ယေရမိ

Old Testament

Chapter 5
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယေရမိ 5

Judson Burmese Bible (1840)
Modern Hebrew Bible
1ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။
1שוטטו בחוצות ירושלם וראו נא ודעו ובקשו ברחובותיה אם תמצאו איש אם יש עשה משפט מבקש אמונה ואסלח לה׃
2သူတို့က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟုဆို သော်လည်း ၊ အကယ်စင်စစ်မဟုတ် မမှန်ကျိန်ဆို တတ်ကြ၏။
2ואם חי יהוה יאמרו לכן לשקר ישבעו׃
3အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။
3יהוה עיניך הלוא לאמונה הכיתה אתם ולא חלו כליתם מאנו קחת מוסר חזקו פניהם מסלע מאנו לשוב׃
4ငါ ကလည်း ၊ အကယ်စင်စစ်ဤသူ တို့သည် ဆင်းရဲ သားဖြစ်ကြ၏။ ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ ဘုရား သခင်စီရင် တော်မူရာကို၎င်း မ သိ သောကြောင့် မိုက် ကြ၏။
4ואני אמרתי אך דלים הם נואלו כי לא ידעו דרך יהוה משפט אלהיהם׃
5လူကြီး များထံသို့ ငါသွား ၍ ပြော မည်။ သူ တို့သည် ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ဘုရား သခင်စီရင် တော်မူရာကို၎င်း သိ ကြ၏ဟုဆိုသော်လည်း ၊ သူ တို့ သည် ထမ်းဘိုး တော်ကိုချိုး ၍၊ အနှောင် အဖွဲ့တော်တို့ကို ဖြတ် ကြပြီ။
5אלכה לי אל הגדלים ואדברה אותם כי המה ידעו דרך יהוה משפט אלהיהם אך המה יחדו שברו על נתקו מוסרות׃
6ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။
6על כן הכם אריה מיער זאב ערבות ישדדם נמר שקד על עריהם כל היוצא מהנה יטרף כי רבו פשעיהם עצמו משבותיהם׃
7ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၍ ၊ ဘုရား မ ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။
7אי לזאת אסלוח לך בניך עזבוני וישבעו בלא אלהים ואשבע אותם וינאפו ובית זונה יתגדדו׃
8ဝစွာစား ရသောမြင်း ကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယား တို့ကို တပ် သောစိတ်နှင့် ဟီ ကြပြီ။
8סוסים מיזנים משכים היו איש אל אשת רעהו יצהלו׃
9ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
9העל אלה לוא אפקד נאם יהוה ואם בגוי אשר כזה לא תתנקם נפשי׃
10မြို့ရိုး ပေါ် သို့တက် ၍ ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။
10עלו בשרותיה ושחתו וכלה אל תעשו הסירו נטישותיה כי לוא ליהוה המה׃
11ဣသရေလ အမျိုး နှင့် ယုဒ အမျိုး တို့သည် ငါ့ ထံ ၌ ခံဘူးသော သစ္စာ ကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ ၏။
11כי בגוד בגדו בי בית ישראל ובית יהודה נאם יהוה׃
12သူတို့က၊ ထာဝရဘုရား မ ရှိ။ ငါ တို့အပေါ် ၌ ဘေးဥပဒ် မ ရောက် ရ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးကို ငါတို့သည် မ တွေ့ ရကြ။
12כחשו ביהוה ויאמרו לא הוא ולא תבוא עלינו רעה וחרב ורעב לוא נראה׃
13ပရောဖက် တို့သည် လေ သက်သက် ဖြစ် ကြ၏။ သူ တို့၌ နှုတ်ကပတ် တော်မ ရှိ။ သူတို့ဟောပြောသည် အတိုင်း သူ တို့ခံရ လိမ့်မည်ဟု ထာဝရဘုရား ကို ငြင်းပယ် လျက် ဆို တတ်ကြ၏။
13והנביאים יהיו לרוח והדבר אין בהם כה יעשה להם׃
14သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆို သောကြောင့် ၊ ငါ့ စကား ကို သင် ၏နှုတ် ၌ မီး ကဲ့သို့ ၎င်း ၊ ဤ လူမျိုး ကိုထင်း ကဲ့သို့၎င်း ငါ ဖြစ် စေ၍ သူ တို့ကို မီးလောင် ရလိမ့်မည်။
14לכן כה אמר יהוה אלהי צבאות יען דברכם את הדבר הזה הנני נתן דברי בפיך לאש והעם הזה עצים ואכלתם׃
15ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား မ လည်သော အမျိုး ဖြစ်လိမ့်မည်။
15הנני מביא עליכם גוי ממרחק בית ישראל נאם יהוה גוי איתן הוא גוי מעולם הוא גוי לא תדע לשנו ולא תשמע מה ידבר׃
16သူ တို့ မြှားတောင့် သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသောသူဖြစ် ကြ၏။
16אשפתו כקבר פתוח כלם גבורים׃
17ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။
17ואכל קצירך ולחמך יאכלו בניך ובנותיך יאכל צאנך ובקרך יאכל גפנך ותאנתך ירשש ערי מבצריך אשר אתה בוטח בהנה בחרב׃
18သို့ရာတွင် ၊ ထို ကာလ ၌ ငါသည် သင် ၏အမှုကို မ ဆုံးဖြတ် သေးဟု ထာဝရဘုရား မိန့် တော်မူ၏။
18וגם בימים ההמה נאם יהוה לא אעשה אתכם כלה׃
19သူတို့ကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ငါ တို့၌ ဤ အမှုအလုံးစုံ တို့ကို အဘယ်ကြောင့် စီရင် တော်မူသနည်းဟုမေး ကြသောအခါ ၊ သင်တို့သည် ငါ့ ကိုစွန့်ပစ် ၍ ၊ ကိုယ် ပိုင်သော ပြည် ၌ တကျွန်း တနိုင်ငံဘုရား တို့၏ အမှုကိုဆောင်ရွက် သကဲ့သို့ ၊ ကိုယ် မ ပိုင် သော ပြည် ၌ တကျွန်း တနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူ တို့အား ဆင့်ဆို ရမည်။
19והיה כי תאמרו תחת מה עשה יהוה אלהינו לנו את כל אלה ואמרת אליהם כאשר עזבתם אותי ותעבדו אלהי נכר בארצכם כן תעבדו זרים בארץ לא לכם׃
20ယာကုပ် အမျိုးနေရာ ယုဒ ပြည်၌ ဟော ပြောကြွေးကြော် ရမည်မှာ၊
20הגידו זאת בבית יעקב והשמיעוה ביהודה לאמר׃
21အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။
21שמעו נא זאת עם סכל ואין לב עינים להם ולא יראו אזנים להם ולא ישמעו׃
22ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
22האותי לא תיראו נאם יהוה אם מפני לא תחילו אשר שמתי חול גבול לים חק עולם ולא יעברנהו ויתגעשו ולא יוכלו והמו גליו ולא יעברנהו׃
23ဤ လူ မျိုးသည် ပြစ်မှားပုန်ကန် သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန် တတ်ကြ၏။
23ולעם הזה היה לב סורר ומורה סרו וילכו׃
24အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။
24ולא אמרו בלבבם נירא נא את יהוה אלהינו הנתן גשם וירה ומלקוש בעתו שבעות חקות קציר ישמר לנו׃
25သင် တို့ဒုစရိုက် သည် ထို သို့သော အရာတို့ကို လွှဲ ၍၊ သင် တို့အပြစ် သည် သင် တို့၏ မင်္ဂလာ ကို ဆီးတား လေပြီ။
25עונותיכם הטו אלה וחטאותיכם מנעו הטוב מכם׃
26ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။
26כי נמצאו בעמי רשעים ישור כשך יקושים הציבו משחית אנשים ילכדו׃
27ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ် ခြင်းသို့ ရောက် ကြ၏။
27ככלוב מלא עוף כן בתיהם מלאים מרמה על כן גדלו ויעשירו׃
28ဝ လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် မ ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။
28שמנו עשתו גם עברו דברי רע דין לא דנו דין יתום ויצליחו ומשפט אביונים לא שפטו׃
29ထို သို့သော အပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
29העל אלה לא אפקד נאם יהוה אם בגוי אשר כזה לא תתנקם נפשי׃
30အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။
30שמה ושערורה נהיתה בארץ׃
31ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
31הנביאים נבאו בשקר והכהנים ירדו על ידיהם ועמי אהבו כן ומה תעשו לאחריתה׃

Tip: use the ← and → keys to turn chapters.