Ephesios
Chapter 6

Ephesios

Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Ephesios 6

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Filii, obedite parentibus vestris in Domino: hoc enim justum est.
1သားသမီး တို့၊ သခင် ဘုရား၏ အလိုတော်နှင့်အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘစကား ကိုနားထောင် ခြင်းအမှုသည်တရား သောအမှုဖြစ် ၏။
2Honora patrem tuum, et matrem tuam, quod est mandatum primum in promissione:
2မိဘ ကိုရိုသေ စွာပြုလော့။
3ut bene sit tibi, et sis longævus super terram.
3ဤ ပညတ်တော်ကား၊ သင်သည် ပြည် တော်၌ ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ဟူ၍ဂတိ တော်နှင့် ဆိုင်သောပဌမ ပညတ် ဖြစ် ၏။
4Et vos patres, nolite ad iracundiam provocare filios vestros: sed educate illos in disciplina et correptione Domini.
4အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာမ ပြုကြနှင့်။ သခင် ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင် ခြင်းကိုပြုလျက် ကျွေးမွေး ကြလော့။
5Servi, obedite dominis carnalibus cum timore et tremore, in simplicitate cordis vestri, sicut Christo:
5အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။
6non ad oculum servientes, quasi hominibus placentes, sed ut servi Christi, facientes voluntatem Dei ex animo,
6လူ တို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မ ဟုတ်၊ ခရစ်တော် ၏ ကျွန် ကဲ့သို့ စေတနာစိတ် နှင့် ဘုရားသခင် ၏ အလို တော်ကို စောင့် ၍၊
7cum bona voluntate servientes, sicut Domino, et non hominibus:
7လူ ၏အစေကိုသာ ခံသကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညို သော သဘောနှင့် အစေ ကိုခံကြလော့။
8scientes quoniam unusquisque quodcumque fecerit bonum, hoc recipiet a Domino, sive servus, sive liber.
8ကောင်း သောအကျင့်ကို ကျင့် သောသူ မည်သည်ကား ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ သခင် ဘုရား၏ လက်တော်မှ အကျိုးကိုခံရ လိမ့်မည်ဟု သိမှတ် ကြလော့။
9Et vos domini, eadem facite illis, remittentes minas: scientes quia et illorum et vester Dominus est in cælis: et personarum acceptio non est apud eum.
9သခင် တို့၊ ခြိမ်းချောက် ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန် တို့ကို ထိုနည်းတူ ပြု ကြလော့။ သင် တို့၏ သခင် သည် ကောင်းကင် ဘုံ၌ ရှိ သည်ကို၎င်း၊ ထိုသခင် သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မ မူသည်ကို၎င်း၊ သိမှတ် ကြလော့။
10De cetero, fratres, confortamini in Domino, et in potentia virtutis ejus.
10ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။
11Induite vos armaturam Dei, ut possitis stare adversus insidias diaboli:
11မာရ်နတ် ၏ ပရိယာယ် တို့ကို တားဆီး နိုင် မည်အကြောင်း ၊ ဘုရားသခင် သည်ပြင်ဆင်တော်မူသော လက်နက်စုံ ကို ဝတ်ဆောင် ကြလော့။
12quoniam non est nobis colluctatio adversus carnem et sanguinem, sed adversus principes, et potestates, adversus mundi rectores tenebrarum harum, contra spiritualia nequitiæ, in cælestibus.
12အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။
