ယေရမိ 31
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
1בעת ההיא נאם יהוה אהיה לאלהים לכל משפחות ישראל והמה יהיו לי לעם׃
2တဖန် မိန့်တော်မူသည်ကား၊ ထား ဘေးနှင့်လွတ် သောသူ တို့ သည် တော ၌ ကျေးဇူး ကိုခံရ ကြပြီ။ ငါသည် ကြွသွား ၍ ဣသရေလ အမျိုးကို ချမ်းသာ ပေးမည်။
2כה אמר יהוה מצא חן במדבר עם שרידי חרב הלוך להרגיעו ישראל׃
3ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။
3מרחוק יהוה נראה לי ואהבת עולם אהבתיך על כן משכתיך חסד׃
4အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။
4עוד אבנך ונבנית בתולת ישראל עוד תעדי תפיך ויצאת במחול משחקים׃
5ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။
5עוד תטעי כרמים בהרי שמרון נטעו נטעים וחללו׃
6ဧဖရိမ် တောင် ပေါ် မှာ ကင်းစောင့် တို့က၊ ထ ကြ လော့။ ငါ တို့ ဘုရား သခင်ထာဝရဘုရား ရှိတော်မူရာ ဇိအုန် တောင်သို့ သွား ကြကုန်အံ့ဟု ကြွေးကြော် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
6כי יש יום קראו נצרים בהר אפרים קומו ונעלה ציון אל יהוה אלהינו׃
7ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယာကုပ် အမျိုးအား၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။ လူမျိုး တို့၏ အထွဋ် ၌ ကြွေးကြော် ကြလော့။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုး တည်းဟူသော၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင် တော်မူပြီဟု မြွက် ဆိုလျက် သိတင်း ကြားလိုက်၍ ချီးမွမ်း ကြလော့။
7כי כה אמר יהוה רנו ליעקב שמחה וצהלו בראש הגוים השמיעו הללו ואמרו הושע יהוה את עמך את שארית ישראל׃
8သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
8הנני מביא אותם מארץ צפון וקבצתים מירכתי ארץ בם עור ופסח הרה וילדת יחדו קהל גדול ישובו הנה׃
9ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။
9בבכי יבאו ובתחנונים אובילם אוליכם אל נחלי מים בדרך ישר לא יכשלו בה כי הייתי לישראל לאב ואפרים בכרי הוא׃
10အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။
10שמעו דבר יהוה גוים והגידו באיים ממרחק ואמרו מזרה ישראל יקבצנו ושמרו כרעה עדרו׃
11အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို ရွေးနှုတ် တော်မူပြီ။ သူ့ ထက် အားကြီး သောသူ ၏လက် မှ ကယ်လွှတ် တော်မူပြီ။
11כי פדה יהוה את יעקב וגאלו מיד חזק ממנו׃
12ထိုကြောင့် အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။
12ובאו ורננו במרום ציון ונהרו אל טוב יהוה על דגן ועל תירש ועל יצהר ועל בני צאן ובקר והיתה נפשם כגן רוה ולא יוסיפו לדאבה עוד׃
13ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
13אז תשמח בתולה במחול ובחרים וזקנים יחדו והפכתי אבלם לששון ונחמתים ושמחתים מיגונם׃
14ယဇ် ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေး မည်။ ငါ ၏လူ တို့သည်လည်း ငါ့ ကျေးဇူး နှင့် ဝပြော ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14ורויתי נפש הכהנים דשן ועמי את טובי ישבעו נאם יהוה׃
15ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။
