တောလည် 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဣသရေလ အမျိုးသည် အသရိမ် လမ်း ဖြင့် လာ ကြသည်သိတင်းကို တောင် မျက်နှာ၌နေ သောခါနာန် အမျိုး အာရဒ် မင်းကြီး ကြား လျှင် ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ လူအချို့ တို့ကို ဘမ်းဆီး သိမ်းသွားလေ၏။
1וישמע הכנעני מלך ערד ישב הנגב כי בא ישראל דרך האתרים וילחם בישראל וישב ממנו שבי׃
2ဣသရေလ အမျိုးကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို အကျွန်ုပ် တို့လက် သို့ အပ် တော်မူလျှင် ၊ သူ တို့ မြို့ များကို ရှင်းရှင်းဖျက်ဆီး ပါမည်ဟု ထာဝရဘုရား အား သစ္စာ ဂတိပြုလေ၏။
2וידר ישראל נדר ליהוה ויאמר אם נתן תתן את העם הזה בידי והחרמתי את עריהם׃
3ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး၏ စကား ကို နားထောင် ၍ ၊ ထိုခါနာန် အမျိုးသားတို့ကိုအပ် တော်မူ၏။ သူ တို့နှင့် သူ တို့မြို့ များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး ၍၊ ထိုအရပ် ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
3וישמע יהוה בקול ישראל ויתן את הכנעני ויחרם אתהם ואת עריהם ויקרא שם המקום חרמה׃
4ဟောရ တောင် မှ ထွက် ၍ ဧဒုံ ပြည် ကို ဝိုင်း ခြင်းငှါ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် ချီသွားကြစဉ်၊ အသွား ခက်သောကြောင့် ၊ လူ များတို့သည် စိတ် အားလျော့ ကြ၍၊
4ויסעו מהר ההר דרך ים סוף לסבב את ארץ אדום ותקצר נפש העם בדרך׃
5သင်သည် ငါတို့ကို ဤတော ၌ သေ စေခြင်းငှါ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ မုန့် မ ရှိ၊ ရေ လည်း မ ရှိ၊ ဤပေါ့ပျက် သောစားစရာ ကိုလည်း ငါ တို့သည် အလွန်ရွံရှာ ၏ဟု ဘုရားသခင် နှင့် မောရှေ ကို ဆန့်ကျင်ဘက် ပြု၍ ဆို ကြ၏။
5וידבר העם באלהים ובמשה למה העליתנו ממצרים למות במדבר כי אין לחם ואין מים ונפשנו קצה בלחם הקלקל׃
6ထိုအခါ ထာဝရဘုရား သည်၊ ဣသရေလအမျိုးသား တို့တွင် မီး မြွေ များကို စေလွှတ် တော်မူ၍ ၊ လူ အများ တို့သည် အကိုက် ခံရသဖြင့် သေ ကြ၏။
6וישלח יהוה בעם את הנחשים השרפים וינשכו את העם וימת עם רב מישראל׃
7ထိုကြောင့် လူ များတို့သည် မောရှေ ထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရား နှင့် ကိုယ်တော် ကို ဆန့်ကျင် လျက် ပြောဆို၍ ပြစ်မှား ပါပြီ။ ထာဝရဘုရားသည် မြွေ များကို အကျွန်ုပ် တို့မှ ပယ်ရှား တော်မူမည်အကြောင်းဆုတောင်း ပါဟု လျှောက်လျှင်၊ မောရှေ သည် လူ များအဘို့ ဆုတောင်း လေ၏။
7ויבא העם אל משה ויאמרו חטאנו כי דברנו ביהוה ובך התפלל אל יהוה ויסר מעלינו את הנחש ויתפלל משה בעד העם׃
8ထာဝရဘုရား ကလည်း ၊ မီးမြွေ ရုပ်ကိုလုပ် ၍ တိုင် ပေါ်မှာ မြှောက် ထားလော့။ အကိုက် ခံရသောသူ တိုင်း ကြည့်ရှု လျှင် အသက် ချမ်းသာရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
8ויאמר יהוה אל משה עשה לך שרף ושים אתו על נס והיה כל הנשוך וראה אתו וחי׃
9မောရှေ သည် ကြေးဝါ ဖြင့် မြွေ ကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီ ထားပြီးလျှင် ၊ မြွေ ကိုက် သောသူမည်သည်ကား၊ ကြေးဝါ မြွေ ကို ကြည့်ရှု သောအခါ အသက် ချမ်းသာရကြ၏။
9ויעש משה נחש נחשת וישמהו על הנס והיה אם נשך הנחש את איש והביט אל נחש הנחשת וחי׃
10တဖန် ဣသရေလ အမျိုးသား တို့သည် နေရာ ပြောင်း၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
10ויסעו בני ישראל ויחנו באבת׃
