၁ သက်သာလောနိ

Old Testament

Chapter 5

၁ သက်သာလောနိ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၁ သက်သာလောနိ 5

Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။
1περι δε των χρονων και των καιρων αδελφοι ου χρειαν εχετε υμιν γραφεσθαι
2အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။
2αυτοι γαρ ακριβωσ οιδατε οτι η ημερα κυριου ωσ κλεπτησ εν νυκτι ουτωσ ερχεται
3ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။
3οταν γαρ λεγωσιν ειρηνη και ασφαλεια τοτε αιφνιδιοσ αυτοισ εφισταται ολεθροσ ωσπερ η ωδιν τη εν γαστρι εχουση και ου μη εκφυγωσιν
4သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။
4υμεισ δε αδελφοι ουκ εστε εν σκοτει ινα η ημερα υμασ ωσ κλεπτησ καταλαβη
5သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။
5παντεσ υμεισ υιοι φωτοσ εστε και υιοι ημερασ ουκ εσμεν νυκτοσ ουδε σκοτουσ
6သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။
6αρα ουν μη καθευδωμεν ωσ και οι λοιποι αλλα γρηγορωμεν και νηφωμεν
7အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။
7οι γαρ καθευδοντεσ νυκτοσ καθευδουσιν και οι μεθυσκομενοι νυκτοσ μεθυουσιν
8နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။
8ημεισ δε ημερασ οντεσ νηφωμεν ενδυσαμενοι θωρακα πιστεωσ και αγαπησ και περικεφαλαιαν ελπιδα σωτηριασ
9အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။
9οτι ουκ εθετο ημασ ο θεοσ εισ οργην αλλ εισ περιποιησιν σωτηριασ δια του κυριου ημων ιησου χριστου
10ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။
10του αποθανοντοσ υπερ ημων ινα ειτε γρηγορωμεν ειτε καθευδωμεν αμα συν αυτω ζησωμεν
11ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။
11διο παρακαλειτε αλληλουσ και οικοδομειτε εισ τον ενα καθωσ και ποιειτε
12ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊
12ερωτωμεν δε υμασ αδελφοι ειδεναι τουσ κοπιωντασ εν υμιν και προισταμενουσ υμων εν κυριω και νουθετουντασ υμασ
13သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။
13και ηγεισθαι αυτουσ υπερ εκπερισσου εν αγαπη δια το εργον αυτων ειρηνευετε εν εαυτοισ
14တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။
14παρακαλουμεν δε υμασ αδελφοι νουθετειτε τουσ ατακτουσ παραμυθεισθε τουσ ολιγοψυχουσ αντεχεσθε των ασθενων μακροθυμειτε προσ παντασ
15သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။
15ορατε μη τισ κακον αντι κακου τινι αποδω αλλα παντοτε το αγαθον διωκετε και εισ αλληλουσ και εισ παντασ
16အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။
16παντοτε χαιρετε
17မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
17αδιαλειπτωσ προσευχεσθε
18အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။
18εν παντι ευχαριστειτε τουτο γαρ θελημα θεου εν χριστω ιησου εισ υμασ
19ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။
19το πνευμα μη σβεννυτε
20ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။
20προφητειασ μη εξουθενειτε
21ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။
21παντα δε δοκιμαζετε το καλον κατεχετε
22မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။
22απο παντοσ ειδουσ πονηρου απεχεσθε
23ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။
23αυτοσ δε ο θεοσ τησ ειρηνησ αγιασαι υμασ ολοτελεισ και ολοκληρον υμων το πνευμα και η ψυχη και το σωμα αμεμπτωσ εν τη παρουσια του κυριου ημων ιησου χριστου τηρηθειη
24သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။
24πιστοσ ο καλων υμασ οσ και ποιησει
25ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။
25αδελφοι προσευχεσθε περι ημων
26ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
26ασπασασθε τουσ αδελφουσ παντασ εν φιληματι αγιω
27ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။
27ορκιζω υμασ τον κυριον αναγνωσθηναι την επιστολην πασιν τοισ αγιοισ αδελφοισ
28ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။
28η χαρισ του κυριου ημων ιησου χριστου μεθ υμων αμην

Tip: use the ← and → keys to turn chapters.