တောလည် 35
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်တော်မူ ၍၊
1וידבר יהוה אל משה בערבת מואב על ירדן ירחו לאמר׃
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
2צו את בני ישראל ונתנו ללוים מנחלת אחזתם ערים לשבת ומגרש לערים סביבתיהם תתנו ללוים׃
3ထိုမြို့ တို့သည် လေဝိသားနေ စရာဘို့ ဖြစ်၍၊ မြို့ ပတ်လည်နယ် တို့၌ သိုး နွား အစရှိသော တိရစ္ဆာန် များနှင့် ဥစ္စာ များကို ထား ရမည်။
3והיו הערים להם לשבת ומגרשיהם יהיו לבהמתם ולרכשם ולכל חיתם׃
4လေဝိ သားတို့အား ပေး သော မြို့နယ် တို့ကို မြို့ ပြင် ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည်။
4ומגרשי הערים אשר תתנו ללוים מקיר העיר וחוצה אלף אמה סביב׃
5မြို့ ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင် စီ တိုင်းထွာ ၍၊ ထို မြေ အလယ် ချက်၌ မြို့ တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ် ရသတည်း။
5ומדתם מחוץ לעיר את פאת קדמה אלפים באמה ואת פאת נגב אלפים באמה ואת פאת ים אלפים באמה ואת פאת צפון אלפים באמה והעיר בתוך זה יהיה להם מגרשי הערים׃
6လေဝိ သားတို့အား ပေး သော မြို့ တို့တွင်၊ လူကို သတ် သောသူသည် ပြေး ၍မှီခို ရာမြို့ ခြောက် မြို့တို့ကို ရွေးထားရမည်။ ထို မြို့မှတပါး အခြားသော မြို့ လေးဆယ် နှစ် မြို့တို့ကိုပေး ရမည်။
6ואת הערים אשר תתנו ללוים את שש ערי המקלט אשר תתנו לנס שמה הרצח ועליהם תתנו ארבעים ושתים עיר׃
7ထိုသို့ လေဝိ သားတို့အား ပေး ရသော မြို့ ပေါင်း ကား၊ နယ် နှင့်တကွ လေးဆယ် ရှစ် မြို့ ဖြစ်သတည်း။
7כל הערים אשר תתנו ללוים ארבעים ושמנה עיר אתהן ואת מגרשיהן׃
8ထို မြို့ တို့ကို ဣသရေလ အမျိုးသား ပိုင် သော မြေထဲက နှုတ်ရမည်။ များ သောမြေကို ရသောသူသည် များ သောမြို့၊ နည်း သောမြေကို ရသောသူသည်နည်း သောမြို့တို့ကိုပေး ရမည်။ လူအသီးသီး တို့သည် အမွေ ခံရသည်အတိုင်း ၊ မိမိ တို့မြို့ များထဲက နှုတ်၍ လေဝိ သားတို့အား ပေး ရမည်။
8והערים אשר תתנו מאחזת בני ישראל מאת הרב תרבו ומאת המעט תמעיטו איש כפי נחלתו אשר ינחלו יתן מעריו ללוים׃
9တဖန် မောရှေ အား ထာဝရဘုရား က၊
9וידבר יהוה אל משה לאמר׃
10သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍၊ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
10דבר אל בני ישראל ואמרת אלהם כי אתם עברים את הירדן ארצה כנען׃
11လူအသက် ကို အမှတ်တမဲ့ သတ် မိသောသူပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားရမည်။
11והקריתם לכם ערים ערי מקלט תהיינה לכם ונס שמה רצח מכה נפש בשגגה׃
12ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
12והיו לכם הערים למקלט מגאל ולא ימות הרצח עד עמדו לפני העדה למשפט׃
13လေဝိသားတို့အားပေး သော မြို့ တို့တွင် ယော်ဒန် မြစ်အရှေ့ ဘက်၌ မှီခိုရာမြို့ သုံး မြို့၊
13והערים אשר תתנו שש ערי מקלט תהיינה לכם׃
14ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။
14את שלש הערים תתנו מעבר לירדן ואת שלש הערים תתנו בארץ כנען ערי מקלט תהיינה׃
15ထို မြို့ ခြောက် မြို့တို့ကား၊ လူအသက် ကို အမှတ်တမဲ့ သတ် မိသော ဣသရေလ အမျိုးသား ၊ သင်တို့တွင် တည်းခို သော တပါး သော အမျိုးသားတို့သည် ပြေး ၍ မှီခို ရာမြို့ ဖြစ် သတည်း။
15לבני ישראל ולגר ולתושב בתוכם תהיינה שש הערים האלה למקלט לנוס שמה כל מכה נפש בשגגה׃
16သို့ရာတွင် လူအသက်ကို သေ စေခြင်းငှါ ၊ သံ လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ လူသတ် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
16ואם בכלי ברזל הכהו וימת רצח הוא מות יומת הרצח׃