15כה אמר יהוה קול ברמה נשמע נהי בכי תמרורים רחל מבכה על בניה מאנה להנחם על בניה כי איננו׃
16ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငိုကြွေးသံ ကို ချုပ် လော့၊ မျက်ရည် မကျစေနှင့်။ သင်သည် ကိုယ် ကျင့်သောအကျင့် ၏ အကျိုး ကိုခံရ လိမ့်မည်။ သင်၏ သားတို့သည် ရန်သူ ပြည် မှ ပြန် လာကြလိမ့်မည်။
16כה אמר יהוה מנעי קולך מבכי ועיניך מדמעה כי יש שכר לפעלתך נאם יהוה ושבו מארץ אויב׃
17သင် ၏အဆုံး ၌ မြော်လင့် စရာအကြောင်းရှိ ၏။ သင်၏ သား တို့သည် နေရင်းပြည် သို့ ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
17ויש תקוה לאחריתך נאם יהוה ושבו בנים לגבולם׃
18ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
18שמוע שמעתי אפרים מתנודד יסרתני ואוסר כעגל לא למד השבני ואשובה כי אתה יהוה אלהי׃
19ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
19כי אחרי שובי נחמתי ואחרי הודעי ספקתי על ירך בשתי וגם נכלמתי כי נשאתי חרפת נעורי׃
20ဧဖရိမ် သည် ငါ ၏ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
20הבן יקיר לי אפרים אם ילד שעשועים כי מדי דברי בו זכר אזכרנו עוד על כן המו מעי לו רחם ארחמנו נאם יהוה׃
21လမ်း၌မှတ်တိုင် တို့ကိုစိုက် လော့။ အလံတိုင် တို့ကို ထူ လော့။ လိုက်သွား သောလမ်းမ ကို စိတ် စွဲလမ်းလော့။ အိုဣသရေလ သတို့သမီး ကညာ၊ ပြန် လာလော့။ သင် ၏ နေရာ ဤ မြို့ များသို့ ပြန်လာ လော့။
21הציבי לך צינים שמי לך תמרורים שתי לבך למסלה דרך הלכתי שובי בתולת ישראל שבי אל עריך אלה׃
22အိုဖောက်ပြန် သော သတို့သမီး ၊ သင်သည် အဘယ် မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာ ထူးဆန်း သော အမှုကို စီရင် တော်မူ၍၊ မိန်းမ သည် ယောက်ျား ကို ပတ်ဝိုင်း လိမ့်မည်။
22עד מתי תתחמקין הבת השובבה כי ברא יהוה חדשה בארץ נקבה תסובב גבר׃
23ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။
23כה אמר יהוה צבאות אלהי ישראל עוד יאמרו את הדבר הזה בארץ יהודה ובעריו בשובי את שבותם יברכך יהוה נוה צדק הר הקדש׃
24ထိုအရပ် ၌ ယုဒ ပြည်သူ၊ ယုဒ မြို့ ရွာသား အပေါင်း တို့သည်၊ လယ်လုပ် သောသူနှင့် သိုး ထိန်းသော သူများပါလျက် ၊ အတူ နေ ရကြလိမ့်မည်။
24וישבו בה יהודה וכל עריו יחדו אכרים ונסעו בעדר׃
25ငတ်မွတ် သော သူ အပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ် သော သူ အပေါင်း တို့ကို ငါသက်သာ စေမည် ဟု မိန့်တော်မူ၏။
25כי הרויתי נפש עיפה וכל נפש דאבה מלאתי׃
26ထိုနောက်၊ ငါသည် နိုး ၍ ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။
26על זאת הקיצתי ואראה ושנתי ערבה לי׃
27ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဣသရေလ ပြည် ၊ ယုဒ ပြည် ၌ လူ မျိုးစေ့ နှင့် တိရစ္ဆာန် မျိုးစေ့ ကို ကြဲ ရသော အချိန် ကာလရောက် လိမ့်မည်။
27הנה ימים באים נאם יהוה וזרעתי את בית ישראל ואת בית יהודה זרע אדם וזרע בהמה׃
28ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။
28והיה כאשר שקדתי עליהם לנתוש ולנתוץ ולהרס ולהאביד ולהרע כן אשקד עליהם לבנות ולנטוע נאם יהוה׃
29ထို ကာလ ၌ အဘ သည် ချဉ်သောစပျစ် သီးကို စား သောကြောင့် ၊ သား သည် သွား ကျိန်း ခြင်းကို ခံရ၏ ဟု မ ဆို ရကြ။
