ယောဘဝတ္တု။ 27
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊
1Jó retomou o seu discurso e disse:
2ငါ့ ကိုအမှု ရှုံး စေတော်မူသောဘုရား သခင်၊ ငါ့ ဝိညာဉ် ကို ညှဉ်းဆဲ တော်မူသောအနန္တ တန်ခိုးရှင်သည် အသက် ရှင်တော်မူသည် မှန်လျှင်၊
2“Tão certo como vive Deus, que tirou o meu direito, o Todo-Poderoso, que amargurou a minha alma
3ငါ့ အသက် ရှင်လျက်၊ ငါ့ နှာခေါင်း ၌ ဘုရား သခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊
3(pois o fôlego da minha vida ainda está em mim, e o sopro de Deus está nas minhas narinas);
4တခါမျှအဓမ္မ စကားကို ငါ့ နှုတ် မ မြွက်။ လှည့်စား သော စကားကို ငါ့ လျှာ ဖြင့် ငါမ ပြော ဘဲနေမည်။
4certamente os meus lábios não falarão injustiça, nem a minha língua pronunciará engano.
5သင် တို့သဘော ဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါ နှင့် ဝေး ပါစေသော။ ငါသည် ကိုယ် သဘော ဖြောင့်သည်ကို သေ သည်တိုင်အောင် မ ငြင်း။
5Longe de mim que eu justifique vocês. Até que eu morra, não afastarei de mim a minha integridade.
6ငါသည် တရား သောအကျင့်ကို လက် မ လွှတ်၊ စွဲကိုင် လျက်နေမည်။ အသက်ရှင်သမျှကာလ ပတ်လုံးကိုယ် စိတ်နှလုံး သည် ကိုယ်ကိုအပြစ် မ တင်ရ။
6Eu me apego à minha justiça, e não a largarei. O meu coração não me repreenderá enquanto eu viver.
7ငါ့ ရန်သူ သည် ဆိုး သောသူကဲ့သို့ ၎င်း ၊ ငါ့ တစ်ဘက်၌ ထ သောသူသည် မ ဖြောင့်မတ်သော သူကဲ့သို့ ၎င်း ဖြစ် ပါစေသော။
7“Que o meu inimigo seja como o ímpio. Que aquele que se levanta contra mim seja como o injusto.
8အဓမ္မ လူသည် ဆုံး ခြင်းသို့ရောက်၍၊ အသက် ဝိညာဉ်ကိုဘုရား သခင်နှုတ် တော်မူသောအခါ အဘယ် မြော်လင့် စရာရှိသေးသနည်း။
8Pois qual é a esperança do ímpio, quando ele é eliminado, quando Deus tira a sua vida?
9ထိုအမှု ရောက် သောအခါ ၊ သူ အော်ဟစ် ခြင်းကို ဘုရား သခင်နားထောင် တော်မူမည်လော။
9Acaso Deus ouvirá o seu clamor quando a angústia vier sobre ele?
10ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
10Ele se deleitará no Todo-Poderoso, e invocará a Deus em todo o tempo?
11ဘုရား သခင်၏အမှုတော်တို့ကို သင် တို့အား ငါပြသ မည်။ အနန္တ တန်ခိုးရှင်ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍မ ထား။
11Eu ensinarei a vocês sobre a mão de Deus. Não ocultarei o que está com o Todo-Poderoso.
12သင် တို့သည်ကိုယ်တိုင်သိမြင် လျက် ၊ ဤ မျှလောက်အချည်းနှီး သောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
12Eis que todos vocês mesmos já viram isso; por que então se tornaram completamente vãos?
13လူ ဆိုး အား ဘုရား သခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲ တတ်သောသူသည်အနန္တ တန်ခိုးရှင်၏ လက်တော်မှ ခံရ သောအမွေ ဥစ္စာဟူမူကား၊
13“Esta é a porção do homem ímpio da parte de Deus, a herança dos opressores, que eles recebem do Todo-Poderoso.
14သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။
14Se os seus filhos se multiplicam, é para a espada. A sua descendência não se fartará de pão.
15သူ ၌ ကျန်ကြွင်း သောသူတို့ ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ ၏မုတ်ဆိုးမ တို့သည် ငိုကြွေး ခြင်းကို မ ပြု ရကြ။
15Aqueles que lhe restarem serão sepultados na morte. As suas viúvas não farão lamentação.
16သူသည်ငွေ ကို မြေမှုန့် ကဲ့သို့ ပုံ ၍ ၊ အဝတ် တန်ဆာကို ရွှံ့ ကဲ့သို့ ပြင်ဆင် သော်လည်း၊
16Embora ele amontoe prata como o pó, e prepare roupas como o barro;
17ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။
17ele pode prepará-las, mas o justo as vestirá, e o inocente dividirá a prata.
18သူဆောက် သော အိမ်သည်ပိုးရွ အိမ် ကဲ့သို့ ၎င်း ၊ ကင်း တဲ ကဲ့သို့ ၎င်း ဖြစ် ၏။
18Ele constrói a sua casa como a traça, como uma cabana que o vigia faz.
19ထိုရ တတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိ တမှိတ်၌ ဆုံးရှုံးပြီ။
19Ele se deita rico, mas não o fará novamente. Ele abre os seus olhos, e já não existe.
20ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။
20Terrores o alcançam como águas. Uma tempestade o arrebata de noite.
21အရှေ့ လေလွှင့် ၍ သူသည်မိမိ နေရာ ၌ မတည်။ လေ အဟုန်ဖြင့် ပါသွား တတ်၏။
21O vento leste o leva, e ele se vai. Ele o varre do seu lugar.
22ဘုရားသခင်သည် မ သနား ဘဲ ဒဏ်ခတ် တော်မူသဖြင့် ၊ လက် တော်မှ လွတ် ခြင်းငှါအလိုရှိလိမ့်မည်။
22Pois se lança contra ele, e não poupa, enquanto ele foge da sua mão.
23လူတို့သည်လက်ခုပ် တီး၍ ကဲ့ရဲ့ သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည်။
23Os homens baterão palmas contra ele, e o vaiarão para fora do seu lugar.
Tip: use the ← and → keys to turn chapters.