တောလည် 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ပဌမ လ ၌ သိန တော တွင် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူ သည်ကား၊
1וידבר יהוה אל משה במדבר סיני בשנה השנית לצאתם מארץ מצרים בחדש הראשון לאמר׃
2ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
2ויעשו בני ישראל את הפסח במועדו׃
3စီရင် ထုံးဖွဲ့သမျှ သောထုံးစံ အတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသောယခု လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ စောင့် ရကြမည်ဟု မိန့် တော်မူ၏။
3בארבעה עשר יום בחדש הזה בין הערבים תעשו אתו במועדו ככל חקתיו וככל משפטיו תעשו אתו׃
4ဣသရေလ အမျိုးသား တို့သည် ပသခါ ပွဲကို ခံရ မည်အကြောင်း၊ မောရှေ ဆင့်ဆို သည်အတိုင်း ၊
4וידבר משה אל בני ישראל לעשת הפסח׃
5သိန တော တွင် ပဌမ လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ ပသခါ ပွဲကိုခံရ ကြ၏။ မောရှေ အား ထာဝရဘုရား မှာထား တော်မူသမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
5ויעשו את הפסח בראשון בארבעה עשר יום לחדש בין הערבים במדבר סיני ככל אשר צוה יהוה את משה כן עשו בני ישראל׃
6ထို နေ့ ၌ ပသခါ ပွဲကိုမ ခံရ မည်အကြောင်း၊ လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်းသို့ ရောက် သော လူ အချို့တို့သည်၊ ထို နေ့ ၌ မောရှေ နှင့် အာရုန် ထံသို့ ချဉ်းကပ် ၍၊
6ויהי אנשים אשר היו טמאים לנפש אדם ולא יכלו לעשת הפסח ביום ההוא ויקרבו לפני משה ולפני אהרן ביום ההוא׃
7အကျွန်ုပ် တို့သည် လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်း ရှိပါ၏။ ချိန်းချက် သောအချိန်၌ ဣသရေလ အမျိုးသား တို့နှင့်အတူ ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ကို မ ပြု စေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက် ကြ၏။
7ויאמרו האנשים ההמה אליו אנחנו טמאים לנפש אדם למה נגרע לבלתי הקרב את קרבן יהוה במעדו בתוך בני ישראל׃
8မောရှေ ကလည်း ၊ နေ ကြဦးလော့။ သင် တို့အမှု၌ ထာဝရဘုရား မိန့် တော်မူသော စကားကို ငါနားထောင် ဦးမည်ဟု ပြန်ဆို ၏။
8ויאמר אלהם משה עמדו ואשמעה מה יצוה יהוה לכם׃
9ထိုအခါ မောရှေ အား ထာဝရဘုရား က၊
9וידבר יהוה אל משה לאמר׃
10သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့အမျိုးသား သည် အသေကောင် အားဖြင့် ညစ်ညူး ခြင်းရှိ သော်၎င်း ၊ ဝေး သောအရပ်သို့ ခရီး သွားသော်၎င်း၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကိုခံရ မည်။
10דבר אל בני ישראל לאמר איש איש כי יהיה טמא לנפש או בדרך רחקה לכם או לדרתיכם ועשה פסח ליהוה׃
11ဒုတိယ လ တဆယ် လေး ရက် နေ့ညဦးယံ ၌ ပွဲ ခံ၍၊ သိုးသငယ်အသားကို တဆေး မပါသော မုန့်၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
11בחדש השני בארבעה עשר יום בין הערבים יעשו אתו על מצות ומררים יאכלהו׃
12ထိုအသားကို နံနက် တိုင်အောင် မ ကြွင်း စေရ။ အရိုး ကိုလည်း မ ချိုး ရ။ ပသခါ ပွဲနှင့်ဆိုင်သောအထုံးအဖွဲ့ရှိသမျှ တို့ ကို လိုက်၍ ပွဲ ခံရသောအခွင့်ရှိ၏။
12לא ישאירו ממנו עד בקר ועצם לא ישברו בו ככל חקת הפסח יעשו אתו׃
13ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
