Psalms
Chapter 4
Berean Standard Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Psalms 4

Berean Standard Bible
Judson Burmese Bible (1840)
1Answer me when I call, O God of my righteousness! You have relieved my distress; show me grace and hear my prayer.
1အကျွန်ုပ် ကိုဖြောင့်မတ် စေတော်မူသောဘုရား ၊ အကျွန်ုပ် ခေါ် သောအခါ နားထောင် တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲ စဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော်မူပါပြီ။ ယခုလည်းသနား ၍ အကျွန်ုပ် ၏ ပဌနာ စကား ကို နားထောင် တော်မူပါ။
2How long, O men, will my honor be maligned? How long will you love vanity and seek after lies ? Selah
2အချင်းလူသားတို့၊ အဘယ် မျှ ကာလ ပတ်လုံး ငါ ၏ဘုန်း ကို ရှုတ်ချ ကြမည်နည်း။ အဘယ်မျှကာလပတ်လုံးအနတ္တ ကို နှစ်သက် ၍ မုသာ ကို လိုက်ရှာ ကြမည် နည်း။
3Know that the LORD has set apart the godly for Himself; the LORD hears when I call to Him.
3ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။
4Be angry, yet do not sin; on your bed, search your heart and be still. Selah
4ကြောက်ရွံ့ တုန်လှုပ်၍ ဒုစရိုက် အပြစ်ကို ရှောင် ကြလော့။ အိပ်ရာ ပေါ် မှာ ကိုယ် စိတ် နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ် ခြင်းရှိကြလော့။
5Offer the sacrifices of the righteous and trust in the LORD.
5တရား သဖြင့်ယဇ် ပူဇော်၍ ထာဝရဘုရား ကို ကိုးစား ကြလော့။
6Many ask, “Who can show us the good?” Shine the light of Your face upon us, O LORD.
6ကောင်းမွန် သော အရာကို ငါ တို့အား အဘယ် သူပြ မည်နည်းဟုမေး တတ်သော သူအများ ရှိပါသည် ဖြစ်၍၊ အိုထာဝရဘုရား ၊ မျက်နှာ တော်အလင်း ကို အကျွန်ုပ် တို့အပေါ် မှာ ပေါ်ထွန်း စေတော်မူပါ။
7You have filled my heart with more joy than when grain and new wine abound.
7သူ တို့၌ ဆန် စပါး၊ စပျစ်ရည် ပေါ များ၍ ၊ သူ တို့ ဝမ်းမြောက် ခြင်းရှိသည်ထက် အကျွန်ုပ် ကိုသာ၍ ဝမ်းမြောက် စေတော်မူ၏။
8I will lie down and sleep in peace, for You alone, O LORD, make me dwell in safety.
8ငြိမ်ဝပ် စွာအိပ် ၍ ပျော် ပါမည်။ အကြောင်း မူကား၊ အကျွန်ုပ် သည် လုံခြုံ စွာနေ ရသောအခွင့်ကို ကိုယ်တော် အရှင် ထာဝရဘုရား သာလျှင် အခွင့်ပေးတော်မူ၏။

Tip: use the ← and → keys to turn chapters.