13Propterea accipite armaturam Dei, ut possitis resistere in die malo, et in omnibus perfecti stare.
13ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ် သော နေ့ရက် ကာလ ၌ ဆီးတား နိုင် သဖြင့် ၊ ကိစ္စအလုံးစုံ တို့ကို ပြီးစီး ၍ ခံရပ် နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံ ကိုယူဆောင် ကြလော့။
14State ergo succincti lumbos vestros in veritate, et induti loricam justitiæ,
14သစ္စာ တည်းဟူသောခါးပန်း ကိုစည်း လျက်၊ ဖြောင့်မတ် ခြင်းပါရမီတည်းဟူသောရင်အုပ် တန်ဆာကို ဝတ်ဆင် လျက် ၊
15et calceati pedes in præparatione Evangelii pacis,
15ငြိမ်သက် ခြင်းနှင့်ယှဉ်သော ဧဝံဂလိ တရားကို ဟောပြောအံ့သောငှာပြင်ဆင် သော အဖြစ်တည်းဟူသောခြေစွပ် ကိုစွပ် လျက် ခံရပ် ကြလော့။
16in omnibus sumentes scutum fidei, in quo possitis omnia tela nequissimi ignea extinguere:
16မာရ်နတ် ပြစ်ခတ်သော မီးစက် လက်နက် ကို ကာသတ် နိုင် သော ယုံကြည် ခြင်းတည်းဟူသောလွှား ကို လည်းခပ်သိမ်း သော လက်နက်တို့အပေါ်မှာထပ်ဆင့်၍ ယူဆောင် ကြလော့။
17et galeam salutis assumite, et gladium spiritus (quod est verbum Dei),
17ကယ်တင် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တည်းဟူသောဝိညာဉ် တော်၏ဓား ကို၎င်း ယူ ကြလော့။
18per omnem orationem et obsecrationem orantes omni tempore in spiritu: et in ipso vigilantes in omni instantia et obsecratione pro omnibus sanctis:
18ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။
19et pro me, ut detur mihi sermo in apertione oris mei cum fiducia, notum facere mysterium Evangelii:
19ငါသည် ဧဝံဂေလိ တရားကြောင့် သံကြိုး နှင့် ချည်နှောင်ခြင်းကိုခံလျက်၊
20pro quo legatione fungor in catena, ita ut in ipso audeam, prout oportet me loqui.
20သံတမန် အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲ သောအရာကိုဖော်ပြ ခြင်းငှာငါ သည်နှုတ် ကို ရဲရင့် စွာ ဖွင့်လှစ် ခြင်း အခွင့်ရှိ မည်အကြောင်း ကို၎င်း၊ ထိုတရား ကိုဟောပြောအပ် သည်နှင့်အညီ ၊ ရဲရင့် စွာဟောပြော မည်အကြောင်း ကို၎င်း၊ ငါ့ အဘို့ လည်း ဆုတောင်းကြလော့။
21Ut autem et vos sciatis quæ circa me sunt, quid agam, omnia vobis nota faciet Tychicus, carissimus frater, et fidelis minister in Domino:
21သင် တို့သည် ငါ ၌ ဖြစ်သော အကြောင်း အရာများကို သိ စေခြင်းငှာ ၊ သခင် ဘုရားထံ၌ သစ္စာ ရှိသော ဆရာ တည်းဟူသောငါချစ် သောညီ တုခိတ် သည် အလုံးစုံ တို့ကို သင် တို့အား ဖော်ပြ လိမ့်မည်။
22quem misi ad vos in hoc ipsum, ut cognoscatis quæ circa nos sunt, et consoletur corda vestra.
22သင်တို့သည်ငါ တို့၏အကြောင်း အရာများကို သိ မည်အကြောင်း နှင့်၊ ထို သူ သည်သင် တို့စိတ်နှလုံး ကို သက်သာ စေမည်အကြောင်း ၊ ထိုသူ ကိုသင် တို့ဆီသို့ ငါစေလွှတ် ၏။
23Pax fratribus, et caritas cum fide a Deo Patre et Domino Jesu Christo.
23ညီအစ်ကို တို့၌ ငြိမ်သက် ခြင်းရှိပါစေသော။ ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ပေးတော်မူသောယုံကြည် ခြင်းနှင့် ချစ် ခြင်းမေတ္တာရှိပါစေသော။
24Gratia cum omnibus qui diligunt Dominum nostrum Jesum Christum in incorruptione. Amen.
24ငါ တို့သခင် ယေရှု ခရစ် ကို အမှန် ချစ် သော သူ အပေါင်း တို့၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.