၆ ရာဇဝင်

Old Testament

Chapter 14
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 14

Greek New Testament: Textus Receptus has no text for this chapter yet.

1အဘိယ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ထိုမင်း လက်ထက် ၊ ပြည် တော်သည် ဆယ် နှစ် ပတ်လုံးငြိမ်းချမ်း သာယာ၏။

2အာသ မင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သော အမှုတို့ကို ပြု လေ၏။

3တပါး အမျိုးသားဘုရား၏ ယဇ် ပလ္လင်တို့ကို၎င်း၊ မြင့် သောအရပ်တို့ကို၎င်း ပယ်ရှား ၏။ ရုပ်တု ဆင်းတုတို့ကို ဖြိုဖျက် ၍ ၊ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။

4ယုဒ လူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ၍ ၊ ပညတ် တရား ကို စောင့်ရှောက် မည်အကြောင်း မိန့် တော်မူ၏။

5ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။

6ထို ကာလ ၌ ငြိမ်သက် သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့် ၊ ယုဒ ပြည်သည် ငြိမ် ၍ ၊ စစ်မှု နှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။

7ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့် ၊ တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။

8အာသ မင်း၌ ကိဒုန်နှင့်လှံ ကိုကိုင် သော ယုဒ အမျိုး သူရဲ သုံး သိန်း ၊ ဒိုင်း လွှားနှင့် လေး ကိုကိုင် သော ဗင်္ယာမိန် အမျိုးသူရဲနှစ် သိန်းရှစ်သောင်းရှိ၍ ၊ ထို သူ အပေါင်း တို့သည် ခွန်အားကြီး သော စစ်သူရဲ ဖြစ်ကြ၏။

9တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်း ၊ ရထား သုံး ရာ နှင့်တကွ ချီ လာ၍ ၊ မရေရှ မြို့သို့ ရောက် သောအခါ၊

10အာသ သည်ဆီးကြို ၍ ၊ မရေရှ မြို့အနား မှာ ဇေဖသ ချိုင့်၌ စစ် ပြိုင် ကြ၏။

11အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊

12ထာဝရဘုရား သည် ကုရှ လူတို့ကိုအာသ နှင့် ယုဒ လူတို့ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့် ၊ သူတို့သည်ပြေး ကြ၏။

13အာသ နှင့် သူ ၏လူ တို့သည် ဂေရာ မြို့တိုင်အောင် လိုက် သဖြင့် ၊ ကုရှ လူတို့သည် ပြန် ၍မ တိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရား နှင့် ဗိုလ်ခြေ တော်ရှေ့ မှာ ဖျက်ဆီး ခြင်းကိုခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။

14ဂေရာ မြို့ပတ်ဝန်းကျင် မြို့ သားတို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ ရှိသမျှ တို့ကို လုပ်ကြံ ၍ ၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာ အများ တို့ကို သိမ်းယူ ကြ၏။

15တိရစ္ဆာန် တင်းကုပ် များကိုလည်း တိုက်ဖျက် လျက် ၊ သိုး နှင့် ကုလားအုပ် အများတို့ကို သိမ်းယူ ၍။ယေရုရှလင် မြို့သို့ ပြန် သွားကြ၏။

Tip: use the ← and → keys to turn chapters.