29בימים ההם לא יאמרו עוד אבות אכלו בסר ושני בנים תקהינה׃
30လူတိုင်း မိမိ အပြစ် ကြောင့် မိမိသေ ရမည်။ ချဉ်သောစပျစ် သီးကို စား သောသူတိုင်း သွား ကျိန်း ခြင်းကိုခံရမည်။
30כי אם איש בעונו ימות כל האדם האכל הבסר תקהינה שניו׃
31ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
31הנה ימים באים נאם יהוה וכרתי את בית ישראל ואת בית יהודה ברית חדשה׃
32အရင်ငါ ပေးဘူးသောပဋိညာဉ်တရား ကို သူတို့သည်ဖျက် ၍၊ ငါ သည်လည်း သူတို့ကိုရွံရှာ၏။
32לא כברית אשר כרתי את אבותם ביום החזיקי בידם להוציאם מארץ מצרים אשר המה הפרו את בריתי ואנכי בעלתי בם נאם יהוה׃
33နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
33כי זאת הברית אשר אכרת את בית ישראל אחרי הימים ההם נאם יהוה נתתי את תורתי בקרבם ועל לבם אכתבנה והייתי להם לאלהים והמה יהיו לי לעם׃
34ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
34ולא ילמדו עוד איש את רעהו ואיש את אחיו לאמר דעו את יהוה כי כולם ידעו אותי למקטנם ועד גדולם נאם יהוה כי אסלח לעונם ולחטאתם לא אזכר עוד׃
35နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ လ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား ၊
35כה אמר יהוה נתן שמש לאור יומם חקת ירח וכוכבים לאור לילה רגע הים ויהמו גליו יהוה צבאות שמו׃
36ထို တရား တို့သည် ငါ့ ရှေ့ မှာ ကွယ်ပျောက် လျှင် ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့ မှာ အမျိုး တိမ်မြုပ် ၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့် တော်မူ၏။
36אם ימשו החקים האלה מלפני נאם יהוה גם זרע ישראל ישבתו מהיות גוי לפני כל הימים׃
37တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အထက် မိုဃ်းကောင်းကင် ကို တိုင်းထွာ နိုင်လျှင် ၎င်း ၊ မြေကြီး အောက် ဆုံးအမြစ် တို့ကိုလိုက်၍ စစ် နိုင်လျှင်၎င်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို သူတို့ပြု မိသမျှ သော အပြစ်တို့ကြောင့် ငါ စွန့်ပစ် မည်ဟု မိန့် တော်မူ၏။
37כה אמר יהוה אם ימדו שמים מלמעלה ויחקרו מוסדי ארץ למטה גם אני אמאס בכל זרע ישראל על כל אשר עשו נאם יהוה׃
38တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာနနေလ ရဲတိုက် မှစ၍ မြို့ထောင့် တံခါး တိုင်အောင်၊ မြို့ တော်ကို ထာဝရဘုရား အဘို့ တည်ထောင် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
38הנה ימים נאם יהוה ונבנתה העיר ליהוה ממגדל חננאל שער הפנה׃
39ဂါရက် တောင် ကို လွန်၍ မျဉ်းကြိုး နှင့်တန်းချ လိမ့်မည်။ ဂေါသ တောင်ကိုလည်း ဝိုင်း မိလိမ့်မည်။
39ויצא עוד קוה המדה נגדו על גבעת גרב ונסב געתה׃
40အရှေ့ ဘက်မြင်း တံခါး ရှိသောမြို့ထောင့် တိုင်အောင် ၊ အသေ ကောင်များ၊ ပြာ များစွန့်ပစ်ရာ ချိုင့် တရှောက် လုံးနှင့်၊ ကေဒြုန် ချောင်း အတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ လိမ့်မည်။ နောက် တဖန် နှုတ်ပယ် ဖြိုချ ခြင်း အလျှင်း မ ရှိရဟု မိန့်တော်မူ၏။
40וכל העמק הפגרים והדשן וכל השרמות עד נחל קדרון עד פנת שער הסוסים מזרחה קדש ליהוה לא ינתש ולא יהרס עוד לעולם׃
Tip: use the ← and → keys to turn chapters.