11ဩဗုတ် အရပ်မှ ပြောင်း ပြန်၍ ၊ နေ ထွက် ရာ ဘက် ၊ မောဘ ပြည်ရှေ့ တွင်ရှိသောတော မှာ ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
11ויסעו מאבת ויחנו בעיי העברים במדבר אשר על פני מואב ממזרח השמש׃
12ထို အရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်း နား ၌ စားခန်းချ ကြ၏။
12משם נסעו ויחנו בנחל זרד׃
13ထို အရပ်မှ တဖန်ပြောင်း ပြန်၍ ၊ အာမောရိ ပြည်နယ် နှင့် စပ်သော တော ၌ ရှိသောအာနုန် ချောင်းနား တဘက်တချက် ၌ စားခန်းချ ကြ၏။ အာနုန် ချောင်းကား၊ မောဘ ပြည်၊ အာမောရိ ပြည်စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။
13משם נסעו ויחנו מעבר ארנון אשר במדבר היצא מגבול האמרי כי ארנון גבול מואב בין מואב ובין האמרי׃
14ထိုသို့နှင့်အညီ၊ ထာဝရဘုရား စစ်တိုက် စာ ၌ ကား၊ ဇာရက် အရပ်၊ သုပ အရပ်၊ အာနုန် ချောင်း တို့၊
14על כן יאמר בספר מלחמת יהוה את והב בסופה ואת הנחלים ארנון׃
15အာရ ပြည်သို့ စီး ၍ မောဘ ပြည်အနား ၌ ရှောက်သွားသော ချောင်း အသွယ်သွယ်ဟု လာသတည်း။
15ואשד הנחלים אשר נטה לשבת ער ונשען לגבול מואב׃
16အာနုန်ချောင်းမှ ဗေရ ရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရား က၊ လူ များကို စုဝေး စေလော့၊ ရေ ကို ငါပေး မည်ဟု မောရှေ အား မိန့် တော်မူရာ၌ ရည်ဆောင်သော ရေတွင်း ဖြစ် သတည်း။
16ומשם בארה הוא הבאר אשר אמר יהוה למשה אסף את העם ואתנה להם מים׃
17ထိုအခါ ဣသရေလ အမျိုးက၊ အိုတွင်း ရေ၊ ထွက် လော့။ ထွက်အောင် သီချင်း ဆိုကြလော့။
17אז ישיר ישראל את השירה הזאת עלי באר ענו לה׃
18တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ် တို့သည် ရေတွင်း ကို တူး ကြပြီ။ လူ တို့တွင် အကဲအမှူး တို့သည် တောင်ဝေး တို့နှင့် ရေတွင်းကို တူး ကြပြီဟု သီချင်း ဆိုလေ၏။
18באר חפרוה שרים כרוה נדיבי העם במחקק במשענתם וממדבר מתנה׃
19ထိုတော မှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာ အရပ်မှ နဟာလျေလ အရပ်သို့၎င်း ၊ နဟာလျေလ အရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
19וממתנה נחליאל ומנחליאל במות׃
20ဗာမုတ် အရပ်မှ မောဘ ချိုင့် သို့ ၎င်း၊ ယေရှိမုန် မြို့ကို မျက်နှာပြု သော ပိသဂါ တောင်ထိပ် သို့၎င်း ခရီးသွားကြ၏။
20ומבמות הגיא אשר בשדה מואב ראש הפסגה ונשקפה על פני הישימן׃
21ထိုအခါ ဣသရေလ အမျိုးသားတို့သည်၊ အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
21וישלח ישראל מלאכים אל סיחן מלך האמרי לאמר׃
22အကျွန်ုပ်တို့သည် မင်းကြီးပြည် အလယ် ၌ ရှောက် ၍ သွားပါရစေ။ လယ်ယာ သို့ ၎င်း ၊ စပျစ် ဥယျာဉ် သို့ ၎င်း မ ဝင် ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ မင်းကြီးပြည် ကို မ လွန် မှီတိုင်အောင်၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
22אעברה בארצך לא נטה בשדה ובכרם לא נשתה מי באר בדרך המלך נלך עד אשר נעבר גבלך׃
23ထိုပြည် အလယ် ၌ ရှောက်သွား ရသောအခွင့်ကို၊ ရှိဟုန် မင်းသည် ဣသရေလ အမျိုးသားတို့အား မ ပေး။ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ဣသရေလ အမျိုးသားတို့ကို ဆီးတား ခြင်းငှါ ၊ သူတို့ရှိရာတော သို့ ထွက် ၍ ယာဟတ် မြို့သို့ ရောက် ပြီးလျှင် စစ်တိုက်
23ולא נתן סיחן את ישראל עבר בגבלו ויאסף סיחן את כל עמו ויצא לקראת ישראל המדברה ויבא יהצה וילחם בישראל׃
24ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍၊ အာနုန် ချောင်းမှ သည် ယဗ္ဗုတ် ချောင်း တိုင်အောင် ၎င်း၊ အမ္မုန် အမျိုးသား နေရာတိုင်အောင် ၎င်း၊ ထိုမင်းပိုင်သော မြေ ကို သိမ်းယူ ကြ၏။ အမ္မုန် အမျိုးသား နေရာ နယ်စပ် ကား အားကြီး ၏။
