ယေရမိ 44
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အဲဂုတ္တု ပြည် ၊ မိဂဒေါလ မြို့၊ တာပနက် မြို့၊ နောဖ မြို့၊ ပါသရု အရပ် ၌ နေ သောယုဒ လူအပေါင်း တို့ကို ရည်မှတ် ၍ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်အားဖြင့်၊
1הדבר אשר היה אל ירמיהו אל כל היהודים הישבים בארץ מצרים הישבים במגדל ובתחפנחס ובנף ובארץ פתרוס לאמר׃
2ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့အစ ရှိသော ယုဒ မြို့ ရွာ အရပ်ရပ် တို့အပေါ် သို့ ငါရောက် စေသော ဘေးဒဏ် ကို သင် တို့သည် မြင် ကြပြီ။
2כה אמר יהוה צבאות אלהי ישראל אתם ראיתם את כל הרעה אשר הבאתי על ירושלם ועל כל ערי יהודה והנם חרבה היום הזה ואין בהם יושב׃
3ကြည့်ရှု ကြလော့။ ယနေ့ မှာ ထိုမြို့ရွာတို့သည်၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ သောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မ သိ ၊ ဘိုးဘေး တို့မသိ၊ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ ၍ဝတ်ပြု သဖြင့်၊ ငါ ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ ပြု ကြသောဒုစရိုက် ကြောင့် ဤအမှု ရောက်သတည်း။
3מפני רעתם אשר עשו להכעסני ללכת לקטר לעבד לאלהים אחרים אשר לא ידעום המה אתם ואבתיכם׃
4ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊
4ואשלח אליכם את כל עבדי הנביאים השכים ושלח לאמר אל נא תעשו את דבר התעבה הזאת אשר שנאתי׃
5သူတို့သည်အခြား တပါးသော ဘုရား အား နံ့သာပေါင်း ကို မီးမ ရှို့၊ ဒုစရိုက် ကို ရှောင် မည်အကြောင်း နားထောင် ခြင်းကို မ ပြု၊ မ နာ မယူဘဲ နေကြ၏။
5ולא שמעו ולא הטו את אזנם לשוב מרעתם לבלתי קטר לאלהים אחרים׃
6ထိုကြောင့် ၊ ငါ ၏အမျက် အရှိန် ကို ငါသွန်းလောင်း ၍ ၊ ယုဒ မြို့ များ ယေရုရှလင် လမ်း များတို့၌ အမျက်မီး ရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ် သကဲ့သို့ သုတ်သင် ပယ်ရှင်း ရာအရပ်ဖြစ်ကြ၏။
6ותתך חמתי ואפי ותבער בערי יהודה ובחצות ירושלם ותהיינה לחרבה לשממה כיום הזה׃
7ယခု မှာဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ၊ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ် လိုသောငှါ ၎င်း၊ မြေကြီး ပေါ်မှာ လူ အမျိုးမျိုး တို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာ ဖြစ် လိုသောငှါ ၎င်း၊
7ועתה כה אמר יהוה אלהי צבאות אלהי ישראל למה אתם עשים רעה גדולה אל נפשתכם להכרית לכם איש ואשה עולל ויונק מתוך יהודה לבלתי הותיר לכם שארית׃
8သွား ၍နေ သောအဲဂုတ္တု ပြည် ၌ အခြားတပါး သောဘုရား တို့အား နံ့သာပေါင်းကိုမီးရှို့ လျက်၊ ကိုယ်တိုင် ပြုသောအမှု နှင့် ငါ ၏အမျက် ကိုနှိုးဆော်သဖြင့်၊ သင် တို့တွင် တယောက်မျှမ ကြွင်း ၊ ယုဒ အမျိုးယောက်ျား မိန်းမ ၊ သူငယ် နို့စို့ကလေး အပေါင်းတို့ကိုပယ်ဖြတ် မည်အကြောင်း၊ ကြီးစွာ သောဒုစရိုက် ကို ကိုယ် စိတ်ဝိညာဉ် တဘက် ၌ အဘယ်ကြောင့် ပြု ကြသနည်း။
8להכעסני במעשי ידיכם לקטר לאלהים אחרים בארץ מצרים אשר אתם באים לגור שם למען הכרית לכם ולמען היותכם לקללה ולחרפה בכל גויי הארץ׃
