၁ပေတရု

Old Testament

Chapter 3

၁ပေတရု

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၁ပေတရု 3

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမ တို့၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
1Ὁμοίως, αἱ γυναῖκες, ὑποτασσόμεναι τοῖς ἰδίοις ἀνδράσιν, ἵνα, καὶ εἴ τινες ἀπειθοῦσι τῷ λόγῳ, διὰ τῆς τῶν γυναικῶν ἀναστροφῆς ἄνευ λόγου κερδηθήσωνται,
2သို့ပြု၍၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူ တို့သည် တရားမ နာသော်လည်း ၊ သင် တို့၏ ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ် သောအကျင့် တို့ကို ထောက်ရှု ၍၊ မိမိမယား ၏ အကျင့် အားဖြင့် သွေးဆောင် လျက် အတူပါ မည် အကြောင်း ရှိ၏။
2ἐποπτεύσαντες τὴν ἐν φόβῳ ἁγνὴν ἀναστροφὴν ὑμῶν.
3သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင် ကျစ် ခြင်း၊ ရွှေ ဆင် ခြင်း၊ အဝတ် ဝတ် ခြင်းတည်းဟူသောအပြင် တန်ဆာဆင်ခြင်းမ ဖြစ် စေဘဲ၊
3Ὧν ἔστω οὐχ ὁ ἔξωθεν ἐμπλοκῆς τριχῶν, καὶ περιθέσεως χρυσίων, ἢ ἐνδύσεως ἱματίων κόσμος·
4ဘုရားသခင့် ရှေ့ မှာ အဘိုး များစွာထိုက်သော နူးညံ့ ငြိမ်သက် ခြင်းသဘော တည်းဟူသောမ ဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ် နှလုံး၏ အတွင်း လူ ဖြစ် စေကြလော့။
4ἀλλ᾿ ὁ κρυπτὸς τῆς καρδίας ἄνθρωπος, ἐν τῷ ἀφθάρτῳ τοῦ πρᾳέος καὶ ἡσυχίου πνεύματος, ὅ ἐστιν ἐνώπιον τοῦ Θεοῦ πολυτελές.
5ဘုရားသခင် ကို ကိုးစား ၍သန့်ရှင်း သော မိန်းမ တို့သည် ရှေး ကထိုသို့ ကိုယ် ကိုတန်ဆာ ဆင်လျက်၊ စာရာ သည် အာဗြဟံ ကို သခင် ဟုခေါ်ဝေါ် ၍ သူ ၏စကားကို နားထောင် သကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ၏။ သင်တို့သည် ကောင်းမွန် စွာကျင့်၍ ၊ ကြောက်ရွံ့ တုန်လှုပ် ခြင်းအလျှင်း မ ရှိဘဲနေလျှင် စာရာ ၏သမီး ဖြစ် ကြ၏။
5Οὕτω γάρ ποτε καὶ αἱ ἅγιαι γυναῖκες αἱ ἐλπίζουσαι ἐπὶ τὸν Θεὸν ἐκόσμουν ἑαυτάς, ὑποτασσόμεναι τοῖς ἰδίοις ἀνδράσιν·
6ထိုနည်းတူ ၊ ယောက်ျား တို့၊ ဆုတောင်း ခြင်းအမှု၌ အဆီးအတား မ ရှိစေခြင်းငှာ အသက် ရှင်ခြင်းကျေးဇူး တော်ကို ဆက်ဆံ၍အမွေ ခံရသော သူချင်းကဲ့သို့ ၊ သတိ ပညာနှင့် လျော် စွာကိုယ်ခင်ပွန်းနှင့်အတူနေ ၍၊
6ὡς Σάρρα ὑπήκουσε τῷ Ἀβραάμ, κύριον αὐτὸν καλοῦσα, ἧς ἐγενήθητε τέκνα, ἀγαθοποιοῦσαι καὶ μὴ φοβούμεναι μηδεμίαν πτόησιν.
7အားနည်း သောသူကို ပြုသင့်သည်အတိုင်း သူ့ ကို စောင့်မ ပြုစုကြလော့။
