ယေဇကျေလ

Old Testament

Chapter 48
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေဇကျေလ 48

1ဣသရေလအမျိုးခရိုင်စု အမည် ကား၊ မြောက် ဘက်၌ ဟေသလုန် လမ်း နှင့် ဟာမတ် လမ်းနား ၊ ဟာဇရေနန် မြို့ပါလျက် ဒမာသက် မြို့နယ် မြောက် ၊ ဟာမတ် မြို့နယ်တိုင်အောင် ၎င်း ၊ အရှေ့ ဘက် မှသည် ပင်လယ် တိုင်အောင်၎င်း ဒန် ခရိုင်ရှိ ရမည်။

2ဒန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် အာရှာ ခရိုင်ရှိရမည်။

3အာရှာ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် နဿလိ ခရိုင်ရှိရမည်။

4နဿလိ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် မနာရှေ ခရိုင်ရှိရမည်။

5မနာရှေ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဧဖရိမ် ခရိုင်ရှိရမည်။

6ဧဖရိမ် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရုဗင် ခရိုင်ရှိရမည်။

7ရုဗင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ယုဒ ခရိုင်ရှိရမည်။

8ယုဒ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် သင်တို့ပူဇော် ရသော မြေကွက် ရှိ ရမည်။ ထိုမြေအနံ ကား၊ ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အလျား ကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေ အတွင်း ၌ သန့်ရှင်း ရာဌာန ရှိ ရမည်။

9ထာဝရဘုရား အား ပူဇော် ရသော မြေကွက် မူကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။

10ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။

11ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။

12လေဝိ လူနေရာ မြေ အနား မှာ ထိုသို့ပူဇော် သော မြေ သည် ယဇ်ပုရောဟိတ် တို့အဘို့ အလွန် သန့်ရှင်းသော မြေဖြစ် ရမည်။

13ယဇ်ပုရောဟိတ် မြေ အနား မှာ လေဝိ လူနေရာ မြေကွက်သည် အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။

14ထိုမြေ သည် ထာဝရဘုရား အဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မ ရောင်း ရ။ အဦး သီးသော အသီးကို အခြားသော ဥစ္စာနှင့်မ ဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။

15နှစ်သောင်း ငါးထောင်အနား မှာ ကြွင်း သေး သော မြေငါး ထောင် သည် လူနေရာ မြို့ နှင့် မြို့နယ် တည် စရာဘို့ဖြစ်၍၊ ထိုမြေ အလယ် ၌ မြို့ တည် ရမည်။

16မြို့ အတိုင်း အရှည်ကား၊ မြောက် ဘက် ၌ လေး ထောင် ငါး ရာ ၊ တောင် ဘက် ၌လေး ထောင် ငါး ရာ ၊ အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ၊ အနောက် ဘက် ၌ လေး ထောင် ငါး ရာ ရှိရမည်။

17မြို့နယ် ကား၊ မြောက် ဘက်၌ နှစ်ရာ ငါးဆယ် ၊ တောင် ဘက်၌ နှစ်ရာ ငါးဆယ် ၊ အရှေ့ ဘက်၌ နှစ်ရာ ငါးဆယ် ၊ အနောက် ဘက်၌ နှစ်ရာ ငါးဆယ် ရှိ ရမည်။

18သန့်ရှင်း သော မြေ အနား မှာ အလျား ၌ ကြွင်း သေးသော အရှေ့ ဘက်၌ တသောင်း ၊ အနောက် ဘက်၌ တသောင်း ကျယ်သော မြေ၌ဖြစ်သော အသီးအနှံ သည်၊ မြို့ အမှု ကို စောင့်သောသူတို့ စားစရာ ဘို့ ဖြစ် ရမည်။

19မြို့ အမှု စောင့်တို့ကို ဣသရေလ အမျိုး အပေါင်း ထဲက ရွေးကောက် ရမည်။

20ပူဇော်သော မြေကွက် ပေါင်း ကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံနှစ်သောင်း ငါးထောင်ကျယ်၍၊ မြို့နယ် ပါလျက် သန့်ရှင်း သော ထိုစတုရန်း မြေ ကို ပူဇော် ရမည်။

21ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။

22ထိုသို့စပ်ကြားမှာကျသော လေဝိ လူနေရာ အပိုင်းအခြား၊ မြို့နယ် အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက်၊ ယုဒ ခရိုင် ၊ ဗင်္ယာမိန် ခရိုင် စပ်ကြား မှာ ကျသောမြေရှိသမျှ သည် မင်းသား အဘို့ ဖြစ် ရမည်။

23ကြွင်း သော ဣသရေလခရိုင် ဟူမူကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဗင်္ယာမိန် ခရိုင် ရှိရမည်။

24ဗင်္ယာမိန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရှိမောင် ခရိုင်ရှိရမည်။

25ရှိမောင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဣသခါ ခရိုင်ရှိရမည်။

26ဣသခါ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဇာဗုလုန် ခရိုင်ရှိရမည်။

27ဇာဗုလုန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဂဒ် ခရိုင်ရှိရမည်။

28ဂဒ် ခရိုင် တောင် ဘက် အပိုင်းအခြား သည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင်၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သော မြစ် တိုင်အောင်၎င်း ရှောက်သွား ရမည်။

29ဤရွေ့ကား ၊ ဣသရေလ အမျိုးအနွယ် တို့ အမွေခံ စရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူ တို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

30မြို့ မှထွက် ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊

31မြို့ တံခါး တို့သည် ဣသရေလ အမျိုးအနွယ် တို့ အမည် ကို ဆောင်လျက်၊ မြောက် ဘက်၌ ရုဗင် တံခါး ၊ ယုဒ တံခါး ၊ လေဝိ တံခါး တည်းဟူသောတံခါး သုံး ပေါက် ရှိရမည်။

32မြို့အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ယောသပ် တံခါး ၊ ဗင်္ယာမိန် တံခါး ၊ ဒန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။

33မြို့တောင် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ရှိမောင် တံခါး ၊ ဣသခါ တံခါး ၊ ဇာဗုလုန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။

34မြို့အနောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ဂဒ် တံခါး ၊ အာရှာ တံခါး ၊ နဿလိ တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။

35ထိုသို့ မြို့ပတ်လည် အတိုင်းအရှည်ကား၊ တသောင်း ရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့ မှစ၍ ထိုမြို့ ကို ယေဟောဝါရှမ္မအမည် ဖြင့် ခေါ်တွင်ရလိမ့် သတည်း။

Tip: use the ← and → keys to turn chapters.