Galatas
Chapter 6

Galatas

Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Galatas 6

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Fratres, etsi præoccupatus fuerit homo in aliquo delicto, vos, qui spirituales estis, hujusmodi instruite in spiritu lenitatis, considerans teipsum, ne et tu tenteris.
1ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
2Alter alterius onera portate, et sic adimplebitis legem Christi.
2ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။
3Nam si quis existimat se aliquid esse, cum nihil sit, ipse se seducit.
3အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။
4Opus autem suum probet unusquisque, et sic in semetipso tantum gloriam habebit, et non in altero.
4လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ၌ မ ဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။
5Unusquisque enim onus suum portabit.
5အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။
6Communicet autem is qui catechizatur verbo, ei qui se catechizat, in omnibus bonis.
6နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။
7Nolite errare: Deus non irridetur.
7အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။
8Quæ enim seminaverit homo, hæc et metet. Quoniam qui seminat in carne sua, de carne et metet corruptionem: qui autem seminat in spiritu, de spiritu metet vitam æternam.
8မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။
9Bonum autem facientes, non deficiamus: tempore enim suo metemus non deficientes.
9ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။
10Ergo dum tempus habemus, operemur bonum ad omnes, maxime autem ad domesticos fidei.
10ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။
11Videte qualibus litteris scripsi vobis mea manu.
11အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။
12Quicumque enim volunt placere in carne, hi cogunt vos circumcidi, tantum ut crucis Christi persecutionem non patiantur.
12မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။
13Neque enim qui circumciduntur, legem custodiunt: sed volunt vos circumcidi, ut in carne vestra glorientur.
13အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။
14Mihi autem absit gloriari, nisi in cruce Domini nostri Jesu Christi: per quem mihi mundus crucifixus est, et ego mundo.
14ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
15In Christo enim Jesu neque circumcisio aliquid valet, neque præputium, sed nova creatura.
15အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။
16Et quicumque hanc regulam secuti fuerint, pax super illos, et misericordia, et super Israël Dei.
16ဤ နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။
17De cetero, nemo mihi molestus sit: ego enim stigmata Domini Jesu in corpore meo porto.
17ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် ၌ သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။
18Gratia Domini nostri Jesu Christi cum spiritu vestro, fratres. Amen.
18ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.