တောလည် 12
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊
1ותדבר מרים ואהרן במשה על אדות האשה הכשית אשר לקח כי אשה כשית לקח׃
2အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။
2ויאמרו הרק אך במשה דבר יהוה הלא גם בנו דבר וישמע יהוה׃
3မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
3והאיש משה ענו מאד מכל האדם אשר על פני האדמה׃
4ထာဝရဘုရား ကလည်း ၊ သင် တို့သုံး ယောက် သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြလော့ ဟု မောရှေ ၊ အာရုန် ၊ မိရိအံ တို့အား ချက်ခြင်း မိန့် တော်မူ၍ သူတို့သည် ထွက်သွား ကြ၏။
4ויאמר יהוה פתאם אל משה ואל אהרן ואל מרים צאו שלשתכם אל אהל מועד ויצאו שלשתם׃
5ထာဝရဘုရား သည် မိုဃ်းတိမ် တိုင် ဖြင့် ဆင်းသက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝ ၌ ရပ် လျက်၊ အာရုန် နှင့် မိရိအံ ကို ခေါ် တော်မူ၍ ၊ သူတို့သည် ချဉ်းကပ် ကြ၏။
5וירד יהוה בעמוד ענן ויעמד פתח האהל ויקרא אהרן ומרים ויצאו שניהם׃
6ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
6ויאמר שמעו נא דברי אם יהיה נביאכם יהוה במראה אליו אתודע בחלום אדבר בו׃
7အိမ် တော်တအိမ်လုံး၌ သစ္စာ စောင့်သော ငါ့ ကျွန် မောရှေ သည် ထိုသို့ မ ဟုတ်။
7לא כן עבדי משה בכל ביתי נאמן הוא׃
8သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊
8פה אל פה אדבר בו ומראה ולא בחידת ותמנת יהוה יביט ומדוע לא יראתם לדבר בעבדי במשה׃
9အမျက် တော်ထွက် ၍ ထာဝရဘုရား ကြွ သွား တော်မူသဖြင့် ၊
9ויחר אף יהוה בם וילך׃
10မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊
10והענן סר מעל האהל והנה מרים מצרעת כשלג ויפן אהרן אל מרים והנה מצרעת׃
11အို အကျွန်ုပ် သခင် ၊ အကျွန်ုပ်တို့သည် မိုက် သောအမှုကို ပြုမိ၍ ပြစ်မှား သောအပြစ် ကို အကျွန်ုပ် တို့အပေါ် မှာ တင် တော်မ မူပါနှင့်၊ အကျွန်ုပ် တောင်းပန်ပါ၏။
11ויאמר אהרן אל משה בי אדני אל נא תשת עלינו חטאת אשר נואלנו ואשר חטאנו׃
12ဘွား စက ပင် ကိုယ် အသား တဝက် ပျက် သောအသေကောင် ကဲ့သို့ သူသည် မ ဖြစ် ပါစေနှင့်ဟု တောင်းပန် လျှင် ၊
12אל נא תהי כמת אשר בצאתו מרחם אמו ויאכל חצי בשרו׃
13မောရှေ က၊ အို ဘုရားသခင် ၊ သူ ၏အနာကို ပျောက် စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရား အား အော်ဟစ် လေ၏။
13ויצעק משה אל יהוה לאמר אל נא רפא נא לה׃
14ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
14ויאמר יהוה אל משה ואביה ירק ירק בפניה הלא תכלם שבעת ימים תסגר שבעת ימים מחוץ למחנה ואחר תאסף׃
15မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။
15ותסגר מרים מחוץ למחנה שבעת ימים והעם לא נסע עד האסף מרים׃
16ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲ ဆောက်ကြ၏။
16ואחר נסעו העם מחצרות ויחנו במדבר פארן׃
Tip: use the ← and → keys to turn chapters.