၁ပေတရု 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုကြောင့် ၊ သင်တို့သည် သခင် ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည်ဖြစ်၍ ၊
1Ἀποθέμενοι οὖν πᾶσαν κακίαν καὶ πάντα δόλον καὶ ὑποκρίσεις καὶ φθόνους καὶ πάσας καταλαλιάς,
2အမျိုးမျိုး သော မနာလို ခြင်း၊ လှည့်ဖြား ခြင်း၊ လျှို့ဝှက် ခြင်း၊ ငြူစူ ခြင်း၊ ကဲ့ရဲ့ ခြင်းရှိသမျှ ကို ပယ်ရှား ၍၊ ကယ်တင် ခြင်းအလိုငှာ နှုတ်ကပတ် တရား၏ နို့ စစ် အားဖြင့် ကြီးပွား မည်အကြောင်း ၊
2ὡς ἀρτιγέννητα βρέφη, τὸ λογικὸν ἄδολον γάλα ἐπιποθήσατε, ἵνα ἐν αὐτῷ αὐξηθῆτε,
3ဘွားစ သောသူငယ် ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင် သော စိတ်ရှိကြလော့။
3εἴπερ ἐγεύσασθε ὅτι χρηστὸς ὁ Κύριος·
4လူတို့ ပယ် ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက် ကျောက် မြတ် တည်းဟူသောထိုသခင် ထံသို့ သင်တို့သည်ရောက် ၍၊
4πρὸς ὃν προσερχόμενοι, λίθον ζῶντα, ὑπὸ ἀνθρώπων μὲν ἀποδεδοκιμασμένον, παρὰ δὲ Θεῷ ἐκλεκτόν, ἔντιμον,
5အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။
5καὶ αὐτοὶ ὡς λίθοι ζῶντες οἰκοδομεῖσθε οἶκος πνευματικός, ἱεράτευμα ἅγιον, ἀνενέγκαι πνευματικὰς θυσίας εὐπροσδέκτους τῷ Θεῷ διὰ Ἰησοῦ Χριστοῦ.
6ထိုသို့ နှင့်အညီ ကျမ်းစာ လာသည်ကား၊ ရွေးချယ် သော တိုက်ထောင့် အမြစ်ကျောက် မြတ် ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ် ထား၏။ ထိုကျောက် ကို အမှီပြု သောသူ သည် ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။
6Διὸ καὶ περιέχει ἐν τῇ γραφῇ, Ἰδού, τίθημι ἐν Σιὼν λίθον ἀκρογωνιαῖον, ἐκλεκτόν, ἔντιμον· καὶ ὁ πιστεύων ἐπ᾿ αὐτῷ οὐ μὴ καταισχυνθῇ.
7သို့ဖြစ်၍ ယုံကြည် ခြင်းရှိသော သင် တို့၌ကားဘုန်း အသရေရှိ၏။ နားမထောင် သောသူတို့၌ကား ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
7Ὑμῖν οὖν ἡ τιμὴ τοῖς πιστεύουσιν· ἀπειθοῦσι δέ, Λίθον ὃν ἀπεδοκίμασαν οἱ οἰκοδομοῦντες, οὗτος ἐγενήθη εἰς κεφαλὴν γωνίας,
8နားမထောင် ဘဲ နှုတ်ကပတ် တရားတော်ကို ထိမိ ၍ လဲ သောသူ တို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် လည်း ဖြစ်၏။ ထိုအမှု နှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထား တော်မူသတည်း။
8καί, Λίθος προσκόμματος καὶ πέτρα σκανδάλου· οἳ προσκόπτουσι τῷ λόγῳ ἀπειθοῦντες· εἰς ὃ καὶ ἐτέθησαν.
9သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။
9Ὑμεῖς δὲ γένος ἐκλεκτόν, βασίλειον ἱεράτευμα, ἔθνος ἅγιον, λαὸς εἰς περιποίησιν, ὅπως τὰς ἀρετὰς ἐξαγγείλητε τοῦ ἐκ σκότους ὑμᾶς καλέσαντος εἰς τὸ θαυμαστὸν αὐτοῦ φῶς·
10အထက် ကအပေါင်း အသင်းမ ဟုတ်၊ ယခု တွင် ဘုရားသခင် အပေါင်း အသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမ ခံရသော်လည်း ယခု တွင် ခံရ ကြ၏။
10οἱ ποτὲ οὐ λαός, νῦν δὲ λαὸς Θεοῦ· οἱ οὐκ ἠλεημένοι, νῦν δὲ ἐλεηθέντες.
11ချစ်သူ တို့၊ ဝိညာဉ် နှင့်စစ် ပြိုင် တတ်သော ကိုယ် ကာယတပ်မက် ခြင်းတို့ကို ရှောင် မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သောသင်တို့ကို ငါတောင်းပန် ၏။
11Ἀγαπητοί, παρακαλῶ ὡς παροίκους καὶ παρεπιδήμους, ἀπέχεσθαι τῶν σαρκικῶν ἐπιθυμιῶν, αἵτινες στρατεύονται κατὰ τῆς ψυχῆς·
12သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။
12τὴν ἀναστροφὴν ὑμῶν ἐν τοῖς ἔθνεσιν ἔχοντες καλήν, ἵνα, ἐν ᾧ καταλαλοῦσιν ὑμῶν ὡς κακοποιῶν, ἐκ τῶν καλῶν ἔργων, ἐποπτεύσαντες, δοξάσωσι τὸν Θεὸν ἐν ἡμέρᾳ ἐπισκοπῆς.
13သခင် ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင် ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင် စေခြင်းငှာ၎င်း၊ လူကောင်း တို့ကို ချီးမွမ်းစေခြင်းငှာ၎င်း၊
13Ὑποτάγητε οὖν πάσῃ ἀνθρωπίνῃ κτίσει διὰ τὸν Κύριον· εἴτε βασιλεῖ, ὡς ὑπερέχοντι·
14ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ ၊ လူ တို့တွင် စီရင် ခန့်ထားသမျှ သောမင်း၏အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
14εἴτε ἡγεμόσιν, ὡς δι᾿ αὐτοῦ πεμπομένοις εἰς ἐκδίκησιν μὲν κακοποιῶν, ἔπαινον δὲ ἀγαθοποιῶν.
15အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့် သောအားဖြင့်လူမိုက် တို့၏ မိုက်မဲ သောစကားကို ချေ စေခြင်းငှာ၊ ဘုရားသခင် သည် ထိုသို့သော အလို တော်ရှိ ၏။
15Ὅτι οὕτως ἐστὶ τὸ θέλημα τοῦ Θεοῦ, ἀγαθοποιοῦντας φιμοῦν τὴν τῶν ἀφρόνων ἀνθρώπων ἀγνωσίαν·
16လူ လွတ်ဖြစ်သော်လည်း၊ လွတ် ခြင်းအကြောင်းဖြင့် မကောင်း သောအမှုတို့ကို ဖုံးအုပ် သောသူကဲ့သို့ မ ကျင့် ၊ ဘုရားသခင် ၏ ကျွန် ကဲ့သို့ ကျင့်နေကြလော့။
16ὡς ἐλεύθεροι, καὶ μὴ ὡς ἐπικάλυμμα ἔχοντες τῆς κακίας τὴν ἐλευθερίαν, ἀλλ᾿ ὡς δοῦλοι Θεοῦ.
17ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။
17Πάντας τιμήσατε. Τὴν ἀδελφότητα ἀγαπᾶτε. Τὸν Θεὸν φοβεῖσθε. Τὸν βασιλέα τιμᾶτε.
18အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။
18Οἱ οἰκέται, ὑποτασσόμενοι ἐν παντὶ φόβῳ τοῖς δεσπόταις, οὐ μόνον τοῖς ἀγαθοῖς καὶ ἐπιεικέσιν, ἀλλὰ καὶ τοῖς σκολιοῖς.