13והאיש אשר הוא טהור ובדרך לא היה וחדל לעשות הפסח ונכרתה הנפש ההוא מעמיה כי קרבן יהוה לא הקריב במעדו חטאו ישא האיש ההוא׃
14သင် တို့ထံမှာတည်းခို သော တပါး အမျိုးသားသည်၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ ခြင်းငှါအလိုရှိလျှင် ၊ စီရင် ထုံးဖွဲ့၍ ခံရသောထုံးစံ အတိုင်း ပွဲ ခံရ မည်။ သင်တို့တွင် တည်းခိုသော တပါး အမျိုးသားဖြစ်သောသူ၊ အမျိုးသား ချင်းဖြစ်သောသူတို့သည် ထုံးစံ တပါးတည်း သာ ရှိ ရကြမည်ဟုမိန့် တော်မူ၏။
14וכי יגור אתכם גר ועשה פסח ליהוה כחקת הפסח וכמשפטו כן יעשה חקה אחת יהיה לכם ולגר ולאזרח הארץ׃
15တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
15וביום הקים את המשכן כסה הענן את המשכן לאהל העדת ובערב יהיה על המשכן כמראה אש עד בקר׃
16ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
16כן יהיה תמיד הענן יכסנו ומראה אש לילה׃
17မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ မိုဃ်းတိမ် တည် လေရာရာ ၌ လည်း ၊ တဲ များကို ဆောက်ပြန်ကြ၏။
17ולפי העלת הענן מעל האהל ואחרי כן יסעו בני ישראל ובמקום אשר ישכן שם הענן שם יחנו בני ישראל׃
18ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း လည်း တဲ များကို ဆောက်ကြ၏။ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည် နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌နေကြ၏။
18על פי יהוה יסעו בני ישראל ועל פי יהוה יחנו כל ימי אשר ישכן הענן על המשכן יחנו׃
19မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်ကြာမြင့် စွာတည် နေသောအခါ ၊ ဣသရေလ အမျိုးသား တို့ သည် ခရီး မ သွားဘဲ ထာဝရဘုရား ထံတော်၌ စောင့် နေကြ ၏။
19ובהאריך הענן על המשכן ימים רבים ושמרו בני ישראל את משמרת יהוה ולא יסעו׃
20မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်အနည်းငယ် မျှ တည် နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ၏။ ထာဝရဘုရား အမိန့် တော်အတိုင်း လည်း၊ ခရီးသွား ကြ၏။
20ויש אשר יהיה הענן ימים מספר על המשכן על פי יהוה יחנו ועל פי יהוה יסעו׃
21ညဦးယံ မှစ၍ နံနက် အချိန်တိုင်အောင် မိုဃ်းတိမ် တည် နေ၍၊ နံနက် အချိန်၌ မြောက် သောအခါ ခရီးသွား ကြ၏။ နေ့ ဖြစ်စေ ၊ ည ဖြစ်စေ၊ မိုဃ်းတိမ် မြောက် သောအခါ ခရီးသွား ကြ၏။
21ויש אשר יהיה הענן מערב עד בקר ונעלה הענן בבקר ונסעו או יומם ולילה ונעלה הענן ונסעו׃
22နှစ်ရက် ဖြစ်စေ ၊ တလ ဖြစ်စေ ၊ တနှစ် ဖြစ်စေ ၊ မိုဃ်းတိမ် သည် တဲ တော်ပေါ်မှာ တည် နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသား တို့သည် ခရီး မ သွားဘဲ တဲ ၌နေကြ၏။ တဖန် မိုဃ်းတိမ်မြောက် ပြန် သောအခါ ခရီးသွား ကြ၏။
22או ימים או חדש או ימים בהאריך הענן על המשכן לשכן עליו יחנו בני ישראל ולא יסעו ובהעלתו יסעו׃
23ထာဝရဘုရား အမိန့် တော်အတိုင်း တဲ ၌ နေကြ ၏။ထာဝရဘုရား အမိန့် တော်အတိုင်း လည်း ခရီးသွား ကြ၏။ ထာဝရဘုရားသည် မောရှေ အားဖြင့် မိန့် တော်မူသည် အတိုင်း ထာဝရဘုရား အထံတော်၌ စောင့် နေကြ၏။
23על פי יהוה יחנו ועל פי יהוה יסעו את משמרת יהוה שמרו על פי יהוה ביד משה׃
Tip: use the ← and → keys to turn chapters.