သုတ္တံကျမ်း။

Old Testament

Chapter 18

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Louis Segond 1910
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 18

Judson Burmese Bible (1840)
Louis Segond 1910
1သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။
1Celui qui se tient à l’écart cherche ce qui lui plaît, Il s’irrite contre tout ce qui est sage.
2မိုက် သောသူမူကား ၊ မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မ ပျော်မွေ့ တတ်။
2Ce n’est pas à l’intelligence que l’insensé prend plaisir, C’est à la manifestation de ses pensées.
3မ တရားသောသူလာ သောအခါ ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရ၏။ ဂုဏ် အသရေပျက်သောအခါ ၊ ကဲ့ရဲ့ ခြင်း ကိုလည်း ခံရ ၏။
3Quand vient le méchant, vient aussi le mépris; Et avec la honte, vient l’opprobre.
4နှုတ်ထွက် သောစကား သည် နက် သောရေ ကဲ့သို့၎င်း၊ ပညာ စမ်းရေ တွင်းသည် ရေစီး သောမြစ် ကဲ့သို့၎င်း ဖြစ်၏။
4Les paroles de la bouche d’un homme sont des eaux profondes; La source de la sagesse est un torrent qui jaillit.
5တရား တွေ့ရာအမှု၌ ဖြောင့်မတ် သောသူကို ရှုံး စေခြင်းငှါ ၊ မ တရားသောသူ ၏မျက်နှာ ကို မ ထောက် ကောင်း။
5Il n’est pas bon d’avoir égard à la personne du méchant, Pour faire tort au juste dans le jugement.
6မိုက် သောသူ၏နှုတ်ခမ်း တို့သည် ရန်တွေ့ တတ်၏။ သူ ၏နှုတ် သည်လည်း အပြစ် ဒဏ်ကို တောင်း တတ်၏။
6Les lèvres de l’insensé se mêlent aux querelles, Et sa bouche provoque les coups.
7မိုက် သောသူ၏နှုတ် သည် ပျက်စီး ရာအကြောင်း၊ နှုတ်ခမ်း တို့သည်လည်း မိမိ အသက် ကို ကျော့မိ ရာ အကြောင်းဖြစ်၏။
7La bouche de l’insensé cause sa ruine, Et ses lèvres sont un piège pour son âme.
8ကုန်း တိုက်သောသူ၏စကား သည် မြိန် သော ခဲဘွယ်စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
8Les paroles du rapporteur sont comme des friandises, Elles descendent jusqu’au fond des entrailles.
9အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
9Celui qui se relâche dans son travail Est frère de celui qui détruit.
10ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
10Le nom de l’Éternel est une tour forte; Le juste s’y réfugie, et se trouve en sûreté.
11ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။
11La fortune est pour le riche une ville forte; Dans son imagination, c’est une haute muraille.
12ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။
12Avant la ruine, le cœur de l’homme s’élève; Mais l’humilité précède la gloire.
13အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။
13Celui qui répond avant d’avoir écouté Fait un acte de folie et s’attire la confusion.
14လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
14L’esprit de l’homme le soutient dans la maladie; Mais l’esprit abattu, qui le relèvera?
15သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ၊ ပညာ စကားကို ရှာ တတ်၏။
15Un cœur intelligent acquiert la science, Et l’oreille des sages cherche la science.
16လူ ၌ပါသော လက်ဆောင် အားဖြင့် ၊ လမ်း ရှင်းလင်း ၍ ၊ လူကြီး ထံသို့ ဝင် ရသောအခွင့်ရှိတတ်၏။
16Les présents d’un homme lui élargissent la voie, Et lui donnent accès auprès des grands.
17ကိုယ် အမှု ကို အဦး စောင့်၍ပြောသောသူသည် ဖြောင့်မတ် ရာသို့ရောက်သော်လည်း၊ အိမ်နီးချင်း လာ ၍ စစ်ကြော တတ်၏။
17Le premier qui parle dans sa cause paraît juste; Vient sa partie adverse, et on l’examine.
18စာရေးတံ ပြုခြင်းအားဖြင့် အငြင်းအခုံ ငြိမ်း ၍ ၊ အားကြီး သောသူတို့ အမှု ကို ဆုံးဖြတ်တတ်၏။
18Le sort fait cesser les contestations, Et décide entre les puissants.
19အငြိုး ထားသောညီအစ်ကို သည် ခိုင်ခံ့ သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကိုရန် တွေ့ခြင်းအမှုသည် ရဲတိုက် တံခါးကျင် ကဲ့သို့ ဖြစ်၏။
19Des frères sont plus intraitables qu’une ville forte, Et leurs querelles sont comme les verrous d’un palais.
20လူ သည်မိမိနှုတ် ၏အသီး နှင့် ဝမ်း ပြည့် ရ၏။ မိမိ နှုတ်ခမ်း တို့၏ စီးပွါး နှင့်ဝ ရ၏။
20C’est du fruit de sa bouche que l’homme rassasie son corps, C’est du produit de ses lèvres qu’il se rassasie.
21လျှာ သည်အသက်သေ ခြင်းနှင့် ရှင် ခြင်းကို အစိုးရ ၏။ လျှာ ကို နှစ်သက် သောသူသည်လည်း ၊ လျှာ ၏အသီး ကို စား ရ၏။
21La mort et la vie sont au pouvoir de la langue; Quiconque l’aime en mangera les fruits.
22မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ခံရ ၏။
22Celui qui trouve une femme trouve le bonheur; C’est une grâce qu’il obtient de l’Éternel.
23ဆင်းရဲ သောသူသည် တောင်းပန် တတ်၏။ ငွေ ရတတ် သောသူမူကား ၊ ကြမ်းတမ်း စွာ ပြန် ပြောတတ်၏။
23Le pauvre parle en suppliant, Et le riche répond avec dureté.
24အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ၊ ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။
24Celui qui a beaucoup d’amis les a pour son malheur, Mais il est tel ami plus attaché qu’un frère.

Tip: use the ← and → keys to turn chapters.