9ယုဒ ပြည် ၌ ၎င်း ၊ ယေရုရှလင် လမ်း တို့၌ ၎င်း ၊ သင် တို့ဘိုးဘေး များ ပြုသောဒုစရိုက် ၊ ယုဒ ရှင် ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရား များပြုသောဒုစရိုက် ၊ သင် တို့ကိုယ်တိုင်ပြုသောဒုစရိုက် ၊ သင် တို့မယား များပြုသောဒုစရိုက် တို့ကို မေ့လျော့ ကြပြီလော။
9השכחתם את רעות אבותיכם ואת רעות מלכי יהודה ואת רעות נשיו ואת רעתכם ואת רעת נשיכם אשר עשו בארץ יהודה ובחצות ירושלם׃
10ယနေ့ တိုင်အောင် သူတို့သည် နှိမ့်ချ သောစိတ် မ ရှိ၊ ကြောက်ရွံ့ သောစိတ်မ ရှိ၊ ငါ ၏တရား လမ်း သို့ မ လိုက် ၊ သင် တို့မှစ၍သင် တို့ဘိုးဘေး တို့ရှေ့ မှာ ငါထား သော ပညတ် များကို မစောင့်ရှောက်ကြ။
10לא דכאו עד היום הזה ולא יראו ולא הלכו בתורתי ובחקתי אשר נתתי לפניכם ולפני אבותיכם׃
11သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ကို အပြစ် ပြု၍ ယုဒ အမျိုးသားအပေါင်း တို့ကို ပယ်ဖြတ် ခြင်းငှါ ငါ သည် မျက်နှာ ထား မည်။
11לכן כה אמר יהוה צבאות אלהי ישראל הנני שם פני בכם לרעה ולהכרית את כל יהודה׃
12အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော ယုဒ အမျိုးသားအကျန်အကြွင်း တို့ကို ငါသည် ယူ ၍၊ သူတို့သည်ထိုပြည် ၌ သေကြေ ပျက်စီးကြလိမ့်မည်။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် ပျက်စီး ခြင်းသို့၎င်း ၊ အငယ်ဆုံး သော သူမှစ၍အကြီးဆုံး သော သူတိုင်အောင် ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် သေကြေ ပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။
12ולקחתי את שארית יהודה אשר שמו פניהם לבוא ארץ מצרים לגור שם ותמו כל בארץ מצרים יפלו בחרב ברעב יתמו מקטן ועד גדול בחרב וברעב ימתו והיו לאלה לשמה ולקללה ולחרפה׃
13ယေရုရှလင် မြို့သားတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် ငါသည် ဒဏ်ပေး သည် နည်းတူ ၊ အဲဂုတ္တု ပြည် ၌ နေ သောသူတို့ ကို ငါသည် ဒဏ်ပေး သဖြင့် ၊
13ופקדתי על היושבים בארץ מצרים כאשר פקדתי על ירושלם בחרב ברעב ובדבר׃
14အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို သော ယုဒ အမျိုးသားအကျန်အကြွင်း တို့သည် ယုဒ ပြည် သို့ပြန် ၍ နေချင်သော်လည်း၊ တယောက်မျှဘေး နှင့်မ လွတ်ရ၊ တယောက်မျှမကျန်ကြွင်းရကြ။ ဘေးလွတ် သော သူသာ လျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
14ולא יהיה פליט ושריד לשארית יהודה הבאים לגור שם בארץ מצרים ולשוב ארץ יהודה אשר המה מנשאים את נפשם לשוב לשבת שם כי לא ישובו כי אם פלטים׃
15ထိုအခါ မိမိ မယား တို့သည် အခြား တပါးသော ဘုရား အား နံ့သာပေါင်း နှင့်မီးရှို့ကြောင်း ကို သိ သော လူ များ၊ အနား၌ရပ်နေ သောမိန်းမ များ၊ ကြီးစွာ သော အလုံးအရင်း တည်းဟူသော၊ အဲဂုတ္တု ပြည် ပါသရု အရပ်၌ နေ သောသူအပေါင်း တို့သည် ယေရမိ ကို ပြန်ပြော ကြသည်ကား၊
15ויענו את ירמיהו כל האנשים הידעים כי מקטרות נשיהם לאלהים אחרים וכל הנשים העמדות קהל גדול וכל העם הישבים בארץ מצרים בפתרוס לאמר׃
16သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား မ ထောင်။
16הדבר אשר דברת אלינו בשם יהוה איננו שמעים אליך׃
17ငါ တို့မှစ၍ငါ တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ ပြု ဘူး သကဲ့သို့ ၊ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာကိုပြု ခြင်းငှါ၊ ကိုယ် အလိုအလျောက်စီရင်သည်အတိုင်း ဆက်ဆက်ပြု မည်။ အထက်က ဝစွာ စားရကြ၏။ ဘေး နှင့်လွတ်၍ ချမ်းသာ စွာ နေ ရကြ၏။
17כי עשה נעשה את כל הדבר אשר יצא מפינו לקטר למלכת השמים והסיך לה נסכים כאשר עשינו אנחנו ואבתינו מלכינו ושרינו בערי יהודה ובחצות ירושלם ונשבע לחם ונהיה טובים ורעה לא ראינו׃
18ကောင်းကင် မိဖုရား အဘို့နံ့သာ ပေါင်းကို မီးမ ရှို့၊ သွန်းလောင်း ရာပူဇော်သက္ကာကို မပြု ဘဲနေပြန်သောအခါ ၊ အလွန်ဆင်းရဲ ခြင်း၊ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
18ומן אז חדלנו לקטר למלכת השמים והסך לה נסכים חסרנו כל ובחרב וברעב תמנו׃
19ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြု သောအခါ ၊ ငါ တို့၏ ယောက်ျား မ ပါဘဲ မုန့်ပြား တို့ကို လုပ် ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာပြု လျက် ကိုးကွယ် သလောဟုပြန်ပြော ကြ၏။
19וכי אנחנו מקטרים למלכת השמים ולהסך לה נסכים המבלעדי אנשינו עשינו לה כונים להעצבה והסך לה נסכים׃
20ထိုသို့ပြန်ပြောသော ယောက်ျား မိန်းမ အပေါင်း တို့အား ယေရမိ ပြန်ပြော သည်ကား၊
20ויאמר ירמיהו אל כל העם על הגברים ועל הנשים ועל כל העם הענים אתו דבר לאמר׃
21သင်တို့မှစ၍ သင် တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သား တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ မီးရှို့ သော နံ့သာပေါင်း ကို ထာဝရဘုရား သည် မအောက်မေ့ ၊ နှလုံး မ သွင်းဘဲနေတော်မူသလော ။
21הלוא את הקטר אשר קטרתם בערי יהודה ובחצות ירושלם אתם ואבותיכם מלכיכם ושריכם ועם הארץ אתם זכר יהוה ותעלה על לבו׃
22သင် တို့ပြု သောဒုစရိုက် ၊ စက်ဆုပ် ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရား သည် သည်းခံ တော်မ မူနိုင် သောကြောင့်၊ သင် တို့ပြည် သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ၊ ကျိန်ဆဲ ရာ ဖြစ် လေပြီတကား။
22ולא יוכל יהוה עוד לשאת מפני רע מעלליכם מפני התועבת אשר עשיתם ותהי ארצכם לחרבה ולשמה ולקללה מאין יושב כהיום הזה׃
23သင်တို့သည် နံ့သာပေါင်း ကို မီးရှို့၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ထုံးဖွဲ့ ချက်၊ သက်သေခံ ချက်ပညတ် တရားတော်လမ်းသို့ မ လိုက် သောကြောင့်၎င်း ၊ ဤ ဘေး သည် ယနေ့ ၌ရှိသည်အတိုင်း ၊ သင် တို့၌ ရောက် လေပြီတကားဟု ပြောဆို ၏။
23מפני אשר קטרתם ואשר חטאתם ליהוה ולא שמעתם בקול יהוה ובתרתו ובחקתיו ובעדותיו לא הלכתם על כן קראת אתכם הרעה הזאת כיום הזה׃
24တဖန် မိန်းမ အပေါင်း တို့နှင့် လူ ခပ်သိမ်း တို့အား ယေရမိ ဟောပြော သည်ကား၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူအပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
