ဟေဗြဲ 12
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါ တို့ကို ဝိုင်းရံ လျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်း သော ဝန် တို့ကို၎င်း ၊ နှောင့်ရှက် တတ်သောဒုစရိုက် ကို၎င်း ပယ်ရှား ၍၊ ငါ တို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင် သို့ရောက်ခြင်းငှာ၊ အားမလျော့ ဘဲ ပြေး ကြကုန်အံ့
1Τοιγαροῦν καὶ ἡμεῖς, τοσοῦτον ἔχοντες περικείμενον ἡμῖν νέφος μαρτύρων, ὄγκον ἀποθέμενοι πάντα καὶ τὴν εὐπερίστατον ἁμαρτίαν, δι᾿ ὑπομονῆς τρέχωμεν τὸν προκείμενον ἡμῖν ἀγῶνα,
2ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏
2ἀφορῶντες εἰς τὸν τῆς πίστεως ἀρχηγὸν καὶ τελειωτὴν Ἰησοῦν, ὅς, ἀντὶ τῆς προκειμένης αὐτῷ χαρᾶς, ὑπέμεινε σταυρόν, αἰσχύνης καταφρονήσας, ἐν δεξιᾷ τε τοῦ θρόνου τοῦ Θεοῦ ἐκάθισεν.
3အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့
3Ἀναλογίσασθε γὰρ τὸν τοιαύτην ὑπομεμενηκότα ὑπὸ τῶν ἁμαρτωλῶν εἰς αὐτὸν ἀντιλογίαν, ἵνα μὴ κάμητε ταῖς ψυχαῖς ὑμῶν ἐκλυόμενοι.
4သင်တို့သည် ဒုစရိုက် အပြစ်ကို ဆိုင်ပြိုင် တိုက်လှန် ၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မ ခံရကြ သေး
4Οὔπω μέχρις αἵματος ἀντικατέστητε πρὸς τὴν ἁμαρτίαν ἀνταγωνιζόμενοι·
5ထိုမှတစ်ပါး ၊ ငါ့ သား ၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါစိတ် မ ပျက်နှင့်
5καὶ ἐκλέλησθε τῆς παρακλήσεως, ἥτις ὑμῖν ὡς υἱοῖς διαλέγεται, Υἱέ μου, μὴ ὀλιγώρει παιδείας Κυρίου, μηδὲ ἐκλύου ὑπ᾿ αὐτοῦ ἐλεγχόμενος·
6ထာဝရ ဘုရားသည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ လက်ခံ တော်မူသမျှ သော သား တို့ ကို ဒဏ်ခတ် တော်မူတတ်၏ဟု သူငယ် တို့ကို ဆို သကဲ့သို့ ၊ သင် တို့ကို ပြောဆိုသောဩဝါဒစကား ကို မေ့လျော့ ကြ သလော
6ὃν γὰρ ἀγαπᾷ Κύριος παιδεύει· μαστιγοῖ δὲ πάντα υἱὸν ὃν παραδέχεται.
7သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံ လျှင် ၊ သား တို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင် သည်သင် တို့ကို ပြု တော်မူ၏။ အကြောင်းမူကား ၊ အဘ မ ဆုံးမ သောသား တစ်စုံတစ်ယောက်ရှိသလော
7Εἰ παιδείαν ὑπομένετε, ὡς υἱοῖς ὑμῖν προσφέρεται ὁ Θεός· τίς γάρ ἐστιν υἱὸς ὃν οὐ παιδεύει πατήρ;
8သားအပေါင်း တို့သည် ခံ တတ်သောဆုံးမ ခြင်းကို သင် တို့သည် မ ခံဘဲနေလျှင် ၊ သား ရင်းမ ဟုတ်၊ မင်းဦးမင်းလွင်ရသော သား ဖြစ် ကြ၏
8Εἰ δὲ χωρίς ἐστε παιδείας, ἧς μέτοχοι γεγόνασι πάντες, ἄρα νόθοι ἐστὲ καὶ οὐχ υἱοί.
