ယေရမိ

Old Testament

Chapter 15
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယေရမိ 15

Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ မ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။
1ויאמר יהוה אלי אם יעמד משה ושמואל לפני אין נפשי אל העם הזה שלח מעל פני ויצאו׃
2အကျွန်ုပ်တို့သည် အဘယ် အရပ်သို့ ထွက်သွား ရပါမည် နည်းဟု မေးမြန်း လျှင် ၊ သင်ကလည်း၊ သေ တန် သောသူ တို့ သည် သေခြင်း သို့ ၎င်း ၊ ကွပ်မျက် တန်သောသူ တို့ သည် ကွပ်မျက် ခြင်းသို့ ၎င်း ၊ ငတ်မွတ် တန်သောသူ တို့ သည် ငတ်မွတ် ခြင်းသို့ ၎င်း ၊ သိမ်း သွားချုပ်ထားတန် သောသူ တို့ သည် သိမ်း သွားချုပ်ထားခြင်းသို့ ၎င်း ထွက်သွား ကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့ အား ဆင့်ဆို လော့။
2והיה כי יאמרו אליך אנה נצא ואמרת אליהם כה אמר יהוה אשר למות למות ואשר לחרב לחרב ואשר לרעב לרעב ואשר לשבי לשבי׃
3သူတို့ကိုသတ် ရသောထား ၊ ဆွဲ ဖြတ်ရသောခွေး ၊ ကိုက်စား ရသောမိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တည်း ဟူသောရန်သူလေး မျိုး ကို သူ တို့တဘက် ၌ ငါခန့် ထား မည်။
3ופקדתי עליהם ארבע משפחות נאם יהוה את החרב להרג ואת הכלבים לסחב ואת עוף השמים ואת בהמת הארץ לאכל ולהשחית׃
4ယုဒ ရှင်ဘုရင် ဟေဇကိ သား မနာရှေ မင်းသည် ယေရုရှလင် မြို့၌ ပြု သော အမှုကြောင့် ၊ ထိုသူ တို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အရှက် ကိုခံ စေမည်။
4ונתתים לזועה לכל ממלכות הארץ בגלל מנשה בן יחזקיהו מלך יהודה על אשר עשה בירושלם׃
5အို ယေရုရှလင် မြို့၊ သင့် ကို အဘယ် သူသနား လိမ့်မည်နည်း။ သင် နှင့်အတူအဘယ် သူညည်းတွား လိမ့်မည် နည်း။ သင့် ကိုကျန်းမာ၏လောဟု မေး အံ့သောငှါ ၊ အဘယ် သူလမ်း လွှဲလိမ့်မည်နည်း။
5כי מי יחמל עליך ירושלם ומי ינוד לך ומי יסור לשאל לשלם לך׃
6ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ့ ကို စွန့်ပစ် ၍ ဆုတ် သွားပြီ။ ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် ၍ သင့် ကို ဖျက်ဆီး မည်။ ငါသည် နောင်တရ ၍ ငြီးငွေ့ ပြီ။
6את נטשת אתי נאם יהוה אחור תלכי ואט את ידי עליך ואשחיתך נלאיתי הנחם׃
7ပြည် တံခါး ဝ၌ သူ တို့ကို စံကော နှင့် ငါလှေ့ မည်။ သူတို့သားသမီးများကို ငါရှုံး စေမည်။ ငါ ၏ လူမျိုး သည် မိမိ လိုက်သွားသော လမ်း မှ မ ပြန် လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီး မည်။
7ואזרם במזרה בשערי הארץ שכלתי אבדתי את עמי מדרכיהם לוא שבו׃
8သူ တို့မုတ်ဆိုးမ တို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှမက ၊ ငါ့ ရှေ့မှာ များပြား ကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိ ကို တိုက်ဖျက် သော လုလင် ကို ငါခေါ် ခဲ့၍၊ ကြောက်မက် ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ် စေမည်။
8עצמו לי אלמנתו מחול ימים הבאתי להם על אם בחור שדד בצהרים הפלתי עליה פתאם עיר ובהלות׃
9သားခုနစ် ယောက်ကို ဘွားမြင် သော မိန်းမသည် အားလျော့ ၍ အသက် ချုပ် လေ၏။ ညအချိန် မရောက်မှီ သူ ၏နေ ဝင် လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေ လျက်နေရ၏။ ကျန် ကြွင်းသောသူ တို့ ကိုလည်း ၊ ရန်သူ တို့ရှေ့မှာ၊ ထား ၌ ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
9אמללה ילדת השבעה נפחה נפשה באה שמשה בעד יומם בושה וחפרה ושאריתם לחרב אתן לפני איביהם נאם יהוה׃
