ယေဇကျေလ

Old Testament

Chapter 35
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေဇကျေလ 35

1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊

2အချင်းလူသား ၊ သင်သည် စိရ တောင် တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊

3အိုစိရ တောင် ၊ သင့် တဘက် ၌ငါ နေ၏။ သင့် ကို ငါတိုက် ၍ သုတ်သင် ပယ်ရှင်းမည်။

4သင် ၏မြို့ တို့ကို ငါဖျက်ဆီး သဖြင့် သင် သည် လူဆိတ်ညံ လျက်ရှိ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။

5သင် သည် အစဉ် ရန်ငြိုး ဖွဲ့၍ ဣသရေလ အမျိုးသား တို့၌ အမှု ရောက်သောကာလ ၊ အပြစ် ကြောင့် ခံရသောကာလ အဆုံး ၌ ၊ သူတို့အသက်ကို ထား နှင့် သတ် သောကြောင့် ၊

6အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အသက် သတ်ခြင်းအမှုကို သင် ၌ငါပြု ၍ ၊ ထိုအမှု သည်သင့် ကို လိုက် မည်။ အသက် သတ်ခြင်းအမှုကို သင်မ မုန်း သောကြောင့် ၊ ထိုအမှု သည် သင့် ကိုလိုက် ရလိမ့်မည်။

7ထိုသို့ စိရ တောင် ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ထွက်သွား သောသူ၊ ပြန်လာ သောသူတို့ကို ပယ်ဖြတ် မည်။

8သင်၏တောင် တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့် စေမည်။ သင့် နေရာကုန်း ၊ ချိုင့် ၊ မြစ် နား၌ထား ဖြင့် အသေ ခံရသောသူတို့ သည် ရှိ ကြ လိမ့်မည်။

9သင့် ကိုအစဉ်မပြတ် သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် ၏မြို့ တို့၌ အဘယ်သူမျှမ နေ ရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။

10သင် က၊ ဤတိုင်း ပြည် နှစ် ပြည်ကိုငါတို့သည် သိမ်း၍ပိုင် မည်ဟု ထို ပြည်၌ ထာဝရဘုရား ရှိ လျက်နှင့် ဆို မိသောကြောင့် ၊

11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သင်သည်သူ တို့ကို ရန်ငြိုး ဖွဲ့၍ ဒေါသ စိတ်၊ ငြူစူ သောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြု မည်။ သင့် ကို စီရင် သောအခါ သူ တို့တွင် ငါထင်ရှား လိမ့်မည်။

12သင်က၊ ဣသရေလ တောင် တို့သည် ပျက်စီး ၍ ငါ တို့စားစရာ ဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့ ၍ပြောဆို သော စကားအလုံးစုံ တို့ကို ငါ ထာဝရဘုရား ကြား ကြောင်း ကို သင်သိ ရလိမ့်မည်။

13ထိုသို့ သင်သည် ငါ့ တဘက် ၌ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါ ကြား ပြီဟု မိန့်တော်မူ၏။

14အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး ရွှင်လန်း သောအခါ သင့် ကိုငါဖျက်ဆီး မည်။

15ဣသရေလ အမျိုးသား တို့ အမွေ မြေ ပျက်စီး သည်ကို သင် သည် ဝမ်းမြောက် သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြု မည်။ အိုစိရ တောင် ၊ သင်နှင့်တကွ ဧဒုံ ပြည် သည် အကုန်အစင် ပျက်စီး ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

Tip: use the ← and → keys to turn chapters.