် တော်မူ၏။

9ထိုသူတို့သည် ယုဒ ပြည်၌ ဩဝါဒ ပေး၍ ၊ ထာဝရဘုရား ၏ ပညတ္တိ ကျမ်းပါလျက် ၊ ယုဒ မြို့ အရပ်ရပ် တို့တွင် ၊ လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို သွန်သင် ကြ၏။

10ယုဒ ပြည် ပတ်ဝန်းကျင် တိုင်း နိုင်ငံရှိသမျှ တို့ သည်၊ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ယောရှဖတ် ကို စစ် မ တိုက်ဝံ့ဘဲ နေကြ၏။

11ဖိလိတ္တိ လူတို့သည် လက်ဆောင် နှင့် အခွန် ငွေကို၎င်း ၊ အာရပ် လူတို့သည် သိုး ခုနစ် ထောင် ခုနစ် ရာ နှင့် ဆိတ် ခုနစ် ထောင် ခုနစ် ရာ ကို၎င်း ဆောင် ခဲ့ကြ၏။

12ယောရှဖတ် သည် အလွန် ခွန်အား တိုးပွား၍ ၊ ယုဒ ပြည်၌ ရဲတိုက် နှင့် ဘဏ္ဍာ တော်မြို့ တို့ကို တည် တော်မူ ၏။

13ယုဒ မြို့ တို့၌ အမှု အရေးတော်များ ၏။ ခွန်အား ကြီး သော စစ်သူရဲ တို့သည် ယေရုရှလင် မြို့၌ ရှိ ကြ၏။

14စစ်သူရဲအဆွေအမျိုး အလိုက် ယူသော စာရင်း ဟူမူကား ၊ ယုဒ အမျိုး ဗိုလ်ချုပ် မင်းအာဒန နှင့် ခွန်အား ကြီး သော စစ်သူရဲ သုံး သိန်း၊

15စစ်ကဲ ယောဟနန် နှင့်ခွန်အားကြီးသော စစ်သူရဲနှစ် သိန်းရှစ်သောင်း၊

16စေတနာစိတ်နှင့်ကိုယ်ကိုထာဝရဘုရား အား ပူဇော် သော ဇိခရိ သား အာမသိ နှင့် ခွန်အား ကြီးသော စစ်သူရဲနှစ် သိန်း၊

17ဗင်္ယာမိန် အမျိုး ခွန်အား ကြီးသော ဧလျာဒ နှင့် လေး ၊ ဒိုင်း လွှားကို ကိုင် သောသူနှစ် သိန်း၊

18သူ့ နောက် ယောဇဗဒ် နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူတသိန်း ရှစ်သောင်းတည်း။

19ယုဒ ပြည်အရပ်ရပ် ၊ ခိုင်ခံ့ သောမြို့ တို့၌ ရှင်ဘုရင် ထား သော သူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

Tip: use the ← and → keys to turn chapters.