17လူအသက်ကို သေ စေခြင်းငှာ ကျောက်ခဲ နှင့် ပစ် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
17ואם באבן יד אשר ימות בה הכהו וימת רצח הוא מות יומת הרצח׃
18လူအသက်ကို သေ စေခြင်းငှာ သစ်သား လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
18או בכלי עץ יד אשר ימות בו הכהו וימת רצח הוא מות יומת הרצח׃
19သေစားသေစေ သောသူသည် လူသတ် ကို တွေ့ သောအခါ ၊ ကိုယ်တိုင် သတ် ရမည်။
19גאל הדם הוא ימית את הרצח בפגעו בו הוא ימיתנו׃
20သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊
20ואם בשנאה יהדפנו או השליך עליו בצדיה וימת׃
21သေ စေခြင်းငှါ မုန်း သောစိတ်ရှိ၍ လက် နှင့် ရိုက် သော်၎င်း ၊ ထိုသို့ပြုသောသူသည် လူသတ် ဖြစ်သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေ သောသူသည် တွေ့ သောအခါ သတ် ရမည်။
21או באיבה הכהו בידו וימת מות יומת המכה רצח הוא גאל הדם ימית את הרצח בפגעו בו׃
22သို့မဟုတ် မုန်း သောစိတ်မ ရှိဘဲ အမှတ်တမဲ့ တွန်းချ သော်၎င်း ၊ မ ချောင်းမြောင်း ဘဲ တစုံတခု နှင့် ပစ် မိ သော်၎င်း၊
22ואם בפתע בלא איבה הדפו או השליך עליו כל כלי בלא צדיה׃
23သူ ၏ရန်သူ မ ဟုတ်၊ မုန်း သောစိတ်မ ရှိ၊ သူ့ကို မ မြင် ဘဲလျက် သေ အောင် ကျောက်ခဲ နှင့် ပစ်မိသော်၎င်း၊
23או בכל אבן אשר ימות בה בלא ראות ויפל עליו וימת והוא לא אויב לו ולא מבקש רעתו׃
24ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
24ושפטו העדה בין המכה ובין גאל הדם על המשפטים האלה׃
25သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။
25והצילו העדה את הרצח מיד גאל הדם והשיבו אתו העדה אל עיר מקלטו אשר נס שמה וישב בה עד מות הכהן הגדל אשר משח אתו בשמן הקדש׃
26လူအသက်ကိုသတ် မိသောသူသည် ပြေး ၍ မှီခို သောမြို့ နယ် ပြင်သို့ ထွက် သော် ၊
26ואם יצא יצא הרצח את גבול עיר מקלטו אשר ינוס שמה׃
27သေစားသေစေ သောသူသည် မြို့ နယ် ပြင် မှာ ထိုသူ ကို တွေ့ ၍ သတ် လျှင်၊ လူအသက်ကိုသတ် သောအပြစ် မ ရှိ။
27ומצא אתו גאל הדם מחוץ לגבול עיר מקלטו ורצח גאל הדם את הרצח אין לו דם׃
28အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်၊ မိမိ မှီခို သော မြို့ ထဲမှာ နေ ရ မည်။ ယဇ်ပုရောဟိတ် မင်း သေ သောနောက်မှ ၊ ထိုသူသည် မိမိ ပိုင် သောမြေ သို့ ပြန် ရသောအခွင့်ရှိ၏။
28כי בעיר מקלטו ישב עד מות הכהן הגדל ואחרי מות הכהן הגדל ישוב הרצח אל ארץ אחזתו׃
29ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
29והיו אלה לכם לחקת משפט לדרתיכם בכל מושבתיכם׃
30လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။
30כל מכה נפש לפי עדים ירצח את הרצח ועד אחד לא יענה בנפש למות׃
31အသေခံထိုက်သော လူသတ် ၏ အသက် ဘိုးငွေ ကို မ ခံ မယူရ။ သူသည် အသေ သတ်ခြင်းကို အမှန် ခံရမည်။
31ולא תקחו כפר לנפש רצח אשר הוא רשע למות כי מות יומת׃
32မှီခို ရာမြို့ သို့ ပြေး သောသူသည်၊ ယဇ်ပုရောဟိတ် မင်း မ သေ မှီ၊ မိမိနေရင်းအရပ် သို့ ပြန် ၍ နေ မည် အကြောင်း၊ အရွေး ငွေကို မ ခံ မယူရ။
32ולא תקחו כפר לנוס אל עיר מקלטו לשוב לשבת בארץ עד מות הכהן׃
33ထိုသို့ သင် တို့နေသောပြည် ကို မ ညစ်ညူး စေရ။ လူအသွေး သည်ပြည် ကိုညစ်ညူး စေတတ်၏။ လူအသွေးကို သွန်း သောသူ၏အသွေး အားဖြင့် သာ ထိုညစ်ညူးခြင်းကို စင်ကြယ် စေနိုင်၏။
33ולא תחניפו את הארץ אשר אתם בה כי הדם הוא יחניף את הארץ ולארץ לא יכפר לדם אשר שפך בה כי אם בדם שפכו׃
34ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။
34ולא תטמא את הארץ אשר אתם ישבים בה אשר אני שכן בתוכה כי אני יהוה שכן בתוך בני ישראל׃
Tip: use the ← and → keys to turn chapters.