9တနည်း ကား၊ ကိုယ် ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမ ခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေ ကြ၏။ ထိုမျှမက ၊ စိတ် ဝိညာဉ်တို့၏ အဘ အလိုသို့လိုက် ၍၊ အသက် ချမ်းသာရကြမည် မဟုတ်လော
9Εἶτα τοὺς μὲν τῆς σαρκὸς ἡμῶν πατέρας εἴχομεν παιδευτάς, καὶ ἐνετρεπόμεθα· οὐ πολλῷ μᾶλλον ὑποταγησόμεθα τῷ πατρὶ τῶν πνευμάτων, καὶ ζήσομεν;
10အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိ အလို သို့လိုက် ၍ တခဏ သာဆုံးမ ပေးကြ၏။ ကိုယ်တော် မူကား ၊ မိမိ သန့်ရှင်း ခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှာ ၊ ငါတို့အကျိုး ကိုထောက် ၍သာ ဆုံးမပေးတော်မူ၏
10Οἱ μὲν γὰρ πρὸς ὀλίγας ἡμέρας κατὰ τὸ δοκοῦν αὐτοῖς ἐπαίδευον· ὁ δὲ ἐπὶ τὸ συμφέρον, εἰς τὸ μεταλαβεῖν τῆς ἁγιότητος αὐτοῦ.
11ဆုံးမ ခြင်းမည်သည်ကား၊ ခံရ စဉ်အခါဝမ်းမြောက် စရာမ ထင် ၊ ဝမ်းနည်း စရာထင် တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းအကျိုး ကို ခံရ ကြ၏
11Πᾶσα δὲ παιδεία πρὸς μὲν τὸ παρὸν οὐ δοκεῖ χαρᾶς εἶναι, ἀλλὰ λύπης· ὕστερον δὲ καρπὸν εἰρηνικὸν τοῖς δι᾿ αὐτῆς γεγυμνασμένοις ἀποδίδωσι δικαιοσύνης.
12ထိုကြောင့် ၊ တွဲလွဲ နေသောလက် တို့နှင့် အား မရှိသောဒူး တို့ကို ခိုင်ခံ့ စေကြလော့
12Διὸ τὰς παρειμένας χεῖρας καὶ τὰ παραλελυμένα γόνατα ἀνορθώσατε·
13ခြေမစွမ်း သောသူ တို့သည် အဆစ်မ ပြုတ် သည် သာမက ၊ ချမ်းသာ ရစေခြင်းငှာ ၊ သင် တို့သွားဘို့ရာဖြောင့် သောလမ်း တို့ကို ပြင်ဆင် ကြလော့
13καὶ τροχιὰς ὀρθὰς ποιήσατε τοῖς ποσὶν ὑμῶν, ἵνα μὴ τὸ χωλὸν ἐκτραπῇ, ἰαθῇ δὲ μᾶλλον.
14လူအပေါင်း တို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက် ခြင်းကို၎င်း၊ သန့်ရှင်း ခြင်းပါရမီကို၎င်း၊ မှီအောင် လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမ ရှိလျှင်၊ အဘယ်သူ မျှ ထာဝရ ဘုရားကို မဖူး မမြင်ရ
14Εἰρήνην διώκετε μετὰ πάντων, καὶ τὸν ἁγιασμόν, οὗ χωρὶς οὐδεὶς ὄψεται τὸν Κύριον·
15သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင် ၏ ကျေးဇူး တော်ကို မ ရဘဲမနေစေခြင်းငှာ၎င်း ၊ ခါး စွာသော ပင် မြစ်ပေါက် ၍ သင်တို့နှောင့်ရှက် သဖြင့်၊ လူအများ တို့သည် အပြစ်နှင့်မညစ်ညူး စေခြင်းငှာ၎င်း
15ἐπισκοποῦντες μή τις ὑστερῶν ἀπὸ τῆς χάριτος τοῦ Θεοῦ· μή τις ῥίζα πικρίας ἄνω φύουσα ἐνοχλῇ, καὶ διὰ ταύτης μιανθῶσι πολλοί·
16မတရား သော မေထုန်မှီဝဲသောသူမ ရှိစေခြင်းငှာ၎င်း ၊ တနပ်စာ အဘိုးနှင့်သားဦး အရာကို ရောင်း သော ဧသော ကဲ့သို့ ဘုရားတရားကို မရိုမသေ ပြုသောသူ မ ရှိစေခြင်းငှာ၎င်း၊ သတိနှင့်ကြည့်ရှု ကြလော့
16μή τις πόρνος, ἢ βέβηλος, ὡς Ἠσαῦ, ὃς ἀντὶ βρώσεως μιᾶς ἀπέδοτο τὰ πρωτοτόκια αὐτοῦ.
