Psalms 88
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1O LORD, the God of my salvation, day and night I cry out before You.
1အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အော်ဟစ် ပါ၏။
2May my prayer come before You; incline Your ear to my cry.
2အကျွန်ုပ် ပြုသောပဌနာ သည် အထံ တော်သို့ ဝင် ပါစေသော။ အော်ဟစ် သံကို နားထောင် တော်မူပါ။
3For my soul is full of troubles, and my life draws near to Sheol.
3အကျွန်ုပ် ၏ ဝိညာဉ် သည် ဒုက္ခ နှင့် ပြည့် ၍ ၊ အသက် သည်လည်း မရဏာ နိုင်ငံအနီးသို့ ရောက် ပါပြီ။
4I am counted among those descending to the Pit. I am like a man without strength.
4အကျွန်ုပ်သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ ရေတွက် ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန် သော သူ ကဲ့သို့ ဖြစ် ပါ၏။
5I am forsaken among the dead, like the slain who lie in the grave, whom You remember no more, who are cut off from Your care.
5အသေ ကောင်တို့တွင် ပစ် ထားသောသူ၊ ကွပ်မျက် ၍ သင်္ချိုင်း တွင်း၌ အိပ် နေသောသူတည်းဟူသော အောက်မေ့ တော်မ မူ၊ လက် တော်၏ မစခြင်းနှင့် ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
6You have laid me in the lowest Pit, in the darkest of the depths.
6အကျွန်ုပ် ကို အနက်ဆုံး သောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲ သော အရပ်၌ ချထား တော်မူပြီ။
7Your wrath weighs heavily upon me; all Your waves have submerged me. Selah
7အမျက် တော်သည် အကျွန်ုပ် အပေါ် ၌ ဖိ လျက် ရှိပါ၏။ လှိုင်း တံပိုးတော်အပေါင်း တို့နှင့် နှိပ်စက် တော်မူ ၏။
8You have removed my friends from me; You have made me repulsive to them; I am confined and cannot escape.
8အကျွန်ုပ် ၏ အသိအကျွမ်း များကို အဝေး သို့ ရွေ့တော်မူပြီ။ သူ တို့အား အကျွန်ုပ် ကို ရွံ့ရှာ ဖွယ် ဖြစ် စေတော်မူပြီ။ အကျွန်ုပ် သည် အချုပ် ခံရ၍ ၊ ပြင်သို့ မ ထွက် ရပါ။
9My eyes grow dim with grief. I call to You daily, O LORD; I spread out my hands to You.
9အကျွန်ုပ်ခံရသော ဒုက္ခ ကြောင့် အကျွန်ုပ် မျက်စိ သည် ပျက် ပါ၏။ အို ထာဝရဘုရား ၊ ကိုယ်တော် ကို အစဉ် အော်ဟစ် ပါ၏။ အထံ တော်သို့ လက် ကိုဆန့် ပါ၏။
10Do You work wonders for the dead? Do departed spirits rise up to praise You? Selah
10သေ လျက်နေသောသူတို့အား အံ့ဘွယ် သော အမှုတို့ကို ပြ တော်မူမည်လော ။ သင်္ချိုင်း သားတို့သည်ထ ၍ ကိုယ်တော် ကို ချီးမွမ်း ကြပါမည်လော ။
11Can Your loving devotion be proclaimed in the grave, Your faithfulness in Abaddon ?
11ကရုဏာ တော်ကို သင်္ချိုင်းတွင်း ၌ ၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ် ၌ ၎င်း ကြားပြော ရကြပါ မည်လော ။
12Will Your wonders be known in the darkness, or Your righteousness in the land of oblivion?
12အံ့ဘွယ် သော အမှုတော်တို့ကို မှောင်မိုက် သော အရပ်၌ ၎င်း၊ ဖြောင့်မတ် တော်မူခြင်းတရားကို မေ့လျော့ ရာပြည် ၌ ၎င်း သိရ ကြပါမည်လော။
13But to You, O LORD, I cry for help; in the morning my prayer comes before You.
13အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ နံနက် အချိန်၌ အကျွန်ုပ် ၏ ပဌနာ သည် ရှေ့တော်သို့ရောက် ပါ၏။
14Why, O LORD, do You reject me? Why do You hide Your face from me?
14အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို အဘယ် ကြောင့်ပယ် တော်မူသနည်း။ မျက်နှာ တော်ကို အကျွန်ုပ် မှ အဘယ်ကြောင့်လွှဲ တော်မူသနည်း။
15From my youth I was afflicted and near death. I have borne Your terrors; I am in despair.
15အကျွန်ုပ် သည် ဒုက္ခ ဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင် တော်မူသောဘေးများကို ငယ် သောအရွယ် က ပင် ခံရ ၍ ပင်ပန်း ပါ၏။
16Your wrath has swept over me; Your terrors have destroyed me.
16အမျက် တော်သည် အကျွန်ုပ် ကို လွှမ်းမိုး ပါ၏။ စီရင် တော်မူသောဘေးတို့သည် အကျွန်ုပ် ၏ အသက်ကို ညှဉ်းဆဲ သည်တိုင်အောင် ၊
17All day long they engulf me like water; they enclose me on every side.
17ရေ ကဲ့သို့ အစဉ်မပြတ် ဝိုင်း ၍ တညီ တညွတ်တည်း ဝန်းရံ ကြပါ၏။
18You have removed my beloved and my friend; darkness is my closest companion.
18ချစ် သောသူနှင့် အဆွေ ခင်ပွန်းကို အကျွန်ုပ် နှင့် ဝေးဝေး ရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိ ကြပါ၏။
Tip: use the ← and → keys to turn chapters.