၁တိမောသေ

Old Testament

Chapter 2

၁တိမောသေ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၁တိမောသေ 2

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ငါတို့သည် ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ် စွာ ကျင့်ခြင်းအမျိုးမျိုး ကိုပြု၍
1Παρακαλῶ οὖν πρῶτον πάντων ποιεῖσθαι δεήσεις, προσευχάς, ἐντεύξεις, εὐχαριστίας, ὑπὲρ πάντων ἀνθρώπων·
2ငြိမ်ဝပ် ဆိတ်ညံ စွာနေ ရမည်အကြောင်း ၊ ရှင်ဘုရင် မှစ၍ မင်းအာဏာ ရှိ သော သူ အပေါင်း တို့နှင့် လူ အမျိုးမျိုး တို့အဘို့ ဆုတောင်း ပဌနာပြုခြင်း၊ မေတ္တာပို့ ခြင်း၊ ကျေးဇူး တော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြု စေခြင်းငှာငါ တိုက်တွန်းသွေးဆောင်၏။
2ὑπὲρ βασιλέων καὶ πάντων τῶν ἐν ὑπεροχῇ ὄντων, ἵνα ἤρεμον καὶ ἡσύχιον βίον διάγωμεν ἐν πάσῃ εὐσεβείᾳ καὶ σεμνότητι.
3အကြောင်းမူကား၊ ထိုသို့သောအမှုသည် ကောင်း သောအမှုဖြစ်၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်ဘုရားသခင် နှစ်သက် တော်မူသောအမှုလည်း ဖြစ်၏။
3Τοῦτο γὰρ καλὸν καὶ ἀπόδεκτον ἐνώπιον τοῦ σωτῆρος ἡμῶν Θεοῦ,
4လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ရောက် ၍ သမ္မာတရား ကို သိ စေခြင်းငှာ ၊ ဘုရားသခင် အလို တော် ရှိ၏။
4ὃς πάντας ἀνθρώπους θέλει σωθῆναι καὶ εἰς ἐπίγνωσιν ἀληθείας ἐλθεῖν.
5ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ဘုရားသခင် နှင့် လူ တို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှု ခရစ် တည်းဟူသောအာမခံ တစ်ဦးတည်း ရှိ၏။
5Εἷς γὰρ Θεός, εἷς καὶ μεσίτης Θεοῦ καὶ ἀνθρώπων, ἄνθρωπος Χριστὸς Ἰησοῦς,
6ထိုအာမခံသည် လူအပေါင်း တို့ကို ရွေး အံ့သောငှာ ကိုယ်ကိုကိုယ် စွန့် တော်မူပြီ။ ကာလ အချိန်တန်မှ သက်သေခံ ခြင်းရှိ၏။
6ὁ δοὺς ἑαυτὸν ἀντίλυτρον ὑπὲρ πάντων, τὸ μαρτύριον καιροῖς ἰδίοις,
7ငါ သည်ထိုသက်သေခံ သောသူ အရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း၊ ယုံကြည် ခြင်းတရားနှင့် သမ္မာတရား ကို တစ်ပါး အမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသား စကားကိုမ ဆို၊ မှန် သောစကားကိုဆို ၏။
7εἰς ὃ ἐτέθην ἐγὼ κῆρυξ καὶ ἀπόστολος· ἀλήθειαν λέγω ἐν Χριστῷ, οὐ ψεύδομαι· διδάσκαλος ἐθνῶν ἐν πίστει καὶ ἀληθείᾳ.
8သို့ဖြစ်၍ ၊ အရပ်ရပ် တို့၌ ယောက်ျား တို့သည် အမျက်ထွက် ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ၊ သန့်ရှင်း သောလက် ကိုချီ ၍ ဆုတောင်း စေခြင်းငှာငါအလိုရှိ ၏။
8Βούλομαι οὖν προσεύχεσθαι τοὺς ἄνδρας ἐν παντὶ τόπῳ, ἐπαίροντας ὁσίους χεῖρας, χωρὶς ὀργῆς καὶ διαλογισμοῦ.
9ထိုနည်းတူ ၊ မိန်းမ တို့သည် ကျစ် သောဆံပင်၊ ရွှေ တန်ဆာ၊ ကျောက်ပုလဲ အဘိုး ထိုက်သော အဝတ် နှင့် ကိုယ် ကိုမ ဆင် ဘဲ၊ ရှက်ကြောက် ခြင်း၊ ဣန္ဒြေ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ် သော အဝတ်နှင့်၎င်း
9Ὡσαύτως καὶ τὰς γυναῖκας ἐν καταστολῇ κοσμίῳ, μετὰ αἰδοῦς καὶ σωφροσύνης, κοσμεῖν ἑαυτάς, μὴ ἐν πλέγμασιν, ἢ χρυσῷ, ἢ μαργαρίταις, ἢ ἱματισμῷ πολυτελεῖ,
10ဘုရားသခင် အားရိုသေလေးမြတ်ခြင်းကို ဝန်ခံ ပြုစုသော မိန်းမ ဆင်သင့်သည်အတိုင်း ကောင်း သော အကျင့် နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာငါအလိုရှိ၏။
10ἀλλ᾿ ὃ πρέπει γυναιξὶν ἐπαγγελλομέναις θεοσέβειαν, δι᾿ ἔργων ἀγαθῶν.
11မိန်းမ သည်အုပ်စိုး ခြင်းကို အစဉ် ဝန်ခံ၍ တိတ်ဆိတ် စွာသင် စေ။
11Γυνὴ ἐν ἡσυχίᾳ μανθανέτω ἐν πάσῃ ὑποταγῇ.
12မိန်းမ သည်ဆုံးမ ဩဝါဒပေးခြင်း၊ ယောက်ျား ကို အစိုးတရ ပြုစေခြင်းအခွင့် ကိုငါမ ပေး။ သူသည် တိတ်ဆိတ် စွာ နေ အပ်၏။
12Γυναικὶ δὲ διδάσκειν οὐκ ἐπιτρέπω, οὐδὲ αὐθεντεῖν ἀνδρός, ἀλλ᾿ εἶναι ἐν ἡσυχίᾳ.
13အကြောင်းမူကား ၊ အာဒံ ကို ရှေ့ဦးစွာ ဖန်ဆင်း တော်မူ၍၊ နောက်မှ ဧဝ ကိုဖန်ဆင်းတော်မူ၏။
13Ἀδὰμ γὰρ πρῶτος ἐπλάσθη, εἶτα Εὔα·
14ထိုမှတပါး၊ အာဒံ သည်လှည့်ဖြား ခြင်းကိုမ ခံ၊ မိန်းမ သည် လှည့်ဖြား ခြင်းကိုခံ ၍ လွန်ကျူး ၏။
14καὶ Ἀδὰμ οὐκ ἠπατήθη, ἡ δὲ γυνὴ ἀπατηθεῖσα ἐν παραβάσει γέγονε·
15သို့သော်လည်း ၊ ဣန္ဒြေ စောင့်ခြင်းနှင့်တကွ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သန့်ရှင်း ခြင်း၌ တည် လျှင် ၊ သားဘွား ခြင်းအမှု၌ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
15σωθήσεται δὲ διὰ τῆς τεκνογονίας, ἐὰν μείνωσιν ἐν πίστει καὶ ἀγάπῃ καὶ ἁγιασμῷ μετὰ σωφροσύνης.

Tip: use the ← and → keys to turn chapters.