ယေရမိ 50
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
1הדבר אשר דבר יהוה אל בבל אל ארץ כשדים ביד ירמיהו הנביא׃
2လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။
2הגידו בגוים והשמיעו ושאו נס השמיעו אל תכחדו אמרו נלכדה בבל הביש בל חת מרדך הבישו עצביה חתו גלוליה׃
3လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။
3כי עלה עליה גוי מצפון הוא ישית את ארצה לשמה ולא יהיה יושב בה מאדם ועד בהמה נדו הלכו׃
4ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
4בימים ההמה ובעת ההיא נאם יהוה יבאו בני ישראל המה ובני יהודה יחדו הלוך ובכו ילכו ואת יהוה אלהיהם יבקשו׃
5ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မ မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
5ציון ישאלו דרך הנה פניהם באו ונלוו אל יהוה ברית עולם לא תשכח׃
6ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။
6צאן אבדות היה עמי רעיהם התעום הרים שובבים מהר אל גבעה הלכו שכחו רבצם׃
7သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။
7כל מוצאיהם אכלום וצריהם אמרו לא נאשם תחת אשר חטאו ליהוה נוה צדק ומקוה אבותיהם יהוה׃
8ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။
8נדו מתוך בבל ומארץ כשדים יצאו והיו כעתודים לפני צאן׃
9အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
9כי הנה אנכי מעיר ומעלה על בבל קהל גוים גדלים מארץ צפון וערכו לה משם תלכד חציו כגבור משכיל לא ישוב ריקם׃
10ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10והיתה כשדים לשלל כל שלליה ישבעו נאם יהוה׃
11ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။
11כי תשמחי כי תעלזי שסי נחלתי כי תפושי כעגלה דשה ותצהלי כאברים׃
12ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။
12בושה אמכם מאד חפרה יולדתכם הנה אחרית גוים מדבר ציה וערבה׃
13ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၍ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
13מקצף יהוה לא תשב והיתה שממה כלה כל עבר על בבל ישם וישרק על כל מכותיה׃
14ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။
14ערכו על בבל סביב כל דרכי קשת ידו אליה אל תחמלו אל חץ כי ליהוה חטאה׃
15မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
15הריעו עליה סביב נתנה ידה נפלו אשויתיה נהרסו חומותיה כי נקמת יהוה היא הנקמו בה כאשר עשתה עשו לה׃
16ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၍ ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။
16כרתו זורע מבבל ותפש מגל בעת קציר מפני חרב היונה איש אל עמו יפנו ואיש לארצו ינסו׃
17ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
17שה פזורה ישראל אריות הדיחו הראשון אכלו מלך אשור וזה האחרון עצמו נבוכדראצר מלך בבל׃
18ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။
18לכן כה אמר יהוה צבאות אלהי ישראל הנני פקד אל מלך בבל ואל ארצו כאשר פקדתי אל מלך אשור׃
19ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။
19ושבבתי את ישראל אל נוהו ורעה הכרמל והבשן ובהר אפרים והגלעד תשבע נפשו׃
20ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
20בימים ההם ובעת ההיא נאם יהוה יבקש את עון ישראל ואיננו ואת חטאת יהודה ולא תמצאינה כי אסלח לאשר אשאיר׃
21ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
21על הארץ מרתים עלה עליה ואל יושבי פקוד חרב והחרם אחריהם נאם יהוה ועשה ככל אשר צויתיך׃
22ထိုပြည် ၌ စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။
22קול מלחמה בארץ ושבר גדול׃
23မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
23איך נגדע וישבר פטיש כל הארץ איך היתה לשמה בבל בגוים׃
24အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။
24יקשתי לך וגם נלכדת בבל ואת לא ידעת נמצאת וגם נתפשת כי ביהוה התגרית׃
25ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၍ ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ၌ ပြုတော်မူသောအမှု ပေတည်း။
25פתח יהוה את אוצרו ויוצא את כלי זעמו כי מלאכה היא לאדני יהוה צבאות בארץ כשדים׃
26မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။
26באו לה מקץ פתחו מאבסיה סלוה כמו ערמים והחרימוה אל תהי לה שארית׃
27သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။
27חרבו כל פריה ירדו לטבח הוי עליהם כי בא יומם עת פקדתם׃
28ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
28קול נסים ופלטים מארץ בבל להגיד בציון את נקמת יהוה אלהינו נקמת היכלו׃
29လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။
29השמיעו אל בבל רבים כל דרכי קשת חנו עליה סביב אל יהי פליטה שלמו לה כפעלה ככל אשר עשתה עשו לה כי אל יהוה זדה אל קדוש ישראל׃
30ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
30לכן יפלו בחוריה ברחבתיה וכל אנשי מלחמתה ידמו ביום ההוא נאם יהוה׃
31ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
31הנני אליך זדון נאם אדני יהוה צבאות כי בא יומך עת פקדתיך׃
32မာန ကြီးသောသူသည် ထိမိ ၍ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
32וכשל זדון ונפל ואין לו מקים והצתי אש בעריו ואכלה כל סביבתיו׃
33ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။
33כה אמר יהוה צבאות עשוקים בני ישראל ובני יהודה יחדו וכל שביהם החזיקו בם מאנו שלחם׃
34သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
34גאלם חזק יהוה צבאות שמו ריב יריב את ריבם למען הרגיע את הארץ והרגיז לישבי בבל׃
35ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။
35חרב על כשדים נאם יהוה ואל ישבי בבל ואל שריה ואל חכמיה׃
36ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
36חרב אל הבדים ונאלו חרב אל גבוריה וחתו׃
37ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
37חרב אל סוסיו ואל רכבו ואל כל הערב אשר בתוכה והיו לנשים חרב אל אוצרתיה ובזזו׃
38ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။
38חרב אל מימיה ויבשו כי ארץ פסלים היא ובאימים יתהללו׃
39ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ မ ဖြစ်ရ။
39לכן ישבו ציים את איים וישבו בה בנות יענה ולא תשב עוד לנצח ולא תשכון עד דור ודור׃
40သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
40כמהפכת אלהים את סדם ואת עמרה ואת שכניה נאם יהוה לא ישב שם איש ולא יגור בה בן אדם׃
41ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။
41הנה עם בא מצפון וגוי גדול ומלכים רבים יערו מירכתי ארץ׃
42လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။
42קשת וכידן יחזיקו אכזרי המה ולא ירחמו קולם כים יהמה ועל סוסים ירכבו ערוך כאיש למלחמה עליך בת בבל׃
43သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
43שמע מלך בבל את שמעם ורפו ידיו צרה החזיקתהו חיל כיולדה׃
44ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
44הנה כאריה יעלה מגאון הירדן אל נוה איתן כי ארגעה ארוצם מעליה ומי בחור אליה אפקד כי מי כמוני ומי יועדני ומי זה רעה אשר יעמד לפני׃
45သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။
45לכן שמעו עצת יהוה אשר יעץ אל בבל ומחשבותיו אשר חשב אל ארץ כשדים אם לא יסחבום צעירי הצאן אם לא ישים עליהם נוה׃
46ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။
46מקול נתפשה בבל נרעשה הארץ וזעקה בגוים נשמע׃
Tip: use the ← and → keys to turn chapters.