တောလည်

Old Testament

Chapter 12
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

တောလည် 12

Greek New Testament: Textus Receptus has no text for this chapter yet.

1မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊

2အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။

3မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။

4ထာဝရဘုရား ကလည်း ၊ သင် တို့သုံး ယောက် သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြလော့ ဟု မောရှေ ၊ အာရုန် ၊ မိရိအံ တို့အား ချက်ခြင်း မိန့် တော်မူ၍ သူတို့သည် ထွက်သွား ကြ၏။

5ထာဝရဘုရား သည် မိုဃ်းတိမ် တိုင် ဖြင့် ဆင်းသက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝ ၌ ရပ် လျက်၊ အာရုန် နှင့် မိရိအံ ကို ခေါ် တော်မူ၍ ၊ သူတို့သည် ချဉ်းကပ် ကြ၏။

6ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။

7အိမ် တော်တအိမ်လုံး၌ သစ္စာ စောင့်သော ငါ့ ကျွန် မောရှေ သည် ထိုသို့ မ ဟုတ်။

8သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊

9အမျက် တော်ထွက် ၍ ထာဝရဘုရား ကြွ သွား တော်မူသဖြင့် ၊

10မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊

11အို အကျွန်ုပ် သခင် ၊ အကျွန်ုပ်တို့သည် မိုက် သောအမှုကို ပြုမိ၍ ပြစ်မှား သောအပြစ် ကို အကျွန်ုပ် တို့အပေါ် မှာ တင် တော်မ မူပါနှင့်၊ အကျွန်ုပ် တောင်းပန်ပါ၏။

12ဘွား စက ပင် ကိုယ် အသား တဝက် ပျက် သောအသေကောင် ကဲ့သို့ သူသည် မ ဖြစ် ပါစေနှင့်ဟု တောင်းပန် လျှင် ၊

13မောရှေ က၊ အို ဘုရားသခင် ၊ သူ ၏အနာကို ပျောက် စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရား အား အော်ဟစ် လေ၏။

14ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊

15မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။

16ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲ ဆောက်ကြ၏။

Tip: use the ← and → keys to turn chapters.