Psalms 46
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1God is our refuge and strength, an ever-present help in times of trouble.
1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
2Therefore we will not fear, though the earth is transformed and the mountains are toppled into the depths of the seas,
2ထိုကြောင့် ပထဝီမြေကြီး သည် ရွေ့ သွား၍ တောင် များတုန်လှုပ်လျက် သမုဒ္ဒရာ သို့ ကျ သော်လည်း၊ ငါတို့သည် ကြောက်လန့် ခြင်းမ ရှိ။
3though their waters roar and foam and the mountains quake in the surge. Selah
3သမုဒ္ဒရာရေ သည် ဟုန်းဟုန်းမြည် ၍ မွှေနှောက် ပါ လေစေ။ လှိုင်း တံပိုးထသဖြင့် ၊ တောင် များတုန်လှုပ် ပါ လေစေ။
4There is a river whose streams delight the city of God, the holy place where the Most High dwells.
4မြစ် တမြစ်ရှိသေး၏။ ထို မြစ် ရေသည်စီး၍ ဘုရား သခင်၏ မြို့ တည်းဟူသောအမြင့်ဆုံး သောဘုရား ကျိန်းဝပ် တော်မူရာ သန့်ရှင်း သော မြို့တော်ကို ရွှင်လန်း စေတတ်၏။
5God is within her; she will not be moved. God will help her when morning dawns.
5ထိုမြို့ သည် ဘုရား သခင်ကျိန်းဝပ် တော်မူရာ ဖြစ်၍တုန်လှုပ် ခြင်း မ ရှိရာ။ မိုဃ်းသောက် လင်းစ၌ ဘုရား သခင်ကူမ တော်မူလိမ့်မည်။
6Nations rage, kingdoms crumble; the earth melts when He lifts His voice.
6လူမျိုး တို့သည် ဟုန်းဟုန်းမြည် ကြ၏။ တိုင်း နိုင်ငံတို့သည် လှုပ်ရှား ကြ၏။ ဗျာဒိတ် သံ ကို လွှတ် တော်မူ၍ မြေကြီး သည် အရည် ဖြစ်လေ၏။
7The LORD of Hosts is with us; the God of Jacob is our fortress. Selah
7ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။
8Come, see the works of the LORD, who brings devastation upon the earth.
8ထာဝရဘုရား စီရင် ပြုပြင်၍ မြေကြီး ပေါ် မှာ သုတ်သင် ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ကြည့်ရှု ကြလော့။
9He makes wars to cease throughout the earth; He breaks the bow and shatters the spear; He burns the shields in the fire.
9လေး ကိုချိုး လျက် ၊ လှံ ကိုအပိုင်းပိုင်းဖြတ် လျက်၊ ရထား ကိုမီး ရှို့ လျက် ၊ မြေကြီး စွန်း တိုင်အောင် စစ်မှု ကို ငြိမ်း စေတော်မူ၏။
10“Be still and know that I am God; I will be exalted among the nations, I will be exalted over the earth.”
10ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။
11The LORD of Hosts is with us; the God of Jacob is our fortress. Selah
11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
Tip: use the ← and → keys to turn chapters.