7Οἱ ἄνδρες ὁμοίως, συνοικοῦντες κατὰ γνῶσιν, ὡς ἀσθενεστέρῳ σκεύει τῷ γυναικείῳ ἀπονέμοντες τιμήν, ὡς καὶ συγκληρονόμοι χάριτος ζωῆς, εἰς τὸ μὴ ἐκκόπτεσθαι τὰς προσευχὰς ὑμῶν.
8အချုပ်အခြာ စကားဟူမူကား၊ သင်တို့အပေါင်း သည် စိတ် တစ်ညီတစ်ညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက် ခြင်း၊ စိတ် နှိမ့်ချခြင်းရှိကြလော့။
8Τὸ δὲ τέλος, πάντες ὁμόφρονες, συμπαθεῖς, φιλάδελφοι, εὔσπλαγχνοι, φιλόφρονες·
9သင်တို့သည် ကောင်းကြီး မင်္ဂလာကိုအမွေခံ စေခြင်းအလိုငှာ ခေါ် တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့ မ မူ၊ ပြန်၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့။
9μὴ ἀποδιδόντες κακὸν ἀντὶ κακοῦ, ἢ λοιδορίαν ἀντὶ λοιδορίας· τοὐναντίον δὲ εὐλογοῦντες, εἰδότες ὅτι εἰς τοῦτο ἐκλήθητε, ἵνα εὐλογίαν κληρονομήσητε.
10အသက် ကိုမွေ့လျော် စေ၍ ၊ ကောင်းမွန် သော နေ့ရက် တို့ကို တွေ့မြင် ခြင်းငှာအလိုရှိ သောသူ သည်၊ မိမိလျှာ ကိုမကောင်း သောအရာနှင့် ကင်းလွတ် စေ။ မိမိနှုတ်ခမ်း လည်း မုသား စကားကို မ ပြော စေနှင့်။
10Ὁ γὰρ θέλων ζωὴν ἀγαπᾷν, καὶ ἰδεῖν ἡμέρας ἀγαθάς, παυσάτω τὴν γλῶσσαν αὐτοῦ ἀπὸ κακοῦ, καὶ χείλη αὐτοῦ τοῦ μὴ λαλῆσαι δόλον·
11ဒုစရိုက် ကိုလွှဲရှောင် ၍ သုစရိုက် ကိုပြု စေ။ သူတစ်ပါးနှင့် အသင့်အတင့် နေခြင်းကိုရှာ ၍ မှီအောင် လိုက် စေ။
11ἐκκλινάτω ἀπὸ κακοῦ, καὶ ποιησάτω ἀγαθόν· ζητησάτω εἰρήνην, καὶ διωξάτω αὐτήν.
12အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ ဆုတောင်း ခြင်းကိုလည်း နားထောင် တော်မူ၏။ ဒုစရိုက် ပြု သော သူတို့ကိုကား ၊ ထာဝရ ဘုရားသည် မျက်နှာ လွှဲ တော်မူ၏။
12Ὅτι οἱ ὀφθαλμοὶ Κυρίου ἐπὶ δικαίους, καὶ ὦτα αὐτοῦ εἰς δέησιν αὐτῶν· πρόσωπον δὲ Κυρίου ἐπὶ ποιοῦντας κακά.
13သင် တို့သည်ကောင်း သောတရားကို ကျင့် သောသူဖြစ် လျှင် ၊ အဘယ်သူ ညှဉ်းဆဲ မည်နည်း။
13Καὶ τίς ὁ κακώσων ὑμᾶς, ἐὰν τοῦ ἀγαθοῦ μιμηταὶ γένησθε;
14ဖြောင့်မတ် ခြင်းတရားကြောင့် ဆင်းရဲ ခံရလျှင် မူကား ၊ မင်္ဂလာ ရှိကြ၏။ သူ တို့၏ခြိမ်းချောက် ခြင်းကို မ ကြောက် ကြနှင့်၊ မ ထိတ်လန့် ကြနှင့်။
14Ἀλλ᾿ εἰ καὶ πάσχοιτε διὰ δικαιοσύνην, μακάριοι· τὸν δὲ φόβον αὐτῶν μὴ φοβηθῆτε, μηδὲ ταραχθῆτε·
15စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။
15Κύριον δὲ τὸν Θεὸν ἁγιάσατε ἐν ταῖς καρδίαις ὑμῶν· ἕτοιμοι δὲ ἀεὶ πρὸς ἀπολογίαν παντὶ τῷ αἰτοῦντι ὑμᾶς λόγον περὶ τῆς ἐν ὑμῖν ἐλπίδος, μετὰ πρᾳΰτητος καὶ φόβου·
