၁ သက်သာလောနိ

Old Testament

Chapter 5

၁ သက်သာလောနိ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၁ သက်သာလောနိ 5

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။
1Περὶ δὲ τῶν χρόνων καὶ τῶν καιρῶν, ἀδελφοί, οὐ χρείαν ἔχετε ὑμῖν γράφεσθαι.
2အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။
2Αὐτοὶ γὰρ ἀκριβῶς οἴδατε ὅτι ἡ ἡμέρα Κυρίου ὡς κλέπτης ἐν νυκτὶ οὕτως ἔρχεται·
3ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။
3ὅταν γὰρ λέγωσιν, Εἰρήνη καὶ ἀσφάλεια, τότε αἰφνίδιος αὐτοῖς ἐφίσταται ὄλεθρος, ὥσπερ ἡ ὠδὶν τῇ ἐν γαστρὶ ἐχούσῃ, καὶ οὐ μὴ ἐκφύγωσιν.
4သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။
4Ὑμεῖς δέ, ἀδελφοί, οὐκ ἐστὲ ἐν σκότει, ἵνα ἡ ἡμέρα ὑμᾶς ὡς κλέπτης καταλάβῃ·
5သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။
5πάντες ὑμεῖς υἱοὶ φωτός ἐστε καὶ υἱοὶ ἡμέρας· οὐκ ἐσμὲν νυκτὸς οὐδὲ σκότους·
6သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။
6ἄρα οὖν μὴ καθεύδωμεν ὡς καὶ οἱ λοιποί, ἀλλὰ γρηγορῶμεν καὶ νήφωμεν.
7အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။
7Οἱ γὰρ καθεύδοντες νυκτὸς καθεύδουσι· καὶ οἱ μεθυσκόμενοι, νυκτὸς μεθύουσιν.
8နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။
8Ἡμεῖς δέ, ἡμέρας ὄντες, νήφωμεν, ἐνδυσάμενοι θώρακα πίστεως καὶ ἀγάπης, καὶ περικεφαλαίαν, ἐλπίδα σωτηρίας.
9အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။
9Ὅτι οὐκ ἔθετο ἡμᾶς ὁ Θεὸς εἰς ὀργήν, ἀλλ᾿ εἰς περιποίησιν σωτηρίας διὰ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ,
10ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။
10τοῦ ἀποθανόντος ὑπὲρ ἡμῶν, ἵνα, εἴτε γρηγορῶμεν εἴτε καθεύδωμεν, ἅμα σὺν αὐτῷ ζήσωμεν.
11ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။
11Διὸ παρακαλεῖτε ἀλλήλους, καὶ οἰκοδομεῖτε εἷς τὸν ἕνα, καθὼς καὶ ποιεῖτε.
12ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊
12Ἐρωτῶμεν δὲ ὑμᾶς, ἀδελφοί, εἰδέναι τοὺς κοπιῶντας ἐν ὑμῖν, καὶ προϊσταμένους ὑμῶν ἐν Κυρίῳ, καὶ νουθετοῦντας ὑμᾶς,
13သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။
13καὶ ἡγεῖσθαι αὐτοὺς ὑπὲρ ἐκπερισσοῦ ἐν ἀγάπῃ διὰ τὸ ἔργον αὐτῶν. Εἰρηνεύετε ἐν ἑαυτοῖς.
14တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။
14Παρακαλοῦμεν δὲ ὑμᾶς, ἀδελφοί, νουθετεῖτε τοὺς ἀτάκτους, παραμυθεῖσθε τοὺς ὀλιγοψύχους, ἀντέχεσθε τῶν ἀσθενῶν, μακροθυμεῖτε πρὸς πάντας.
15သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။
15Ὁρᾶτε μή τις κακὸν ἀντὶ κακοῦ τινὶ ἀποδῷ· ἀλλὰ πάντοτε τὸ ἀγαθὸν διώκετε καὶ εἰς ἀλλήλους καὶ εἰς πάντας.
16အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။
16Πάντοτε χαίρετε·
17မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
17ἀδιαλείπτως προσεύχεσθε·
18အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။
18ἐν παντὶ εὐχαριστεῖτε· τοῦτο γὰρ θέλημα Θεοῦ ἐν Χριστῷ Ἰησοῦ εἰς ὑμᾶς.
19ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။
19Τὸ πνεῦμα μὴ σβέννυτε·
20ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။
20προφητείας μὴ ἐξουθενεῖτε·
21ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။
21πάντα δοκιμάζετε· τὸ καλὸν κατέχετε·
22မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။
22ἀπὸ παντὸς εἴδους πονηροῦ ἀπέχεσθε.
23ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။
23Αὐτὸς δὲ ὁ Θεὸς τῆς εἰρήνης ἁγιάσαι ὑμᾶς ὁλοτελεῖς· καὶ ὁλόκληρον ὑμῶν τὸ πνεῦμα καὶ ἡ ψυχὴ καὶ τὸ σῶμα ἀμέμπτως ἐν τῇ παρουσίᾳ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ τηρηθείη.
24သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။
24Πιστὸς ὁ καλῶν ὑμᾶς, ὃς καὶ ποιήσει.
25ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။
25Ἀδελφοί, προσεύχεσθε περὶ ἡμῶν.
26ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
26Ἀσπάσασθε τοὺς ἀδελφοὺς πάντας ἐν φιλήματι ἁγίῳ.
27ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။
27Ὁρκίζω ὑμᾶς τὸν Κύριον, ἀναγνωσθῆναι τὴν ἐπιστολὴν πᾶσι τοῖς ἁγίοις ἀδελφοῖς.
28ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။
28Ἡ χάρις τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ μεθ᾿ ὑμῶν. Ἀμήν.

Tip: use the ← and → keys to turn chapters.