ယေရမိ 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ မ ရွှေ့ ရ။
1אם תשוב ישראל נאם יהוה אלי תשוב ואם תסיר שקוציך מפני ולא תנוד׃
2သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
2ונשבעת חי יהוה באמת במשפט ובצדקה והתברכו בו גוים ובו יתהללו׃
3ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။
3כי כה אמר יהוה לאיש יהודה ולירושלם נירו לכם ניר ואל תזרעו אל קוצים׃
4အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၍ ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။
4המלו ליהוה והסרו ערלות לבבכם איש יהודה וישבי ירושלם פן תצא כאש חמתי ובערה ואין מכבה מפני רע מעלליכם׃
5ယုဒ ပြည်၌ တံပိုး မှုတ် ကြလော့ဟု၊ ယေရုရှလင် မြို့ မှစ၍တပြည် လုံး ကြွေးကြော် ၍ သိတင်းကြား ကြလော့။ စည်းဝေး ၍ ခိုင်ခံ့ သောမြို့ များ အတွင်း သို့ ဝင် ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြားကြွေးကြော် ကြလော့။
5הגידו ביהודה ובירושלם השמיעו ואמרו ותקעו שופר בארץ קראו מלאו ואמרו האספו ונבואה אל ערי המבצר׃
6ဇိအုန် တောင်ပေါ်မှာ အလံ ကို ထူ ကြလော့။ လွတ်အောင် ပြေး ကြလော့။ ရပ် ၍ မ နေကြနှင့်။ အကြောင်း မူကား၊ ကြီးစွာ သော ပျက်စီး ခြင်း ဘေးဥပဒ် ကို မြောက် မျက်နှာမှ ငါ သည် ဆောင် ခဲ့မည်။
6שאו נס ציונה העיזו אל תעמדו כי רעה אנכי מביא מצפון ושבר גדול׃
7ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။
7עלה אריה מסבכו ומשחית גוים נסע יצא ממקמו לשום ארצך לשמה עריך תצינה מאין יושב׃
8ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။
8על זאת חגרו שקים ספדו והילילו כי לא שב חרון אף יהוה ממנו׃
9ထိုအခါ ရှင်ဘုရင် နှင့် မှူးမတ် တို့သည် စိတ် ပျက် ကြလိမ့်မည်။ ယဇ် ပုရောဟိတ်တို့သည် မိန်းမော တွေဝေလျက် ၊ ပရောဖက် တို့သည် ထိတ်လန့် လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
9והיה ביום ההוא נאם יהוה יאבד לב המלך ולב השרים ונשמו הכהנים והנביאים יתמהו׃
10ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိ သည်တိုင်အောင် ခွင်းသော်လည်း၊ သင် တို့သည် ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤ လူ များနှင့်တကွ ယေရုရှလင် မြို့သားတို့ကို အလွန်လှည့်စား တော်မူပြီတကားဟု လျှောက်ဆို ၏။
10ואמר אהה אדני יהוה אכן השא השאת לעם הזה ולירושלם לאמר שלום יהיה לכם ונגעה חרב עד הנפש׃
11ထို ကာလ ၌ ဤ လူ များနှင့် ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ ဆို ရမည်ကား၊ ပူ သောလေ သည် တော ၌ မြင့် သောအရပ်က ငါ ၏လူမျိုး သတို့သမီး ထံသို့လာလိမ့်မည်။ အမှော်လွင့် စေခြင်း၊ သန့်ရှင်း စေခြင်းငှါ လာ သောလေမဟုတ်။
11בעת ההיא יאמר לעם הזה ולירושלם רוח צח שפיים במדבר דרך בת עמי לוא לזרות ולוא להבר׃
12ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။
12רוח מלא מאלה יבוא לי עתה גם אני אדבר משפטים אותם׃
13လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
13הנה כעננים יעלה וכסופה מרכבותיו קלו מנשרים סוסיו אוי לנו כי שדדנו׃
14အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
14כבסי מרעה לבך ירושלם למען תושעי עד מתי תלין בקרבך מחשבות אונך׃
15ဒန် ပြည်၌ အသံ ကို ကြား ရ၏။ ဧဖရိမ် တောင် ပေါ် မှာ ဒုက္ခ သိတင်းကို ဟစ်ကြော် ကြ၏။
15כי קול מגיד מדן ומשמיע און מהר אפרים׃
