Psalms 80
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1Hear us, O Shepherd of Israel, who leads Joseph like a flock; You who sit enthroned between the cherubim, shine forth
1သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
2before Ephraim, Benjamin, and Manasseh. Rally Your mighty power and come to save us.
2ဧဖရိမ် အမျိုး၊ ဗင်္ယာမိန် အမျိုး၊ မနာရှေ အမျိုးတို့ ရှေ့ မှာ တန်ခိုး တော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ် တို့ကို ကယ်တင် ခြင်းငှါ ကြွ တော်မူပါ။
3Restore us, O God, and cause Your face to shine upon us, that we may be saved.
3အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော် အလင်း ကိုပြတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
4O LORD God of Hosts, how long will Your anger smolder against the prayers of Your people?
4ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့ပြုသောပဌနာ စကားကို အဘယ် မျှကာလ ပတ်လုံးအမျက်ထွက် တော်မူမည်နည်း။
5You fed them with the bread of tears and made them drink the full measure of their tears.
5သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။
6You make us contend with our neighbors; our enemies mock us.
6အနီး အပါး၌ နေသောသူတို့သည် အကျွန်ုပ် တို့ အတွက် ငြင်းခုံ ကြပါ၏။ ရန်သူ တို့သည်လည်း ဝါကြွား၍ အကျွန်ုပ် တို့ကို ပြက်ယယ် ပြုကြပါ၏။
7Restore us, O God of Hosts, and cause Your face to shine upon us, that we may be saved.
7ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
8You uprooted a vine from Egypt; You drove out the nations and transplanted it.
8ကိုယ်တော်သည် စပျစ် နွယ်ပင်ကို အဲဂုတ္တု ပြည် က ဆောင် ခဲ့၍၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးမှ စိုက်ပျိုး တော်မူ၏။
9You cleared the ground for it, and it took root and filled the land.
9သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။
10The mountains were covered by its shade, and the mighty cedars with its branches.
10သူ ၏အရိပ် သည် တောင် တို့ကို၎င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံး သော အာရဇ် ပင်တို့ကို၎င်းလွှမ်းမိုး ကြပါ၏။
11It sent out its branches to the Sea, and its shoots toward the River.
11သူ သည် အခက် အလက်တို့ကို ပင်လယ် တိုင်အောင် ၎င်း ၊ အညွန့် တို့ကို မြစ် ကြီးတိုင်အောင် ၎င်း ပြန့်ပွား စေပါ၏။
12Why have You broken down its walls, so that all who pass by pick its fruit?
12ယခုမူကား၊ လမ်း ၌ ရှောက်သွား သောသူ အပေါင်း တို့သည် ဆွတ် စေခြင်းငှါ၊ သူ ၏ခြံ ကို အဘယ် ကြောင့် ချိုးဖျက် တော်မူသနည်း။
13The boar from the forest ravages it, and the creatures of the field feed upon it.
13တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။
14Return, O God of Hosts, we pray! Look down from heaven and see! Attend to this vine—
14ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ တဖန် ကြွလာ တော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင် က ကြည့်ရှု တော်မူပါ။ ထို စပျစ် နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။
15the root Your right hand has planted, the son You have raised up for Yourself.
15လက်ျာ လက်တော်နှင့် စိုက်ပျိုး သောအပင်၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော ပျိုး ပင်ကို ကွယ်ကာတော်မူပါ။
16Your vine has been cut down and burned; they perish at the rebuke of Your countenance.
16မီးရှို့ ပါပြီ။ ခုတ် လှဲပါပြီ။ မျက်နှာ တော်ဖြင့် ဆုံးမ ခြင်းကို ခံရသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက် ရကြပါ၏။
17Let Your hand be upon the man at Your right hand, on the son of man You have raised up for Yourself.
17လက်ျာ လက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော လူ သား ၏အပေါ် မှာ လက် တော်ကို တင် ပါစေသော။
18Then we will not turn away from You; revive us, and we will call on Your name.
18သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ထံ မှ မ ဆုတ် ရကြပါ။ အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ နာမတော် ကို ပဌနာ ပြုကြပါမည်။
19Restore us, O LORD God of Hosts; cause Your face to shine upon us, that we may be saved.
19ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာ တော် အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Tip: use the ← and → keys to turn chapters.