17သင်တို့သိ သည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီး မင်္ဂလာကိုအမွေခံ ခြင်းငှာအလိုရှိ သောအခါ ၊ ငြင်းပယ် ခြင်းကိုခံရ၏။ မျက်ရည် ကျ၍ ကောင်းကြီး မင်္ဂလာကိုအလွန်ရှာ သော်လည်း ၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်းအခွင့် ကို မ တွေ့ မရ
17Ἴστε γὰρ ὅτι καὶ μετέπειτα, θέλων κληρονομῆσαι τὴν εὐλογίαν, ἀπεδοκιμάσθη· μετανοίας γὰρ τόπον οὐχ εὗρε, καίπερ μετὰ δακρύων ἐκζητήσας αὐτήν.
18ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့ နိုင်သော တောင်သို့၎င်း၊ လောင် သောမီး သို့၎င်း၊ မည်း သော တိမ်တိုက်၊ မှောင်မိုက် ၊ မိုဃ်းသက်မုန်တိုင်း သို့၎င်း
18Οὐ γὰρ προσεληλύθατε ψηλαφωμένῳ ὄρει, καὶ κεκαυμένῳ πυρί, καὶ γνόφῳ, καὶ σκότῳ, καὶ θυέλλῃ,
19တံပိုး မှုတ်ခြင်းအသံ သို့၎င်း ၊ နှုတ်ကပတ် တော် အသံ သို့၎င်း၊ ရောက် ကြသည်မ ဟုတ်။ ထိုအသံ တော်ကို ကြား သောသူတို့သည်၊ ထပ် ၍ မိန့် တော်မ မူမည်အကြောင်းတောင်းပန် ကြ၏
19καὶ σάλπιγγος ἤχῳ, καὶ φωνῇ ῥημάτων, ἧς οἱ ἀκούσαντες παρῃτήσαντο μὴ προστεθῆναι αὐτοῖς λόγον·
20အဘယ်ကြောင့် နည်းဟူမူကား၊ တိရစ္ဆာန် သော်လည်း ထိုတောင် ကို ထိမိ လျှင်၊ ကျောက်ခဲ နှင့်ပစ်၍ သေစေဟုပညတ် တော်မူသံကို လူတို့သည်နား မ ခံနိုင်ကြ
20οὐκ ἔφερον γὰρ τὸ διαστελλόμενον, Κἂν θηρίον θίγῃ τοῦ ὄρους, λιθοβοληθήσεται ἢ βολίδι κατατοξευθήσεται·
21ထိုသို့ ထင်ရှား ကြသောအရာသည် အလွန်ကြောက်မက် ဘွယ်ဖြစ် ၍၊ မောရှေ က၊ ငါ သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းရှိသည်ဟုဆို ၏
21καί, οὕτω φοβερὸν ἦν τὸ φανταζόμενον, Μωσῆς εἶπεν, Ἔκφοβός εἰμι καὶ ἔντρομος.