24ויאמר ירמיהו אל כל העם ואל כל הנשים שמעו דבר יהוה כל יהודה אשר בארץ מצרים׃
25ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့နှင့် သင် တို့မယား တို့က၊ ငါတို့သည် ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍ သွန်းလောင်း ရာပူဇော်သက္ကာပြု ခြင်းငှါ သစ္စာ ဂတိထားသည်နှင့်အညီ ဆက်ဆက်ပြု မည်ဟု နှုတ် နှင့် ပြော၍ လက် နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ် ထားသော သစ္စာ ဂတိ ကို ဆက်ဆက်စောင့် ၍၊ သစ္စာ ဂတိထားသည်အတိုင်း ပြု ကြလိမ့်မည်။
25כה אמר יהוה צבאות אלהי ישראל לאמר אתם ונשיכם ותדברנה בפיכם ובידיכם מלאתם לאמר עשה נעשה את נדרינו אשר נדרנו לקטר למלכת השמים ולהסך לה נסכים הקים תקימנה את נדריכם ועשה תעשינה את נדריכם׃
26သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ နေ သောယုဒ လူ အပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ယုဒ လူ တယောက်မျှ ငါ ၏ နာမ ကို မမြွက် မ ဆိုရမည်အကြောင်း၊ ငါသည် ကိုယ် မဟာ နာမ ကို တိုင်တည်၍ ကျိန်ဆို ၏။
26לכן שמעו דבר יהוה כל יהודה הישבים בארץ מצרים הנני נשבעתי בשמי הגדול אמר יהוה אם יהיה עוד שמי נקרא בפי כל איש יהודה אמר חי אדני יהוה בכל ארץ מצרים׃
27သူ တို့ကို ကျေးဇူး ပြုခြင်းငှါ မ ဟုတ်၊ အပြစ် ပြု ခြင်းငှါ ငါ စောင့် သည် ဖြစ်၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူ အပေါင်း တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်မှီ တိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
27הנני שקד עליהם לרעה ולא לטובה ותמו כל איש יהודה אשר בארץ מצרים בחרב וברעב עד כלותם׃
28သို့ရာတွင် ၊ ထား ဘေးနှင့်လွတ် ၍၊ အဲဂုတ္တု ပြည် မှ ယုဒ ပြည် သို့ ပြန် ရသောသူတို့သည် နည်း ကြလိမ့်မည်။ ငါ့ စကားတည်မည်၊ သူ တို့စကားတည် မည်ကို၊ အဲဂုတ္တု ပြည် ၌ တည်းခို ခြင်းငှါ သွား သော ယုဒ လူအကျန်အကြွင်း တို့သည် သိ ကြလိမ့်မည်။
28ופליטי חרב ישבון מן ארץ מצרים ארץ יהודה מתי מספר וידעו כל שארית יהודה הבאים לארץ מצרים לגור שם דבר מי יקום ממני ומהם׃
29ဤ အရပ် ၌ သင် တို့ကိုငါ ဆုံးမ ၍၊ သင်တို့၌ အပြစ် ရောက်စေခြင်းငှါငါ့ စကား သည် ဆက်ဆက်တည် လိမ့်မည်ဟု သင်တို့သိ မည်အကြောင်း၊ ငါပေးသော နိမိတ် လက္ခဏာဟူမူကား ၊
29וזאת לכם האות נאם יהוה כי פקד אני עליכם במקום הזה למען תדעו כי קום יקומו דברי עליכם לרעה׃
30ယုဒ ရှင်ဘုရင်ဇေဒကိ မင်းအသက် ၏ ရန်သူ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်း၏လက် သို့ ဇေဒကိ မင်း ကိုငါအပ် သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော ဟောဖရာ အသက်ကို ရှာ သောရန်သူ လက် သို့ ထိုမင်းကိုငါအပ် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
30כה אמר יהוה הנני נתן את פרעה חפרע מלך מצרים ביד איביו וביד מבקשי נפשו כאשר נתתי את צדקיהו מלך יהודה ביד נבוכדראצר מלך בבל איבו ומבקש נפשו׃
Tip: use the ← and → keys to turn chapters.