19အကြောင်းမူကား ၊ ဘုရားသခင် ၏မျက်နှာ တော်ကိုထောက်၍ ၊ မတရား သောညှဉ်းဆဲ ခြင်းကို နာကျင် စွာခံရလျှင် ကျေးဇူး ရှိ၏။
19Τοῦτο γὰρ χάρις, εἰ διὰ συνείδησιν Θεοῦ ὑποφέρει τις λύπας, πάσχων ἀδίκως.
20ကိုယ်အပြစ် ကြောင့် ဒဏ် ခံရသောအခါသည်းခံ လျှင် ၊ အဘယ် ချီးမွမ်း စရာရှိသနည်း။ ကောင်းမွန် စွာပြု၍ ဆင်းရဲ ခံရသောအခါသည်းခံ လျှင် ၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး ရှိ၏။
20Ποῖον γὰρ κλέος, εἰ ἁμαρτάνοντες καὶ κολαφιζόμενοι ὑπομενεῖτε; Ἀλλ᾿ εἰ ἀγαθοποιοῦντες καὶ πάσχοντες ὑπομενεῖτε, τοῦτο χάρις παρὰ Θεῷ.
21အကြောင်းမူကား ၊ ထိုသို့ အလိုငှာ သင်တို့ကိုခေါ် တော်မူပြီ၊ ခရစ်တော် သည် ငါ တို့အတွက် ခံ တော်မူသည်ဖြစ်၍ ၊ ခြေ တော်ရာကို ရှောက်လိုက် စေခြင်းငှာ ပုံ သက်သေကိုထား တော်မူပြီ။
21Εἰς τοῦτο γὰρ ἐκλήθητε, ὅτι καὶ Χριστὸς ἔπαθεν ὑπὲρ ἡμῶν, ἡμῖν ὑπολιμπάνων ὑπογραμμόν, ἵνα ἐπακολουθήσητε τοῖς ἴχνεσιν αὐτοῦ·
22ထိုသခင် သည် ဒုစရိုက် ကိုမ ပြု ၊ နှုတ် တော်၌ လည်း မုသာ ကိုရှာ မ တွေ့၊ ကဲ့ရဲ့ ခြင်းကို ခံရသောအခါပြန် ၍မ ကဲ့ရဲ့။
22ὃς ἁμαρτίαν οὐκ ἐποίησεν, οὐδὲ εὑρέθη δόλος ἐν τῷ στόματι αὐτοῦ·
23အသေခံ ရသောအခါခြိမ်းချောက် ခြင်းကိုမ ပြု။ တရား သဖြင့် စီရင် တော်မူသောသူ ၌ ကိုယ်ကိုကိုယ်အပ်နှံ တော်မူ၏။
23ὃς λοιδορούμενος οὐκ ἀντελοιδόρει, πάσχων οὐκ ἠπείλει, παρεδίδου δὲ τῷ κρίνοντι δικαίως·
24ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။
24ὃς τὰς ἁμαρτίας ἡμῶν αὐτὸς ἀνήνεγκεν ἐν τῷ σώματι αὐτοῦ ἐπὶ τὸ ξύλον, ἵνα, ταῖς ἁμαρτίαις ἀπογενόμενοι, τῇ δικαιοσύνῃ ζήσωμεν· οὗ τῷ μώλωπι αὐτοῦ ἰάθητε.
25သင်တို့သည် အထက်ကလမ်းလွဲ ၍ ပျောက်သောသိုး ကဲ့သို့ ဖြစ်ကြ ၏။ ယခု မူကား ၊ သိုးထိန်း တည်းဟူသောသင် တို့၏ဝိညာဉ် တို့ကို အုပ်စိုး ကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက် ကြပြီ။
25Ἦτε γὰρ ὡς πρόβατα πλανώμενα· ἀλλ᾿ ἐπεστράφητε νῦν ἐπὶ τὸν ποιμένα καὶ ἐπίσκοπον τῶν ψυχῶν ὑμῶν.
Tip: use the ← and → keys to turn chapters.