22သင်တို့သည် ဇိအုန် တောင် သို့၎င်း ၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏ မြို့ တော်တည်းဟူသောကောင်းကင် ယေရုရှလင် မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင် တမန်တို့၏ စည်းဝေး ခြင်းသို့၎င်း၊
22Ἀλλὰ προσεληλύθατε Σιὼν ὄρει, καὶ πόλει Θεοῦ ζῶντος, Ἱερουσαλὴμ ἐπουρανίῳ, καὶ μυριάσιν ἀγγέλων,
23ကောင်းကင် စာရင်း ၌ ဝင်သော သားဦး တို့၏ အသင်းတော် သို့၎င်း ၊ ခပ်သိမ်း သောသူတို့ကို တရား စီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း ၊ စုံလင် ခြင်းသို့ရောက်သောသူတော်ကောင်း တို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း ၊
23πανηγύρει καὶ ἐκκλησίᾳ πρωτοτόκων ἐν οὐρανοῖς ἀπογεγραμμένων, καὶ κριτῇ Θεῷ πάντων, καὶ πνεύμασι δικαίων τετελειωμένων,
24ပဋိညာဉ် တရားသစ် ၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း ၊ အာဗေလ ၏ အသွေး ပြောဆို သောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ် ခြင်း၏ အသွေးထံသို့၎င်း ရောက် ကြ၏
24καὶ διαθήκης νέας μεσίτῃ Ἰησοῦ, καὶ αἵματι ῥαντισμοῦ κρείττονα λαλοῦντι παρὰ τὸν Ἄβελ.
25သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း
25Βλέπετε μὴ παραιτήσησθε τὸν λαλοῦντα. Εἰ γὰρ ἐκεῖνοι οὐκ ἔφυγον, τὸν ἐπὶ τῆς γῆς παραιτησάμενοι χρηματίζοντα, πολλῷ μᾶλλον ἡμεῖς οἱ τὸν ἀπ᾿ οὐρανῶν ἀποστρεφόμενοι·
26အထက် ကဗျာဒိတ်တော်အသံ သည် မြေကြီး ကိုလှုပ် သည် ဖြစ်၍၊ ယခု တဖန် ငါ သည် မြေကြီး နှင့် ကောင်းကင် ကိုလှုပ် ဦးမည်ဟု ဂတိ တော်ရှိ ၏
26οὗ ἡ φωνὴ τὴν γῆν ἐσάλευσε τότε, νῦν δὲ ἐπήγγελται, λέγων, Ἔτι ἅπαξ ἐγὼ σείω οὐ μόνον τὴν γῆν, ἀλλὰ καὶ τὸν οὐρανόν.
27တဖန် ဟူသောစကား၏အဓိပ္ပါယ်ကား၊ မ လှုပ် သောအရာ တို့ကို တည် စေခြင်းငှာ ၊ လှုပ် သောအရာ တို့ကို လောကီအရာကဲ့သို့ ပယ်ဖျက် လိမ့်မည်ဟု ဆိုလို သတည်း
27Τὸ δέ, Ἔτι ἅπαξ, δηλοῖ τῶν σαλευομένων τὴν μετάθεσιν, ὡς πεποιημένων, ἵνα μείνῃ τὰ μὴ σαλευόμενα.
28ထိုကြောင့် ၊ ငါတို့သည်မ လှုပ်နိုင်သောနိုင်ငံ ကိုရ သည်ဖြစ်၍၊ ခန့်ညား ကြောက်ရွံ့ သောသဘောနှင့် ဘုရားသခင် ကို လျောက်ပတ် စွာ ဝတ်ပြု နိုင်မည်အကြောင်း ၊ ကျေးဇူး တော်ကို စွဲလမ်း ကြကုန်အံ့
28Διὸ βασιλείαν ἀσάλευτον παραλαμβάνοντες, ἔχωμεν χάριν, δι᾿ ἧς λατρεύωμεν εὐαρέστως τῷ Θεῷ μετὰ αἰδοῦς καὶ εὐλαβείας·
29ငါ တို့ဘုရားသခင် သည် လောင် သောမီး ဖြစ် တော်မူ၏။
29καὶ γὰρ ὁ Θεὸς ἡμῶν πῦρ καταναλίσκον.
Tip: use the ← and → keys to turn chapters.