16အပြည် ပြည်တို့၌ သိတင်းကြား ကြလော့။ ယေရုရှလင် မြို့ကို ရည်မှတ်၍ ကြွေးကြော် ကြလော့။ ကင်းစောင့် တို့သည် ဝေး သောပြည် က လာ ၍ ၊ ယုဒ မြို့ များ တစ်ဘက် ၌ ထူး ကြလိမ့်မည်။
16הזכירו לגוים הנה השמיעו על ירושלם נצרים באים מארץ המרחק ויתנו על ערי יהודה קולם׃
17လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။
17כשמרי שדי היו עליה מסביב כי אתי מרתה נאם יהוה׃
18သင် လိုက်သောထုံးစံ နှင့် သင် ကျင့်သောအကျင့် တို့သည် သင့် အပေါ် မှာ ဤ အမှုကို သက်ရောက် စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါး စပ်သောစိတ်၊ နာကြည်း သောစိတ် ရှိရာ၏ဟု ထာဝရဘုရား မိန့် တော်မူ ၏။
18דרכך ומעלליך עשו אלה לך זאת רעתך כי מר כי נגע עד לבך׃
19ငါ့ အသည်း သည်နာ၏။ ငါ့ အသည်း သည်နာ၏။ ငါ့ နှလုံး အရေဖျား လည်းနာ ၏။ ငါ့ အထဲ ၌ ငါ့ နှလုံး ပူဆွေး ၏။ ငါသည် တိတ်ဆိတ် စွာ မနေနိုင်။ အကြောင်း မူကား၊ အိုငါ့ ဝိညာဉ် ၊ သင်သည် တံပိုး မှုတ်သံ နှင့် စစ်တိုက် သံ ကို ကြား ရ၏။
19מעי מעי אחולה קירות לבי המה לי לבי לא אחריש כי קול שופר שמעתי נפשי תרועת מלחמה׃
20ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။
20שבר על שבר נקרא כי שדדה כל הארץ פתאם שדדו אהלי רגע יריעתי׃
21ငါသည် အဘယ် မျှကာလပတ်လုံး အလံ ကို မြင် ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုး သံ ကို ကြား ရအံ့နည်း။
21עד מתי אראה נס אשמעה קול שופר׃
22အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။
22כי אויל עמי אותי לא ידעו בנים סכלים המה ולא נבונים המה חכמים המה להרע ולהיטיב לא ידעו׃
23ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
23ראיתי את הארץ והנה תהו ובהו ואל השמים ואין אורם׃
24တောင် တို့ကိုလည်း ငါကြည့် ရှု၍ ၊ သူတို့နှင့်တကွကုန်း ရှိသမျှ တို့သည် တုန်လှုပ် လျက်နေကြ၏။
24ראיתי ההרים והנה רעשים וכל הגבעות התקלקלו׃
25ငါကြည့် ရှု၍ လူ မ ရှိ။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် ပြေး ကြပြီ။
25ראיתי והנה אין האדם וכל עוף השמים נדדו׃
26ငါ ကြည့်ရှု ၍ ဝပြော သော ပြည်သည် တော ဖြစ် လေပြီ။ မြို့ များတို့သည် ပြိုပျက် လျက်ရှိကြ၏။ ထာဝရဘုရား ရှေ့ ၊ ပြင်းစွာသော အမျက် တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
26ראיתי והנה הכרמל המדבר וכל עריו נתצו מפני יהוה מפני חרון אפו׃
27ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တပြည် လုံး ပျက်စီး ရာ ဖြစ် လိမ့်မည်။ ပျက်စီး ခြင်းကို ငါမ ဆီးတား ။
27כי כה אמר יהוה שממה תהיה כל הארץ וכלה לא אעשה׃
28ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ မ ရှိ။ ကြံ ပြီးမှ အကြံ မ ပျက်ရ။
28על זאת תאבל הארץ וקדרו השמים ממעל על כי דברתי זמתי ולא נחמתי ולא אשוב ממנה׃
29မြင်းစီး သူရဲနှင့် လေး ကိုင်သူရဲတို့ ဟစ် သော အသံ ကြောင့် ၊ မြို့ သား အပေါင်း တို့သည် တောအုပ် သို့ ပြေး သွားကြ၏။ ကျောက် ပေါ် သို့ တက် ကြ၏။ မြို့ ရှိသမျှ တို့ ကို စွန့်ပစ် ၍ နေ သောသူတ ယောက်မျှ မ ရှိရ။
29מקול פרש ורמה קשת ברחת כל העיר באו בעבים ובכפים עלו כל העיר עזובה ואין יושב בהן איש׃
30သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။
30ואתי שדוד מה תעשי כי תלבשי שני כי תעדי עדי זהב כי תקרעי בפוך עיניך לשוא תתיפי מאסו בך עגבים נפשך יבקשו׃
31အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။
31כי קול כחולה שמעתי צרה כמבכירה קול בת ציון תתיפח תפרש כפיה אוי נא לי כי עיפה נפשי להרגים׃
Tip: use the ← and → keys to turn chapters.