24ויכהו ישראל לפי חרב ויירש את ארצו מארנן עד יבק עד בני עמון כי עז גבול בני עמון׃
25ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍အာမောရိ အမျိုးသားနေသောမြို့ ရွာ ရှိသမျှ တို့ကို သိမ်းယူ ၍ နေ ကြ၏။
25ויקח ישראל את כל הערים האלה וישב ישראל בכל ערי האמרי בחשבון ובכל בנתיה׃
26ဟေရှဘုန် မြို့ကား၊ မောဘ ပြည်ကို အစိုးရသောအရင် ရှင်ဘုရင် နှင့် စစ်တိုက် ၍ အာနုန် ချောင်းတိုင်အောင် ပြည် ကို လုယူ သော အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
26כי חשבון עיר סיחן מלך האמרי הוא והוא נלחם במלך מואב הראשון ויקח את כל ארצו מידו עד ארנן׃
27ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာ ဆရာတို့ က၊ ဟေရှဘုန် မြို့သို့ သွား ၍ တဖန်တည် ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ ကို ပြင်ဆင် ကြစို့။
27על כן יאמרו המשלים באו חשבון תבנה ותכונן עיר סיחון׃
28ရှိဟုန်ဘုရင်နေရာ ဟေရှဘုန် မြို့မှ မီးလျှံ ထွက် ၍ မောဘ ပြည်အာရ မြို့နှင့်တကွ၊ အာနုန် ချောင်းနား၊ မြင့် သောအရပ်၌ အစိုးရ သောမင်းတို့ကို လောင် လေပြီ။
28כי אש יצאה מחשבון להבה מקרית סיחן אכלה ער מואב בעלי במות ארנן׃
29အိုမောဘ ပြည်၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုး နည်းကြပြီ။ ပြေး ရသောမိမိ သား သမီး တို့ကို အာမောရိ ရှင်ဘုရင် ရှိဟုန် လက် သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေး ပြီ တကား။
29אוי לך מואב אבדת עם כמוש נתן בניו פליטם ובנתיו בשבית למלך אמרי סיחון׃
30တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန် ပြည်သည် ဒိဘုန် မြို့တိုင်အောင် ပျက် လေပြီ။ မေဒဘ မြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင် ပယ်ရှင်းကြပြီဟု ဆိုသတည်း။
30ונירם אבד חשבון עד דיבון ונשים עד נפח אשר עד מידבא׃
31ထိုသို့ ဣသရေလ အမျိုးသားတို့သည် အာမောရိ ပြည် ၌ နေ ရကြ၏။
31וישב ישראל בארץ האמרי׃
32မောရှေ သည်လည်း ၊ ယာဇာ မြို့ကို စူးစမ်း ခြင်းငှါ လူကို စေလွှတ် ပြီးလျှင် ၊ ထိုမြို့ ရွာတို့ကို သိမ်းယူ ၍ ၊ အရင် နေသောအာမောရိ အမျိုးသားတို့ကို နှင်ထုတ် ကြ၏။
32וישלח משה לרגל את יעזר וילכדו בנתיה ויירש את האמרי אשר שם׃
33တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်၊ မိမိ လူ အပေါင်း တို့နှင့် ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါချီ သွား၏။
33ויפנו ויעלו דרך הבשן ויצא עוג מלך הבשן לקראתם הוא וכל עמו למלחמה אדרעי׃
34ထာဝရဘုရား ကလည်း ၊ သူ့ ကို မ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏လူ အပေါင်း ကို၎င်း၊ သူ ၏မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ်ပေး ပြီ။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ ဤမင်းကိုလည်း ပြု ရမည် ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
34ויאמר יהוה אל משה אל תירא אתו כי בידך נתתי אתו ואת כל עמו ואת ארצו ועשית לו כאשר עשית לסיחן מלך האמרי אשר יושב בחשבון׃
35ထိုမင်း နှင့် သား များ၊ လူ များအပေါင်း တို့ကို တယောက်မျှ မ ကြွင်း လုပ်ကြံ ၍ သူ ၏ပြည် ကို သိမ်းယူ ကြ၏။
35ויכו אתו ואת בניו ואת כל עמו עד בלתי השאיר לו שריד ויירשו את ארצו׃
Tip: use the ← and → keys to turn chapters.