16ခရစ်တော် ၌ သင် တို့ကျင့်သော အကျင့် ကောင်း ကို ရှုတ်ချ သော သူ တို့သည် ကဲ့ရဲ့ ပြစ်တင်သောအခါ ၊ ကိုယ်တိုင်ရှက်ကြောက် ခြင်းမရှိမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင် လျက် နေ ကြလော့။
16συνείδησιν ἔχοντες ἀγαθήν, ἵνα, ἐν ᾧ καταλαλῶσιν ὑμῶν ὡς κακοποιῶν, καταισχυνθῶσιν οἱ ἐπηρεάζοντες ὑμῶν τὴν ἀγαθὴν ἐν Χριστῷ ἀναστροφήν.
17ဘုရားသခင့် အလို တော်ရှိလျှင် ၊ သုစရိုက် ကိုပြု၍ ဆင်းရဲ ခံခြင်းသည်၊ ဒုစရိုက် ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း ၏။
17Κρεῖττον γὰρ ἀγαθοποιοῦντας, εἰ θέλει τὸ θέλημα τοῦ Θεοῦ, πάσχειν, ἢ κακοποιοῦντας.
18ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။
18Ὅτι καὶ Χριστὸς ἅπαξ περὶ ἁμαρτιῶν ἔπαθε, δίκαιος ὑπὲρ ἀδίκων, ἵνα ἡμᾶς προσαγάγῃ τῷ Θεῷ, θανατωθεὶς μὲν σαρκί, ζῳοποιηθεὶς δὲ τῷ πνεύματι,
19ထိုဝိညာဉ် တော်အားဖြင့် လည်း ကြွသွား တော်မူ၍၊ ယခုထောင် ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟော တော်မူ၏။
19ἐν ᾧ καὶ τοῖς ἐν φυλακῇ πνεύμασι πορευθεὶς ἐκήρυξεν,
20ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧ လက်ထက် ၌ ၊ နည်း သောသူတည်းဟူသောလူ ရှစ် ယောက်တို့ကို ရေ အားဖြင့် ကယ်ဆယ် သောသင်္ဘော ကိုတည်လုပ် စဉ် တွင်၊ ဘုရားသခင် ၏ ခန္တီ တော်သည်ဆိုင်းလင့် တော်မူသော်လည်း၊ နားမထောင် သောဝိညာဉ် ဖြစ်သတည်း။
20ἀπειθήσασί ποτε, ὅτε ἅπαξ ἐξεδέχετο ἡ τοῦ Θεοῦ μακροθυμία ἐν ἡμέραις Νῶε, κατασκευαζομένης κιβωτοῦ, εἰς ἣν ὀλίγαι, τοῦτ᾿ ἔστιν ὀκτὼ ψυχαί, διεσώθησαν δι᾿ ὕδατος·
21ထိုသို့သောဥပမာ အတိုင်း ၊ ယခု တွင်ဗတ္တိဇံ သည် ယေရှု ခရစ် ထမြောက် တော်မူသောအားဖြင့် ၊ ငါ တို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ် ကာယ၏ အညစ်အကြေး ဆေးကြော ခြင်းကို မ ဆိုလို။ ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် ၍၊ ဘုရားသခင့် ရှေ့ ၌ ဝန်ခံ ခြင်းကို ဆိုလိုသတည်း။
21ᾧ καὶ ἡμᾶς ἀντίτυπον νῦν σώζει βάπτισμα, οὐ σαρκὸς ἀπόθεσις ῥύπου, ἀλλὰ συνειδήσεως ἀγαθῆς ἐπερώτημα εἰς Θεόν, δι᾿ ἀναστάσεως Ἰησοῦ Χριστοῦ,
22ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။
22ὅς ἐστιν ἐν δεξιᾷ τοῦ Θεοῦ, πορευθεὶς εἰς οὐρανόν, ὑποταγέντων αὐτῷ ἀγγέλων καὶ ἐξουσιῶν καὶ δυνάμεων.

Tip: use the ← and → keys to turn chapters.