10အို မိခင် ၊ ငါ ၌ အမင်္ဂလာ ရှိ၏။ မိခင်သည် တပြည် လုံး ရန်တွေ့ သောသူ ၊ ငြင်းဆန် သောသူ ဖြစ်သော ငါ့ ကို ဘွားမြင် ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မ ချေး ။ သူတပါးသည်လည်း ငါ့ ကို အတိုးနှင့်မ ချေး ။ သို့သော်လည်း ၊ လူ ခပ်သိမ်း တို့သည် ငါ့ ကိုကျိန်ဆဲ တတ်ကြ၏။
10אוי לי אמי כי ילדתני איש ריב ואיש מדון לכל הארץ לא נשיתי ולא נשו בי כלה מקללוני׃
11ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ် စင်စစ်သင့် ကို ငါချမ်းသာ ပေးမည်။ အမှု ရောက်သောကာလ ၊ ညှဉ်းဆဲ ခြင်းကို ခံရသောကာလ ၌ ၊ ရန်သူ သည် သင့် ထံမှာ တောင်းပန် မည်အကြောင်း၊ အကယ် စင်စစ်ငါစီရင်မည်။
11אמר יהוה אם לא שרותך לטוב אם לוא הפגעתי בך בעת רעה ובעת צרה את האיב׃
12သံ ချင်းတိုက်သောအခါ မြောက် ပြည်သံ ကို၎င်း၊ သံမဏိ ကို၎င်း ချိုး နိုင်သလော။
12הירע ברזל ברזל מצפון ונחשת׃
13သင် ၏ပြည် တရှောက် လုံး၌ သင် ပြုသောအပြစ် များကြောင့် ၊ သင် ၏ဥစ္စာ ဘဏ္ဍာ ကို အဘိုး မ ခံဘဲ လုယူ သောသူတို့ လက်သို့ ငါပေး မည်။
13חילך ואוצרותיך לבז אתן לא במחיר ובכל חטאותיך ובכל גבוליך׃
14သင်မ သိ သောပြည် သို့ ရန်သူ နှင့်အတူ သင့် ကို ငါသွား စေမည်။ သင် တို့ကို လောင် သောမီး သည် ငါ့ အမျက် အားဖြင့် ရှို့ လျက်ရှိ၏။
14והעברתי את איביך בארץ לא ידעת כי אש קדחה באפי עליכם תוקד׃
15အို ထာဝရဘုရား ၊ ကိုယ်တော် သည် သိ တော်မူ ၏။ အကျွန်ုပ် ကို အောက်မေ့ လျက် အကြည့်အရှု ကြွလာ၍ ၊ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့ကို တရားသဖြင့်ဒဏ်ပေး တော်မူပါ။ သူတို့ကိုသည်းခံ ၍၊ အကျွန်ုပ် ကို သုတ်သင် ပယ်ရှင်းတော်မ မူပါနှင့်။ အကျွန်ုပ် သည် ကိုယ်တော် အတွက် ကဲ့ရဲ့ ခြင်း ခံရ ကြောင်း ကို အောက်မေ့ တော်မူပါ။
15אתה ידעת יהוה זכרני ופקדני והנקם לי מרדפי אל לארך אפך תקחני דע שאתי עליך חרפה׃
16ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။
16נמצאו דבריך ואכלם ויהי דבריך לי לששון ולשמחת לבבי כי נקרא שמך עלי יהוה אלהי צבאות׃
17ပွဲခံ သောသူအစည်းအဝေး ၌ အကျွန်ုပ်မ ထိုင် ပါ။ ပျော်ရွှင် ခြင်းအမှုကို မပြုပါ။ လက် တင်တော်မူသောကြောင့် ၊ တယောက် တည်း ထိုင် ပါပြီ။ အကျွန်ုပ် ကို ဒေါသ အမျက်နှင့် ပြည့် စေတော်မူပြီ။
17לא ישבתי בסוד משחקים ואעלז מפני ידך בדד ישבתי כי זעם מלאתני׃
18အကျွန်ုပ် ခံရသောဝေဒနာ သည် အဘယ်ကြောင့် မြဲ ပါသနည်း။ မပျောက် လို၊ မပျောက် နိုင်သော အနာ ကို အဘယ်ကြောင့်ခံရပါသနည်း။ အကယ်စင်စစ်ကိုယ်တော်သည် ပျောက် တတ်၍၊ လှည့်စား သောရေ ကဲ့သို့ အကျွန်ုပ် ၌ ဖြစ် တော်မူပါပြီတကား။
18למה היה כאבי נצח ומכתי אנושה מאנה הרפא היו תהיה לי כמו אכזב מים לא נאמנו׃
19ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။
19לכן כה אמר יהוה אם תשוב ואשיבך לפני תעמד ואם תוציא יקר מזולל כפי תהיה ישבו המה אליך ואתה לא תשוב אליהם׃
20ငါသည်လည်း သင့် ကို ဤ လူမျိုး တဘက် ၌ ခိုင်ခံ့ သော ကြေးဝါ မြို့ရိုး ဖြစ် စေမည်။ သူတို့သည် သင့် ကို တိုက် ၍ မ နိုင် ရကြ။ ငါ သည် သင့် ကို နှုတ်ယူ ကယ်တင်ခြင်းငှါ သင့် ဘက် ၌နေမည်။
20ונתתיך לעם הזה לחומת נחשת בצורה ונלחמו אליך ולא יוכלו לך כי אתך אני להושיעך ולהצילך נאם יהוה׃
21လူ ဆိုးလက် မှ သင့် ကို ငါနှုတ် ၍ ၊ ကြောက်မက်ဘွယ် သောသူတို့ လက် မှ ရွေးယူ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21והצלתיך מיד רעים ופדתיך מכף ערצים׃

Tip: use the ← and → keys to turn chapters.